မှော်ယောကြီးဆင်စခန်း

ဝီကီပီးဒီးယား မှ

မှော်ယောကြီးဆင်စခန်းအား ပဲခူး(မြောက်)သစ်ထုတ်ရေး ဒေသမှ တာဝန်ယူ ဆောင်ရွက်ရှိပြီး ၁၉၉၇-၉၈ ခုနှစ်များကပင် ဆင်စခန်းအား စတင်ထားရှိသည်။ မှော်ယောကြီးဆင်စခန်းသည် ကျောက်တံခါးမြို့နယ် အိုင်ဒုံကြိုးဝိုင်း အကွက် အမှတ်(၁၃)၊ မှော်ယောကြီးချောင်းနှင့် မှော်ယောလေးချောင်းကြားတွင် တည်ရှိသည်။ ရန်ကုန် မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၀၅)မိုင် (၄)ဖာလုံမှ ဝင်ရောက်ရမည်ဖြစ်ပြီး ပဲခူးရိုးမမှ တောင်ခြေသို့(၁)မိုင်ခန့် ကွာဝေးပါသည်။ အမြန်လမ်း(၁၁၅)မိုင်နားနေစခန်းမှ (၁၀)မိုင်ခန့်ကွာဝေးပြီး အချိန်(၁၅)မိနစ်ခန့် သွားရသည်။ ရန်ကုန်/မန္တလေးလမ်းဟောင်းမှလာမည်ဆိုပါက ညောင်ပင် သာမြို့မှ အမြန်လမ်း(၁၀၇)မိုင် (under pass) အတိုင်းလာရပါမည်။ မိုးတွင်းကာလတွင် (၁၅)မိနစ်ခန့်လမ်းလျှောက်ရမည်ဖြစ်ပြီး ပွင့်လင်းရာသီတွင်ဆင်စခန်း အရောက် ကားဖြင့်သွားရောက်နိုင်သည်။ ဆင်စခန်း ဧရိယာမှာ(၂.၃၈)ဧက ကျယ်ဝန်းပြီး ဆင်ကောင်ရေ(၁၆)ကောင်ရှိသည်။ ခရီးသွား ဧည့်သည်များအား ဆင်များ၏ သဘာဝ ဓလေ့စရိုက်များအား လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 14 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 June 2021 တွင် ပြန်စစ်ပြီး။