မာတိကာသို့ ခုန်သွားရန်

သင်္ကြန်ထမင်း

ဝီကီပီးဒီးယား မှ
သင်္ကြန်ထမင်း
အမျိုးအစားFestive
မူရင်းနိုင်ငံ မြန်မာ
ဆင်တူဟင်းလျာများKhao chae
Cookbook:   Media: သင်္ကြန်ထမင်း

[[File:Pung-Atah.jpg|thumb|300x300px|မော်လမြိုင် သင်္ကြန်ထမင်း ချက်နည်း

          • ***** ***** ******

ဒါကို မွန်ရိုးရာ သင်္ကြန်ထမင်းချက်နည်းလို့ ပြောရင် မှားပါတယ်။ မော်လမြိုင်လို့ဆိုတိုင်း မွန်မဟုတ်ပါဘူး။ ယနေ့အထိ မော်လမြိုင်မှာ ဗမာလူဦးရေ အများဆုံးပါ။

မော်လမြိုင်- မုတ္တမတို့ဟာ မူလက ပျူမြို့ဟောင်းများဖြစ်ပြီး မော်လမြိုင်ရဲ့ ပါဠိဘွဲ့အမည်က ရမ္မာပူရမြို့ ဖြစ်ပါတယ်။

မော်လမြိုင်ဆိုတဲ့ အမည်ကလည်း မွန်အမည် မဟုတ်ပဲ ဥဒေါင်းငှက်တို့ ပျော်စံရာတော မောရမြိုင် ကတဆင့် မော်လမြိုင် ရယ်လို့ ရွေ့လျား အမည်တွင်လာတာ ဖြစ်ပါတယ်။

ယနေ့တိုင် မော်လမြိုင် မုပွန်အရပ်က ပျူပုတီးစေ့တွေ ထွက်နေတုန်းပါ။

မုပွန် ဆိုတာသည် မွန်စကား မဟုတ်ပဲ လမုပင်> မုပင်> မုပွန်ရယ်လို့ ရွေ့လျားလာတဲ့ ဗမာစကားသာဖြစ်ပါတယ်။

ဖဆပလခေတ်က မွန်ပြည်နယ် ပေးရေး တောင်းဆိုကြတော့ မော်လမြိုင်အမတ် ဆာဦးသွင်က မော်လမြိုင်သည် ဗမာမြို့ဖြစ်တာကြောင့် မော်လမြိုင်ကို မွန်ပြည်နယ်ထဲ မထည့်ဖို့ အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

မော်လမြိုင်လူထုကလည်း မော်လမြိုင်ကို မွန်ပြည်နယ်ထဲ ထည့်မှာကို မကြိုက်လို့ မြို့လုံးကျွတ် အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

ဦးနေဝင်း အာဏာသိမ်းပြီးနောက် ၁၉၇၄ အခြေခံဥပဒေနဲ့ မော်လမြိုင်ကို မွန်ပြည်နယ်ထဲ အာဏာနဲ့ အတင်းအကျပ် ထည့်ခဲ့ပေမယ့် ယနေ့တိုင် မော်လမြိုင်မှာ မွန်လူဦးရေထက် မွန်မဟုတ်သူ လူဦးရေက ပိုများပါတယ်။

ဆိုပါစို့။ ဒီ မော်လမြိုင်သင်္ကြန်ထမင်းချက်နည်းဟာ မွန်ရိုးရာဆို မွန်တွေထံမှာ အကုန်ရှိရမှာ ဖြစ်ပေမယ့် တကယ်တန်းမရှိပါဘူး။

ဒီ မော်လမြိုင်သင်္ကြန်ထမင်း ချက်နည်းဟာ မွန် ရိုးရာဆိုရင် ထိုင်းနိုင်ငံထဲက မွန်တွေထံမှာ ယင်းထမင်းရှိသင့်ပေမယ့် တကယ်တန်း မရှိပါ။

သူတို့ထံမှာသာမက ထိုင်းနိုင်ငံထဲက ညှာ့ခါဆိုတဲ့ မွန်တွေထံမှာတောင် ယင်းထမင်း ချက်နည်းမရှိပါ။

တချို့က မွန်တွေဟာ ယူနန်ကလာတယ်လို့ ပြောကြပြီး ယူနန်ထဲက မွန်အနွယ်တွေမှာလဲ ယင်း ထမင်းချက်နည်း မရှိပါဘူး။

ထိုးအတူပဲ မြန်မာနိုင်ငံထဲက မွန်တွေ ဂုဏ်ယူဝံ့ကြွာစွာ ပြောလေ့ရှိတဲ့ အန်ကောအင်ပါယာကို ထူထောင်တဲ့ မွန်ခမာ စကားပြော ကမ္ဘောဒီးယားမှာလည်း ယင်းဓလေ့ မရှိပါ။

ဒီမော်လမြိုင်သင်္ကြန်ထမင်းချက်နည်းဟာ ရှေးယခင်က မော်လမြိုင်သား ပျူဗမာတို့ရဲ့ နည်းသာ ဖြစ်ပြီး ဦးနေဝင်းခေတ်ရောက်မှ ဦးနေဝင်းက မွန်ပြည်နယ်မြို့တော်ကို မော်လမြိုင်ကိုပေးပြီးနောက် မူလ မော်လမြိုင်သား ဗမာတွေအပိုင် မော်လမြိုင်ထမင်းချက်နည်းကို မွန်တွေက သူတို့ဟာလိုလို ပြောဆိုရေးသားလာကြတယ်တာ ဖြစ်ပါတယ်။

မော်လမြိုင်သင်္ကြန်ထမင်းချက်နည်းဟာ မော်လမြိုင်သား အားလုံးရဲ့နည်းဖြစ်တာကြောင့် ခပ်တည်တည် မွန်နည်းဆို လုပ်တာ မတရားလုယူရာ ကျပါတယ်။

မော်လမြိုင် သင်္ကြန်ထမင်းချက်နည်းဟာ မော်လမြိုင် သင်္ကြန်ထမင်း ချက်နည်းသာဖြစ်ပြီး မွန်သင်္ကြန်ထမင်း ချက်နည်းလုံးဝ မဟုတ်ကြောင်း သိစေလိုပါတယ်။

မွန်ရိုး ရာ နည်း မဟုတ်တဲ့ မော်လမြိုင်သင်္ကြန် ထမင်းချက်နည်းကို အခုလို သင်္ကြန်ကာလတွေမှာ ပျော်ပျော်ကြီး ချက်စား မြိန်ကြပါစေသော်ဝ်။

ပါဝင်ပစ္စည်းများ- ဆန် ဖယောင်းတိုင် မြေအိုး မီးသွေး ငါးခြောက် ပုဇွန်ခြောက် နနွင်းအနည်းငယ် ကြက်သွန်ဖြူ ကြက်သွန်နီ သရက်သီးစိမ်း ဆားအနည်းငယ် နှမ်းနက် စိမ်းစားငါးပိ ပဲမှုန့် အကျက် ငရုတ်ခြောက်အနီကြော် ဆီ

ပြုလုပ်နည်း

I. သင်္ကြန် ထမင်း

ဆန်ကို ဆန်ပြုတ် ပြုတ်သလို ဆန်လုံးကွဲပြီး နူးအိလာအောင် ပြုတ်ပါ ။ သင်္ကြန်ထမင်းဆိုတာ လျာပေါ်တင်ပြီး အာခေါင်လေးနဲ့ဖိလိုက်တာနဲ့ နုးအိနေရပါမယ်။ ဆန်လုံးတွေ နူးအိသွားပြီဆို ထမင်းတွေကို ဇကာနဲ့ရေစစ်ပါ ။ ထမင်းကို စေးနေတာတွေ ကုန်အောင် ရေအေးနဲ့ ထပ်ခါ ထပ်ခါ လောင်းပြီး ဇကာကို လှုပ်ကာ ရေစစ်ပေးပါ ။ (သောက်ရေအဆင့်ရှိ ရေသန့်ဖြင့်) ငှက်ပျော်ဖက်ခင်း တောင်းကြီးသန့်သန့်တွေနဲ့ ရေစစ်အောင် ပြုလုပ်နိုင်တယ် ။ (ရပ်ကွက်အတွင်း အများသူငှာ ကျွေးမွေး ဧည့်ခံရန်)ရေစစ်အောင်ပြုလုပ်ပြီး ရေခဲသေတ္တာထဲ အအေးငွေ့ပေးထားပါ။

II. ဖယောင်းသင်း

ကြွေပန်းကန်ပြား တစ်ချပ်ပေါ်မှာ မီးစွဲနေတဲ့ မီးသွေး ၃-၄ ခဲတင်ပါ ။ ဖယောင်းတိုင်ကို ဓါးပါးလေးနဲ့ ခြစ်ပြီး ဖယောင်းဖတ်လေးများ ခြစ်ယူပါ။ဖယောင်းဖတ်များကို မီးသွေးခဲပေါ် အုံလိုက်ပါ ။ ဖယောင်းငွေ့များ လှိုင်လှိုင်ထွက်လာပါက ခြောက်သွေ့သော အိုးတစ်လုံးကို မီးသွေး ပန်းကန်ပြား ပေါ်မှာ မှောက်အုပ်ပြီး ဖယောင်းငွေ့များ စုယူပါ။ လုံလောက်တဲ့ ဖယောင်းငွေ့ ရပြီဆို အိုးကို လှန်ပြီး ရေဆွတ်ထားတဲ့ အဝတ်ပါးနဲ့ အိုးမျက်နှာဝကို လုံအောင် ချက်ချင်းအုပ်ပါ ။ အဝတ်ပါးပေါ်မှ အိုးထဲသို့သောက်ရေကိုလောင်းချပြီး အိုးအဖုံးအုပ် ထားလိုက်ပါ ။ ဖယောင်းနံ့ သင်းတဲ့ ရေကို ရပါမယ် ။ ဖယောင်းရေကို ပုလင်းနဲ့ထည့်ထားပြီး လိုသလို ရေထပ်ရော ပွါးသုံးလို့ရပါတယ် ။ သင်္ကြန်ထမင်းရဲ့ အဓိက အနံ့အရသာနဲ့ အာနိသင်ကဖယောင်းရေပါပဲ ။

III. ငါးခြောက်ထောင်းကြော်

ငါးခြောက် (အကောင်းဆုံးက ငါးကွမ်းရှပ်ပါ) ကိုပြုတ် အရိုးထွင်ပါ ။ ပြုတ်ထားတဲ့ ငါးခြောက်ကို ပွလာအောင် ဆုံနဲ့ထောင်းပါ ။ ပုဇွန်ခြောက်ထောင်းပါ ။ ငါးခြောက်ထောင်း နဲ့ ပုဇွန်ခြောက်ထောင်းကို သမအောင် ရောဖွလိုက်ပါ ။ အရသာ ပိုကောင်း ပါတယ် ။ ဒယ်အိုးထဲ ဆီထည့် နနွင်းအနည်းငယ် ထည့်ပြီး ငါးခြောက်နဲ့ ပုဇွန်ခြောက်ထောင်း အရောကို မီးအေးအေးနဲ့ကြွပ်လာတဲ့ အထိကြော်ပါ ။ပြီးရင် အအေးခံ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ အကြွပ်ကြော် နဲ့ ငါးခြောက်ထောင်းကြော် ရောစပ်လိုက်ပါ ။ အနံ့ အရသာနဲ့ပြည့်စုံတဲ့ ငါးခြောက်ထောင်းကြော်ကို ရပါမယ် ။

IV. သရက်သီးစိမ်းသုတ်

သရက်သီး စိမ်းကို ဆားအနည်းငယ် ထည့်ထားတဲ့ ရေထဲကို ခြစ်ချပါ ။ သရက်သီးကို ဒီအတိုင်း ခြစ်ရင် လေနဲ့ထိပြီး အစေးက အရောင်ပြောင်း ပါတယ် ။ မလှပါဘူး။ ကြက်သွန်နီ ပါးပါးလှီး ၊ ပုဇွန်ခြောက်ထောင်း ၊ နှမ်းနက်၊ စိမ်းစားငါးပိ(မျှင်ငါးပိ)ကို ဆီပူလေးနဲ့ လှိမ့်ထားပါ ။ ကြက်သွန်နီ ဆီချက် ၊ ပဲမှုန့် အကျက် အနည်းငယ် ၊ ဆား အနည်းငယ် ၊ ဟင်းခတ်မှုန့်အနည်းငယ် ၊ သရက်သီးစိမ်း ခြစ်ထားတာကို ရေစင်အောင် ညှစ်ပြီး အထက်ပါ အဆာ ပလာများနဲ့ ရောနယ်ပြီးသုတ်ပါ။ အလွန်မွှေးကြိုင်အရသာရှိလှသော သရက်သီးစိမ်းသုတ်ကိုရပါမယ်။

V. သရက်သီးစိမ်း ငါးခြောက်ထောင်းကြော် (သို့မဟုတ်) သင်္ကြန်ကြော်

သရက်သီးစိမ်းကိုခြစ်ပါ ။ ( အထက်ကပြောထားသလို) ငါးခြောက်ပြုတ်ပြီး ပွလာအောင် ထောင်းပါ ။ (အထက်ကအတိုင်း) ငါးခြောက်ထောင်း နဲ့ ပုဇွန်ခြောက်ထောင်း ရောဖွ ထားပါ ။ ကြက်သွန်နီ အခွံခွါ ၄စိပ်စိပ် ထားပါ ။ (ကိုယ်ထည့်ချင်သလောက်ပေါ့) ဒယ်အိုးထဲ ဆီထည့် ၊ နံနွင်း အနည်းငယ်ထည့် ဆီပူလာရင် ကြက်သွန်နီ တစ်လုံးလောက် ပါးပါးလှီး ထားတာကို ထည့်ပါ ။ စိမ်းစားငါးပိ အနည်းငယ် ထည့်ပြီး ဆီသတ်ပါ ။ (စိမ်းစား ငါးပိကို ရေ နဲ့ ဖျော် မထည့်ပါနဲ့ ၊ အနံ့ပျက်ပါတယ် ။ ဆီသတ် ထည့်တာ အနံ့ အရသာ ပိုကောင်းပါတယ် ။) ဆီသတ် ပြီးတာနဲ့ သရက်သီး ခြစ်ထားတာကို ရေစင်အောင် ညှစ်ပြီး ထည့်ပါ ။ ဆီနဲ့ ခဏလှိမ့်ကြော်ပါ ။ ပြီးရင် ရေစပ်စပ် ထည့်ပြီး ဆက်ကြော်ပါ ။ ( ရေများများ မထည့်ပါနဲ့။ အကြော် ပျက်စီး သွားပါမယ်။ ) ရေခန်းလာတာ ၃ ပုံ ၁ပုံ ဖြစ်ပြီဆို ငါးခြောက် ၊ ပုဇွန်ခြောက်ထောင်း အရောကိုထည့်ပါ ။ ဆက်ကြော်ပါ ။ ရေခန်းတာ ကုန်ခါနီးမှာ ကြက်သွန်နီ ၄ စိပ်ခွဲထားတာထည့်ပြီး မီးလျော့ ဆက်ကြော်ပါ ။ ဆီပြန်လာပြီး ကြက်သွန်နီ အစိပ်လေးတွေ ကျက်လာပြီဆိုလျင် အရောင် ကြည်လင် လာပါမယ် ။ ( တအားနွမ်းအောင် မကြော်ပါနဲ့ ။ အရသာ ပေါ့သွား ပါမယ် ။) ကြော်နေစဉ်မှာ ဆား ၊ ဟင်းခတ်မှုန့်လိုသလိုထည့်ပါ။ (ကြက်သားမှုန့်မသုံးပါနဲ့ အရသာ ပျက်ပါမယ် ။) ကိုယ်လိုချင်တဲ့ အနေအထား ရောက်ပြီဆို ဖိုပေါ်ကချ နှမ်းနက်လေးဖြူး သမအောင် မွှေပေးပါ ။ အရသာရှိပြီး သိပ်မွှေးတဲ့ သရက်သီးစိမ်း ငါးခြောက်ထောင်း ကြော်ပါ။ (မော်လမြိုင်သားတွေကတော့ သင်္ကြန်ကြော်လို့ခေါ်ပါတယ်)

VI. ပြင်ဆင်စားသောက်နည်း

ငရုပ်သီးခြောက်ကို အတောင့်လိုက် အတိုင်း ကြွပ်အောင်ကြော် ၊အအေးခံပါ ။ ရေခဲသေတ္တာထဲ အအေးငွေ့ ပေးထားတဲ့ ထမင်းပြုတ်ကို ပန်းကန်ထဲ ထည့် ၊ ဖယောင်း သင်းရည် ထမင်း မြုပ်ရုံထည့်ပါ ငါးခြောက်ထောင်း ကြော် ၊ သရက်သီးစိမ်းသုတ် ၊ သင်္ကြန်ကြော် ၊ ငရုတ်သီးတောင့်ကြော် ၊ ပဲကြော် တို့နဲ့ တွဲဖက် စားသုံးပါက အနံ့ အရသာ နှင့်ြ ပည့်စုံသော အပူဒဏ် ခံနိုင်တဲ့ မော်လမြိုင်သင်္ကြန်ထမင်းကို အမြဲ သတိတရ ဖြစ်နေကြမှာပါ။ Iထမင်းစားပြီးပါက ပန်းကန်ထဲမှာ ကျန်နေသော ရေကို သောက်ပါရှင် အလွန်ကိုပဲ ရင်ထဲ အေးစေပါတယ်

ငါးခြောက်ကြော်

[ပြင်ဆင်ရန်]

သင်္ကြန်ထမင်းနှင့် တွဲဖက်စားသုံးရန်အတွက် အထူးပြုလုပ် ချက်ပြုတ်ရသော ဟင်းလျာမှာ ငါးခြောက်ကို အချဉ်တစ်မျိုးမျိုးဖြင့် ရောစပ်ကြော်ထားသော ငါးခြောက်ကြော်ပင် ဖြစ်သည်။ ငါးခြောက်ကြော်ပြုလုပ်ရာတွင် အများအားဖြင့် ငါးမန်းခြောက်နှင့် ငါးကွန်းရှပ်ခြောက်ကို အသုံးပြုကြသည်။ ငါးခြောက်ကြော်တွင် ထည့်ဝင်ရသည့် တွဲဖက်သုံးရသည့် အရာများမှာ ပုဇွန်ခြောက်မှုန့်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငပိ၊ နနွင်းမှုန့်၊ ရာသီပေါ်သီးနှံဖြစ်သည့် သရက်သီး အရင့်(အစိမ်း) သို့မဟုတ် မရမ်းသီးအရင့် (အစိမ်း) တို့ဖြစ်သည်။ (ဆားနှင့် ငပိမှာ ငါးခြောက်ထောင်းကြော်၏ အပေါ့အငန်ကို လိုအပ်မှသာ အသုံးပြုရန် ဖြစ်သည်။)

ငါးခြောက်ထောင်းကြော်တော့မည် ဆိုပါက ငါးခြောက်ကို ပထမဦးစွာ ရေသန့်စင်အောင် ဆေးကြောပြီး ရေဖြင့်ပြုတ်ပါ။ ငါးခြောက်ကျက်ပြီဆိုပါက ငါးခြောက်တုံးများကို ဆယ်ယူ၍ အသားများကို နွှင်ယူပါ။ နွှင်ယူပြီးသော အသားများကို မွမွလေး ရရှိအောင် ဆုံထဲသို့ ထည့်၍ ထောင်းရမည်ဖြစ်သည်။ တစ်စိတ်ချင်းစီမှ ကြက်သွန်အမွှာများကို ခွာ၍ လှီးထားရမည်။

ထို့နောက် အသုံးပြုမည့် သရက်သီး(သို့)မရမ်းသီး ကို အခွံနွှာ အစေ့ထုတ်ပြီး အသားများကို ဓား(သို့) သင်္ဘောခြစ်ဖြင့် လှီးခြစ်ထားရမည် ဖြစ်သည်။ အားလုံးပြီးစီးပြီ ဆိုပါက ပြုတ်၍ ထောင်းထားသော ငါးခြောက်အသားများ၊ ပုဇွန်ခြောက်မှုန့်များကို အသင့်ပြုလုပ်ထားသော အစာများနှင့် သမအောင် ရောနှောမွှေပြီး မီးဖိုပေါ်တွင် တင်ထားသော ဆီပူအိုးထဲသို့ ထည့်၍ ကျက်သည်အထိ ကြော်ပါ။ ကြော်၍ ကျက်သောအခါ သင်္ကြန်ထမင်းနှင့် တွဲဖက်စားသုံးရသော ငါးခြောက်ကြော်ကို ရရှိပြီဖြစ်သည်။

ငရုတ်သီးအတောင့်ခြောက်ကြော်

[ပြင်ဆင်ရန်]

သင်္ကြန်ထမင်းဟင်းနှင့် တွဲဖက်စားသုံးရန်အတွက် အဓိက မရှိမဖြစ်လိုအပ်သော အခြားတစ်ခုမှာ ငရုတ်သီးခြောက် အရှည်တောင့်ကြော် ဖြစ်သည်။ ငရုတ်သီးတောင့်ကြော်ကို ဆီပူပူတွင် ကျက်အောင်ကြော်၍ ပုလင်း၊ ဗူးတို့တွင် လေလုံအောင် ထားရမည်။ ကြော်ထားသော ငရုတ်သီးတောင့်များ ကြွတ်ရွနေပါမှ သင်္ကြန်ထမင်းဟင်းနှင့် တွဲဖက်စားသုံးရသည်မှာ ပို၍ အရသာရှိမည် ဖြစ်သည်။

သင်္ကြန်ထမင်း စားသုံးတော့မည် ဆိုလျှင် မိမိစားသုံးမည့် ထမင်းကို ရေအေး(သို့မဟုတ်) ဖယောင်းရနံ့သွင်းထားသည့် ရေအေးတို့ဖြင့် မိမိကြိုက်နှစ်သက်သလို စားသုံးနိုင်သည်။ ဖယောင်းရနံ့သင်း ရေကိုပြုလုပ်ရာတွင် ပထမဦးစွာ ဖယောင်းတိုင်ထွန်းထားသော မီးကို မှုတ်လိုက်သောအခါ မီးစာမှ ထွက်လာသော မီးခိုးငွေ့တန်းပေါ်သို့ ရေအိုး(သို့မဟုတ်) ဇလုံ(သို့မဟုတ်) သတ္တုအိုး တစ်မျိုးမျိုးကို မှောက်ချလိုက်ပါ။ (၁၀)မိနစ် (၁၅)မိနစ်ခန့်ကြာလျှင် မှောက်ထားသော ရေအိုး၊ ဇလုံ၊ သတ္တုအိုးကို ပြန်လှန်လိုက်ပြီး ရေသန့်ရေအေးကို လောင်းထည့်လိုက်ပါက ထိုရေသန့်၌ ဖယောင်းနံ့သင်းနေမည့်ရေကို ရရှိမည်ဖြစ်သည်။ ထိုဖယောင်းနံ့သင်းရေဖြင့် ထမင်းကို ရောနှော၍ ငါးခြောက်ကြော်၊ ငရုတ်သီးကြော်တို့နှင့် တွဲဖက်စားသုံးပါက အလွန်ကောင်းသော ရိုးရာဓလေ့ မွန်သင်္ကြန်ထမင်းကောင်း တစ်ပွဲကို ရရှိမည် ဖြစ်သည်။ ဖယောင်းနံ့သင်းရေနှင့် ရောနှောစားသောက်သည်ကို ဒေသခံ တိုင်းရင်းသားများက ယနေ့တိုင် ကြိုက်နှစ်သက်နေကြသော်လည်း ယနေ့ခေတ်လူငယ်များနှင့် ဧည့်သည်များက မကြိုက်ကြ၍ ရိုးရိုးရေသန့်ဖြင့်သာ ရော၍ စားသုံးကြသည်ကို တွေ့နေရသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. ဓာတ်ပုံသတင်းထောက် သာဉာဏ်(ရန်ကင်း)၊ သွေးချင်းတို့ဌာနေ ရတနာမြေမှ ကိုယ်တွေ့ခရီးသွားမှတ်တမ်း(၁၅.၇.၂၀၁၀)