ဖက်ထုပ်

ဝီကီပီးဒီးယား မှ
ပန်းဂေါ်ဖီ၊ ဝက်သားတို့နှင့် လိပ်ထားသော ဖက်ထုပ်

ဖက်ထုပ် (တရုတ်: 餃子) သည် တရုတ်ပေါက်စီ တမျိုးဖြစ်ပြီး တရုတ်နှင့် အရှေ့အာရှနိုင်ငံများတွင် စားလေ့ရှိသည်။ တရုတ် နှစ်သစ်ကူးပွဲတွင် အဓိကစားစရာများအနက် တခုဖြစ်ပြီး မြောက်ပိုင်းပြည်နယ်များတွင်မူ နေ့စဉ်စားနေသော အစားအစာ ဖြစ်သည်။ အခြား တရုတ်ဟင်းလျာများထက် အနောက်တိုင်းသို့ ထိုးဖောက်နိုင်သည့် တရုတ်စားစရာလည်း ဖြစ်၏။

အသားလွှာတို့ကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက် နှောသော အသားမျှင်တို့ကိုလည်းကောင်း ဂျုံလုံးနှင့် ခပ်ပြားပြားပိတ်ကာ ပေါင်း၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စီမံကာ ပဲဆီ၊ နှမ်းဆီတို့တွင် နှစ်၍ တည်လေ့ရှိသည်။ အသားပြုတ်ရည်တွင်လည်း ထည့်စားတတ်သည်။