ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ
နာယကသူရဦးရွှေမန်း
တည်ထောင်ခြင်း၂၅ ဧပြီ ၂၀၁၉ (၂၀၁၉-၀၄-၂၅)
ဖျက်သိမ်းခြင်း၂၇အောက်တိုဘာ၂၀၂၂
ဌာနချုပ်ရာဇသင်္ဂဟလမ်း ပုဗ္ဗသီရိမြို့နယ်နေပြည်တော်
အဖွဲ့ဝင်၅၀၀၀၀၀ +[၁]
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ဝက်ဘ်ဆိုဒ်
ubp.org.mm
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (အင်္ဂလိပ်: Union Betterment Party) UBP သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ သူရဦးရွှေမန်း ဦးဆောင်တည်ထောင်သည့် ပါတီဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပါတီကို ၂၀၁၉ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် စတင် တည်ထောင်ခွင့် ‌ လျှောက်ထားခဲ့ရာ[၂] ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင်တွင် တရားဝင် ဖွဲ့စည်းတည်ထောင်ခွင့်ရသည်။

အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် မြို့နယ်ပေါင်း (၂၆၁) မြို့နယ်မှနေ၍ ကိုယ်စားလှယ်ပေါင်း (၉၂၇)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၃] ထိုရွေးကောက်ပွဲသို့ ပါတီဥက္ကဋ္ဌ ဖြစ်သူ သူရဦး ရွှေမန်း ဝင်ပြိုင်ခြင်းမပြုခဲ့ဘဲ[၄]၊ဝင်ရောက်ယှဉ်ပြိုင်သူ အကုန်လုံးမှာလည်း ရွေးကောက်ပွဲတွင် နေရာတစ်နေရာမှ ရွေးကောက်တင်မြှောက်မှုကို မခံရပေ။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် စစ်ကောင်စီလက်ထက်ပြန်လည် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်၏ စစ်ဆေးမှုကို ခံယူခဲ့သေးသည်။

ပါတီဖျက်သိမ်းခြင်း[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင်  ပါတီအား ဗဟိုအလုပ်မှုဆောင်များ၏ ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခဲ့သည်။[၅]  အတည်ပြုပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ လည်း တင်ပြကြသည်။

ပါတီဦးဆောင် လူကြီးများ၏ အသက်အရွယ်၊လှုပ်ရှားသွားလာနိုင်မှု၊ဆက်လုပ်လုပ်ကိုင်လိုခြင်းမရှိတော့သည့် အခြေအနေ ကြောင့် ပါတီဖျက်သိမ်းလိုက်ရသည်ဟု အကြောင်းပြချက်ပေးကြသည်။[၆]

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား ၂၀၂၂ခုနှစ် အောက်တိုဘာ ၂၇ရက်ကစပြီး နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းသည်။ [၇] [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. Nant Khaing (၄ ဇန်နဝါရီ ၂၀၂၀)။ UBP party claims they will win 50% of all constituencies in 2020 elections။ Mizzima။ 8 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၈ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  2. ထူးသန့် (၈ ဧပြီ ၂၀၁၉)။ တိုင်းဒေသကြီးများတွင် အဓိကယှဉ်ပြိုင်သွားမည်ဟု သူရဦးရွှေမန်းဆိုမြန်မာတိုင်း(မ်)။ 3 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃ မတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. သူရဦးရွှေမန်းပါတီ ရွေးကောက်ပွဲအတွက် ကျပ်သန်းထောင်ချီသုံးစွဲမည်
  4. သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်မပြိုင်တော့
  5. သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်း
  6. UBP ပါတီကို ဖျက်သိမ်းရန် တင်ပြထားကြောင်း သူရဦးရွှေမန်း ပြော
  7. ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းခွင့်ပြုပြီဟု ကော်မရှင်ထုတ်ပြန်
  8. သူရဦးရွှေမန်းဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပါတီဖျက်သိမ်းရန်တင်ပြမှုအပေါ် အတည်ပြု၍ ပါတီမှတ်ပုံတင်ခွင့်ပြုထားခြင်းကို ဖျက်သိမ်းကြောင်း UEC ကြေညာ

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]