မြန်မာ–ယူဂိုဆလားဗီးယား ဆက်ဆံရေး

ဝီကီပီးဒီးယား မှ
မြန်မာ–ယူဂိုဆလားဗီးယား ဆက်ဆံရေး
Burma နှင့် Yugoslavia တို့၏ တည်နေရာများပြ မြေပုံ

မြန်မာ

ယူဂိုဆလားဗီးယား
သံတမန် မစ်ရှင်
ရန်ကုန်ဘဲလ်ဂရိတ်

၂၀ ရာစုအတွင်း၌ မြန်မာနိုင်ငံနှင့် ယခုပြိုကွဲပြီးဖြစ်သော ယူဂိုဆလားဗီးယားနိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေးရှိခဲ့သည်။ ၁၉၅၀ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး ၁၉၅၂ တွင် သံအမတ်များ စတင်ခန့်အပ်ခဲ့သည်။[၁] နှစ်နိုင်လုံးသည် စစ်အေးကာလတွင် ရင်းနှီးစွာဆက်ဆံခဲ့သည်သာမက ယူဂိုဆလားဗီးယားနိုင်ငံသည် မြန်မာနိုင်ငံကို အဓိကလက်နက်ထောက်ပံ့သည့် နိုင်ငံလည်းဖြစ်ခဲ့သည်။[၂] ထို့အပြင် နှစ်နိုင်ငံလုံးတွင် အောက်ပါဆင်တူသည့် အချက်များလည်းရှိကြသည်။

  • နှစ်နိုင်ငံလုံးသည် တိုင်းရင်းသားပြည်ထောင်များဖြင့် ဖွဲ့စည်းထားသောနိုင်ငံများဖြစ်ကြသည်။
  • နှစ်နိုင်ငံလုံးတွင် ဆင်တူသည့် နိုင်ငံရေးယုံကြည်ချက်များရှိသည်။
  • နှစ်နိုင်လုံးသည် စစ်အေးကာလ၌ ဘက်မလိုက်လိုသဖြင့် ဘက်မလိုက်လှုပ်ရှားမှုကို တည်ထောင်ခဲ့သော အဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကြသည်။

ထိုသို့သောဆင်တူမှုများကြောင့် ဦးကျော်ငြိမ်းအပါအဝင် မြန်မာ့နိုင်ငံရေးသမားများသည် ပြည်ထောင်စုမြန်မာနိုင်ငံကို "အာရှ၏ယူဂိုဆလားဗီးယား" အဖြစ် တည်ဆောက်လိုခဲ့ကြသည်။[၃] မြန်မာနိုင်ငံ၏ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၄၆ ယူဂိုဆလပ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားသည်။[၄]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၄၇ ဇူလိုင်လတွင် မြန်မာ့နိုင်ငံရေးသမားအချို့သည် ယူဂိုဆလားဗီးယားနိုင်ငံသို့ အလည်ရောက်ရှိလာခဲ့ကြသည်။ ယူဂိုဆလားဗီးယား၏ ၁၉၄၆ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်မည့်မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အတွက် စံပြသဖွယ်ဖြစ်ခဲ့သည်။[၅][၆] ၁၉၅၀ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို စတင်ခဲ့သည်။ ၁၉၅၂ ခုနှစ် သံအမတ်များ မခန့်အပ်မီတွင် မြန်မာအစိုးရသည် ပါကစ္စတန်ရှိ ယူဂိုဆလပ်သံရုံးသို့ ပြည်တွင်းဆူပူမှုများကိုနှိမ်နှင်းရေးအတွက် လက်နက်တောင်းရန် ဆက်သွယ်ခဲ့ပြီး နောက်ပိုင်းတွင် ဘဲလ်ဂရိတ်မြို့သို့ ခရီးစဉ်အတွင်း သဘောတူညီမှုရရှိခဲ့သည်။[၇] ထိုသို့လက်နက်များ အလျင်အမြန်ရရှိမှုကြောင့် အမေရိကန်နိုင်ငံမှ လက်နက်တောင်းယူခဲ့သော မြန်မာ့တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်နေဝင်းသည်လည်း ယူဂိုဆလားဗီးယားနိုင်ငံကို အထင်ကြီးသွားခဲ့သည်။

၁၉၅၃ တွင် မြန်မာနိုင်ငံဦးစီး၍ ရန်ကုန်မြို့အာရှဆိုရှယ်လစ်ကွန်ဖရင့်ကိုကျင်းပခဲ့ရာ ယူဂိုဆလားဗီးယားမှ ယူဂိုဆလားဗီးယား ကွန်မြူနစ်များအဖွဲ့ချုပ်က တက်ရောက်ခဲ့သည်။ ထိုကွန်ဖရင့်၌နှစ်နိုင်ငံလုံး၏ နိုင်ငံရေးအမြင်ဆင်တူမှုကြောင့် ဆက်ဆံရေးမှာလည်း ကောင်းမွန်လာခဲ့သည်။[၃] မြန်မာနိုင်ငံသည် ကုလသမဂ္ဂကိုမင်တန်ကျူးကျော်မှုကိုတိုင်ကြားခဲ့ရာ၌လည်း ယူဂိုဆလားဗီးယားသည် မြန်မာဘက်ကထောက်ခံခဲ့သည်။[၈] ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ ၁၉၅၈ ခုနှစ် လျှို့ဝှက်မှတ်တမ်းတွင် "မြန်မာနိုင်ငံနှင့် ယူဂိုဆလားဗီးယားနိုင်ငံတို့၏ ဆက်ဆံရေးသည် သီးခြားကဏ္ဍတစ်ခုပင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို လစ်လျူရှု၍မရနိုင်ကြောင်း" ဟူ၍ဆိုသည်။[၉]

၁၉၉၁ တွင် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲသွားပြီးနောက် နိုင်ငံ၏အရိုက်အရာကို ဆားဘီးယားနိုင်ငံကဆက်ခံခဲ့ရသည်။ ထို့ကြောင် ဆားဘီးယားနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။

ဆက်စပ်ကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar Embassy in Belgrade။ 16 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Vojni leksikon [Military Lexicon] (Beograd: Vojnoizdavacki zavod, 1981), p. 71.
  3. ၃.၀ ၃.၁ Jovan Čavoški (April 2010)။ Arming Nonalignment: Yugoslavia's Relations with Burma and the Cold war in Asia (1950-1955) (PDF)။ Woodrow Wilson International Center for Scholars။
  4. "The Burma constitution" (1948). Australian Outlook 2 (2): 98–101. Australian Institute of International Affairs. doi:10.1080/10357714808443688. 
  5. DASMIP, PA, 1947, f-124, 425154, Zabeleska o razgovoru druga Price sa predstavnikom burmanske vlade Maung Ohn, dana 5 decembra 1947 godine [Minutes of conversation between comrade Prica and the representative of the Burmese Government Maung Ohn, December 5th 1947]. F. S. V. Donnison, Burma (London: Ernest Benn Limited, 1970), p. 141.
  6. Myanmar: another turn of the screw။ European Network on Statelessness (23 April 2020)။
  7. Bertil Lintner, Burma in Revolt: Opium and Insurgency since 1948, p. 154.
  8. Burma Formally Asks U. N. to Act Against 'Aggression' by Formosa; India, Yugoslavia and the Soviet Bloc Join in Plea -- Tsiang Denies Charge -- New U. S. Gun Reported in Guerrillas' HandsThe New York Times (18 April 1953)။ 5 December 2020 တွင် ပြန်စစ်ပြီး။
  9. Chinese Foreign Ministry Archives (hereafter CFMA), 105-00846-02(1), Miandian yu Nansilafu de guanxi (Zhongguo zhu Miandian shiguan bianxie ziliao) [Burma-Yugoslavia relations (materials collected by the Chinese Embassy in Burma)], December 18th 1958, p. 8.