မြီးရှည်
မြီးရှေ | |
အဓိကသုံးဆောင်မှု | နံနက်စာ၊ နေ့လယ်စာ |
---|---|
မူရင်းနိုင်ငံ | မြန်မာနိုင်ငံ |
ဒေသ | ရှမ်းပြည်နယ် |
အဓိက ပါဝင်ပစ္စည်း | ဆန်ခေါက်ဆွဲအလတ်လုံးရှည်၊ အသား (ကြက်၊ ဝက်)၊ ပဲပင်ပေါက်၊ ဆန်ကော်ရည်၊ ဆီချက်အနီ ကြက်သွန်ဖြူထောင်း၊ ပဲငပိ၊ ဂျုံစအုကြော်၊ ငရုတ်သီးမှုန့်။ |
![]() ![]() |
မြီးရှေ(Mixian)သည် ဆန်ခေါက်ဆွဲနှင့် အသားတို့ဖြင့် ပြုလုပ်သော မြန်မာအစားအသောက်တစ်မျိုး ဖြစ်သည်။ မြီးရှေအမည်သည် တရုတ်စကားလုံး 米線Mixian မီရှန့် (rice string) မှဆင်းသက်လာသည်ဟု ဆိုကြသည်။
မန္တလေးမြီးရှေ[ပြင်ဆင်ရန်]
မြန်မာနိုင်ငံတွင် နေရာဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးဖြင့် မြီးရှေအရသာအမျိုးမျိုးရှိသလို မန္တလေးမြီးရှေသည်လည်း ထူးခြားသော အရသာရှိသည်။ မုန့်ဖတ်၊ ကော်ရည်၊ ငရုတ်ဆီ၊ ပဲငံပြာရည်၊ ဆီချက်၊ ငရုတ်သီးမုန့်၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူထောင်း၊ ဂျုံစအုကြော်၊ ပဲငပိ မုန်ညင်းချဉ်တို့မှာ မန္တလေးမြီးရှေတွင် ပင်တိုင်ဖြစ်သည်။
ကိုးကား[ပြင်ဆင်ရန်]
ဤ မြန်မာ့ အစားအစာအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |