ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)

ဝီကီပီးဒီးယား မှ

ကျောက်မျက်ရတနာပြတိုက်သည် ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ ထွက်ရှိသော တန်ဖိုးကြီး ကျောက်မျက်ရတနာများကို ခင်းကျင်းပြသရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပြတိုက်သည် လေးထပ်ရှိသော အဆောက်အဦ၏ တတိယမြောက်အထပ်တွင် တည်ရှိပြီး ကမ္ဘာအေးဘုရားအနီးတွင် တည်ရှိသည်။[၁]


ကျောက်မျက်ရတနာပြတိုက်တွင် ကျောက်မျက်ရတနာရောင်းချပွဲများအတွင် တတိယထပ်တွင် အခန်း ၈၂ ခန်းပါရှိပြီး အရည်အသွေးမြင့် ကျောက်ရိုင်းတုံးများနှင့် ကျောက်ချောထည်များဖြစ်သည့် ပတ္တမြား၊ နီလာ၊ ပုလဲ၊ ကျောက်စိမ်းနှင့် အခြားသော ကျောက်မျက်ရတနာများကို ခင်းကျင်းပြသထားသည်။[၂] ကျောက်မျက်ရတနာဈေးကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ အင်္ဂါနေ့မှ တနင်္ဂနွေနေ့ထိ ဖွင့်လှစ်ထားသည်။ ကျောက်မျက်ရတနာပြတိုက်တွင် ၆ လတစ်ကြိမ် ကျောက်မျက်ရတနာပြပွဲများ ကျင်းပလေ့ရှိပြီး ကမ္ဘာအရပ်ရပ်မှ ကျောက်မျက်ရတနာကုန်သည်များ လာရောက်လေ့ရှိသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Gems Museum။ 21 February 2013 တွင် Gems Museum မူရင်းအား မော်ကွန်းတင်ပြီး။ 2008-10-25 တွင် ပြန်စစ်ပြီး။
  2. Where to Find the Perfect Gem။ 18 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-10-25 တွင် ပြန်စစ်ပြီး။