မာတိကာသို့ ခုန်သွားရန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အင်္ဂလိပ် အမည်Union Solidarity and Development Party
ဥက္ကဋ္ဌဦးခင်ရီ[][]
အထွေထွေ အတွင်းရေးမှူးဦးသောင်းအေး
ပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦး
တည်ထောင်ခြင်း ဇွန် ၂၀၁၀; ၁၅ နှစ် အကြာက (၂၀၁၀-၀၆-02)
ဌာနချုပ်ဒက္ခိဏသီရိမြို့နယ်နေပြည်တော်
နိုင်ငံရေး သဘောတရားကွန်ဆာဗေးတစ် ဝါဒ
ဗမာလူမျိုး အမျိုးသားရေးဝါဒ
ရပ်တည်ချက်အလယ်-လက်ယာ
အရောင်အစိမ်း
မှတ်ပုံတင်အမှတ်
အမျိုးသားလွှတ်တော် အမတ်နေရာ
၁၀၈ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၂၃၁ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၃၇၉ / ၈၅၀
တိုင်းရင်းသားရေးရာဝန်ကြီးများ
၂၁ / ၂၉
ဝက်ဘ်ဆိုဒ်
usdp.org.mm
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (အင်္ဂလိပ်: Union Solidarity and Development Party, အတိုကောက် - USDP, ပြည်ခိုင်ဖြိုးပါတီ) သည် ၂၀၁၀ ခုနှစ်က စတင်ပေါ်ပေါက်လာသည့် ပြည်ထောင်စုအဆင့် ဝင်ပြိုင်သော နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား အမည်နာမ ပြောင်းလဲဖွဲ့စည်းထားသော ပါတီဖြစ်သည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လက်ရှိအတိုက်အခံ ပါတီ ဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology) မှာ ကွန်ဆာဗေးတစ် ဝါဒနှင့် အမျိုးသား​ရေးဝါဒ ဖြစ်သည်။[][] နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ယာ ဖြစ်သည်။ လက်ရှိတွင် ရဲချုပ်ဟောင်း ဦးခင်ရီက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။

တပ်မတော်အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ဖွဲ့စည်းထားခဲ့သော လူမှုရေးအသင်းကြီး ဖြစ်ခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် ၂၀၁၀ ခုနှစ် ဇွန် ၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် ပါတီမှတ်ပုံတင်ကာ သီးခြားရပ်တည်နေသော အဖွဲ့အစည်းဖြစ်သည်။

ပါတီမှတ်ပုံတင်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁) ဖြင့် ခွင့်ပြုခဲ့သည်။

ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုများ

၂၀၁၀ ရွေးကောက်ပွဲမှာ မြန်မာပြည်တဝှမ်း ၈၈၂ နေရာ အနိုင်ရခဲ့သည်။ USDP ပါတီမှ ဦးသိန်းစိန်ကို လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက် ၂၀၁၁ ကတည်းက ၎င်းတို့ အစိုးရသည် ပြုပြင်ပြောင်းလဲရေးများကို ကျယ်ပြန့်စွာ ပြုလုပ်ခဲ့ပြီး ပြည်တွင်းရော ပြည်ပပါ ထိုလုပ်ဆောင်ချက်များကို လိုလားခဲ့ကြသည်။ သို့သော် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ၌ NLD နှင့် ရင်ဆိုင်ရသည့်အခါများတွင် ရှုံးနိမ့်ခဲ့ရသည်။[][]

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က USDP ကို အနိုင်ရပြီး အာဏာရလာသည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် သုံးနေရာ၌ အနိုင်ရရှိခဲ့သည်။[]

၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆၈၇ နယ်၌ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁,၀၁၇ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၇၃၉ ဦး အနိုင်ရရှိခဲ့ပါသည်။ ပါတီအနေဖြင့် စုစုပေါင်းခိုင်လုံမဲ ၅,၈၀၄,၀၂၅ မဲ ရရှိခဲ့ပြီး ယင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခိုင်လုံမဲစုစုပေါင်း၏ ၄၄.၁၉ ရာခိုင်နှုန်း ဖြစ်ပါသည်။[]

ရွေးကောက်ပွဲရလဒ်များ

အမျိုးသားလွှတ်တော်

ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် မှတ်ချက် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၁၀
၁၂၉ / ၂၂၄
Increase ၁၂၉ အစိုးရဖွဲ့စည်းနိုင် ဦးသိန်းစိန်
၂၀၁၂
၁၂၄ / ၂၂၄
Decrease အစိုးရဖွဲ့စည်းနိုင် ဦးသိန်းစိန်
၂၀၁၅
၁၂ / ၂၂၄
Decrease ၁၁၂ အတိုက်အခံပါတီ ဦးသိန်းစိန်
၂၀၂၀
၇ / ၂၂၄
Decrease ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခဲ့သည်. ဦးသန်းဌေး
၂၀၂၅
၁၀၈ / ၂၂၄
Increase ၁၀၁ အစိုးရဖွဲ့စည်းနိုင် ဦးခင်ရီ

ပြည်သူ့လွှတ်တော်

ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် မှတ်ချက် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၁၀
၂၅၉ / ၄၄၀
၁၁,၈၅၈,၁၂၅ ၅၆.၇၆% Increase ၂၅၉ အစိုးရဖွဲ့စည်းနိုင် ဦးသိန်းစိန်
၂၀၁၂
၂၂၂ / ၄၄၀
Decrease ၃၇ အစိုးရဖွဲ့စည်းနိုင် ဦးသိန်းစိန်
၂၀၁၅
၃၀ / ၄၄၀
၆,၃၄၁,၉၂၀ ၂၈.၃% Decrease ၁၈၃ အတိုက်အခံပါတီ ဦးသိန်းစိန်
၂၀၂၀
၂၆ / ၄၄၀
Decrease ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခဲ့သည်. ဦးသန်းဌေး
၂၀၂၅
၂၃၁ / ၄၄၀
Increase ၂၀၅ အစိုးရဖွဲ့စည်းနိုင် ဦးခင်ရီ

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ

ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် မှတ်ချက် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၃၇၉ / ၆၃၀
Increase အစိုးရဖွဲ့စည်းနိုင် ဦးခင်ရီ

တိုင်းရင်းသားလူမျိုးဝန်ကြီးများ

ရွေးကောက်ပွဲ စုစုပေါင်း အနိုင်ရနေရာ မဲစုစုပေါင်း မဲရာခိုင်နှုန်း ရွေးကောက်ပွဲရလဒ် မှတ်ချက် ရွေးကောက်ပွဲ ဦးဆောင်သူ
၂၀၂၅
၂၁ / ၂၉
72.41% Increase ဦးခင်ရီ

သမိုင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီလာလျှောက်စဉ်က ပါတီခေါင်းဆောင်မှာ ဦးသိန်းစိန်ဟု ဖော်ပြထားပြီး ဒုတိယ ခေါင်းဆောင်မှာ ဦးဋ္ဌေးဦးဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

၂၀၁၅ ဩဂုတ်လ ၁၂ ရက်ညတွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်ခဲ့ပြီး ယာယီပါတီဥက္ကဋ္ဌ တာဝန်ယူထားသူ သူရ ဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိန်း တို့မှာ ပါတီတွင် တာဝန်ယူထားသည့် ရာထူး အသီးသီးမှ ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။

ယင်းနောက် ပါတီဥက္ကဋ္ဌမှာ ဦးဋ္ဌေးဦး ဖြစ်လာခဲ့ပြီး အထွေထွေ အတွင်းရေးမှူးမှာလည်း ဦးတင်နိုင်သိန်း ဖြစ်လာခဲ့သည်။ ယင်းအခြေအနေများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဩဂုတ်လ ၂၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဦးရွှေမန်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆက်လက်ရှိနေမည်ဟု အဆိုပါနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။[]

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ သူတို့ရဲ့ ဒုတိယအကြိမ်ပါတီညီလာခံမှာ ဥက္ကဋ္ဌနေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ယခင်ဥက္ကဋ္ဌ ဦးသိန်းစိန်နေရာမှာ ဦးသန်းဌေးကို ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သည်။ ဦးသန်းဌေးဟာ ယခင် တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး နှင့် ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။[၁၀]

ပါတီခေါင်းဆောင်များ

ပါတီ ဥက္ကဋ္ဌ

  1. ဦးသိန်းစိန် ၈ ဇွန် ၂၀၁၀ - ၂ မေ ၂၀၁၁
  2. သူရ ဦးရွှေမန်း (ယာယီပါတီဥက္ကဋ္ဌ) ၂ မေ ၂၀၁၁ - ၁၆ အောက်တိုဘာ ၂၀၁၂
  3. ဦးသိန်းစိန် ၁၆ အောက်တိုဘာ ၂၀၁၂ - ၁ မေလ ၂၀၁၃
  4. သူရ ဦးရွှေမန်း (ယာယီပါတီဥက္ကဋ္ဌ) ၁ မေလ ၂၀၁၃ - ၁၃ ဩဂုတ် ၂၀၁၅
  5. ဦးဋ္ဌေးဦး ၁၃ ဩဂုတ် ၂၀၁၅ - ၂၃ ဩဂုတ်လ ၂၀၁၆
  6. ဦးသန်းဌေး ၂၃ ဩဂုတ်လ ၂၀၁၆ - ၂၀၂၂
  7. ဦးခင်ရီ - ၅ အောက်တိုဘာ ၂၀၂၂[၁၁] - လက်ရှိ

၂၀၂၂ ခုနှစ်၊ ပါတီညီလာခံ

  • ဥက္ကဋ္ဌ - ဦးခင်ရီ
  • ဒုတိယဥက္ကဋ္ဌ(၁) - ဦးမြတ်ဟိန်း
  • ဒုတိယဥက္ကဋ္ဌ (၂) -ဦးလှထွန်း
  • ဒုတိယဥက္ကဋ္ဌ (၃) -ဦးမျိုးဇော်သိန်း
  • အထွေထွေအတွင်းရေးမှူး -ဦးသောင်းအေး
  • တွဲဘက်အထွေထွေအတွင်းရေးမှူး - ဦးတင်အောင်ချစ်
  • ပါတီပြောရေးဆိုခွင့်ရှိသူ - ဦးသိန်းထွန်းဦး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ကော်မတီဝင် ၄၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။[၁၂]

အဓိက ဖြစ်ရပ်များ

၂၀၂၂

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ် ညီလာခံအပြီးတွင် သတင်းများ ထွက်ပေါ်ခဲ့သည့်အတိုင်း ရဲချုပ်ဟောင်း ဦးခင်ရီကို ပါတီဥက္ကဋ္ဌအဖြစ် တရားဝင်အတည်ပြု ခန့်အပ်လိုက်ပြီဖြစ်သည်။ ပါတီ၏ နှစ်ရက်တာ ညီလာခံအပြီးတွင် ဦးခင်ရီကို ဥက္ကဋ္ဌအဖြစ် အတည်ပြုခန့်အပ်ခဲ့ပြီး ဦးမြဟိန်း (လေချုပ်/ဗိုလ်ချုပ်ကြီးဟောင်း) နှင့် ဦးလှထွန်း (သမ္မတရုံးဝန်ကြီးဟောင်း) တို့ကိုလည်း ယခင်အတိုင်း ဒုတိယဥက္ကဋ္ဌများအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ ထို့အပြင် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ် ကို ခန့်အပ်သည်။[၁၃]

ဆက်လေ့လာရန်

ပြင်ပလင့်ခ်များ

ကိုးကား

  1. New Chair of Myanmar Military’s Proxy Party Urges USDP Cooperation for Regime’s Agenda The Irrawaddy 5 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ နိုဝင်ဘာ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. Myanmar's army-backed party to replace chief with general's ally Nikkei Asia။ 5 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 23, 2022 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ 8 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2020 တွင် ပြန်စစ်ပြီး။
  4. Haynes, Jeffrey (2019). The Routledge Handbook to Religion and Political Parties. Routledge
  5. မော်ကွန်းတင်ပြီးမိတ္တူ 1 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
  6. မော်ကွန်းတင်ပြီးမိတ္တူ 27 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
  7. မော်ကွန်းတင်ပြီးမိတ္တူ 18 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
  8. ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု အခြေအနေ ထုတ်ပြန်ကြေညာခြင်း 25 Feb 2026 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  9. မော်ကွန်းတင်ပြီးမိတ္တူ 23 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
  10. မော်ကွန်းတင်ပြီးမိတ္တူ 29 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
  11. မင်းအောင်လှိုင်ကို ဩဇာခံသည့် လူရင်းများ ကြံ့ခိုင်ရေးထိပ်သီး တရားဝင်ဖြစ်လာ Myanmar Now။ 2025-7-29 တွင် ပြန်စစ်ပြီး။
  12. ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးသောင်းအေး ပါတီအထွေထွေအတွင်းရေးမှူးဖြစ်လာ Eleven Media။ 2025-7-29 တွင် ပြန်စစ်ပြီး။
  13. ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းနေရာများသို့ စစ်တပ်အရာရှိများ ရောက်လာမည်ဟု သတင်းထွက် DVB Burmese။ 2025-7-29 တွင် ပြန်စစ်ပြီး။