မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
ပုံပန်းသွင်ပြင်
မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်များရှိ ၃၇၉.၅၉ စတုရန်းမိုင် (၉၈၃.၁ စတုရန်း ကီလိုမီတာ) အကျယ်အဝန်းရှိသော ဘေးမဲ့တော တစ်ခု ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၄၂/၂၀၁၄ ဖြင့် စတင်တည်ထောင်ခဲ့သည်။ မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ဂေဟစနစ်မှာ အထက်ရွက်ပြတ်ရောနှော တော၊ တောခြောက်အမျိုးအစား ဖြစ်သည်။ ဘေးမဲ့တောအတွင်း အဓိကကာကွယ်ထားသောတိရစ္ဆာန်များမှာ ဆင်၊ ကျားသစ်၊ အင်းကျား၊ ပြောင်၊ စိုင်၊ ဝက်ဝံ၊ တောဆိတ်တို့ ဖြစ်သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 18 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 March 2021 တွင် ပြန်စစ်ပြီး။