ဝက်အူချောင်း

ဝီကီပီးဒီးယား မှ
ဝက်အူချောင်းများ

ဝက်အူချောင်းသည် ဝက်သား အဆီနှင့်အသားကို နုတ်နုတ်စင်း၍ ယမ်းစိမ်းထည့်ကာ ဆိတ်အူအရေပါးထဲသို့ ကတော့နှင့် သွတ်သွင်းပြီး လိုသလို ချည်နှောင်ထားသော အသားချောင်းကို ခေါ်သည်။ ယမ်းစိမ်း ထည့်ရခြင်းမှာ ဝက်သား ပိုမိုအထားခံရန် ဖြစ်သည်။ လုပ်ပြီးသား ဝက်အူချောင်းကို ကြိုးတန်းပေါ်တင်၍ နေလှန်းရသည်။ သို့မှသာ ဝက်သားမှ ပါသောအဆီများ ထွက်လာပေမည်။ ဝက်သားတင်သာမက ကြက်သားကို ပြုလုပ်လျှင်လည်း ကြက်အူချောင်းရသည်။