မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
Myanmar Investment Commission (MIC)
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
​ကော်မရှင် အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၁၈ အောက်တိုဘာ ၂၀၁၆ (၂၀၁၆-၁၀-၁၈)
ဌာနချုပ်အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။[]
ဌာနအကြီးအမှူးများ[မြထွန်းဦး]]၊ ဥက္ကဋ္ဌ
ဦးအောင်နိုင်ဦး၊ ဒုတိယ ဥက္ကဋ္ဌ
မိခင်အဖွဲ့အစည်းရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ဝက်ဘ်ဆိုက်dica.gov.mm/my/about-the-mic-mm/

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(အင်္ဂလိပ်: Myanmar Investment Commission; အတိုကောက် MIC)သည် ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဖွဲ့စည်းထားသော အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ယင်းကော်မရှင်၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်အတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုလွှာများကို စိစစ်သုံးသပ်ခွင့်ပြုရန်နှင့် အဓိကကျသော စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လိုအပ်သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန်ဖြစ်သည်။

သမိုင်း​ကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကို ၁၉၉၄ ခုနှစ် ဧပြီလတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေအရ စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်ဦးရေကို လေးဦးအထိ လျှော့ချခဲ့ရသည်။[] ထို့အပြင် ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သော နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေသည်လည်း ကော်မရှင်လက်ထက်တွင် ဆက်လက်အသက်ဝင်ခဲ့သည်။[]

၂၀၁၁ ခုနှစ်သို့ ရောက်ရှိလာသောအခါ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုလွှာများကို ပိုမိုစနစ်ကျစွာ စိစစ်နိုင်ရန် ရည်ရွယ်၍ ကော်မရှင်အဖွဲ့ဝင်ဦးရေကို ၁၆ ဦးအထိ တိုးမြှင့်ဖွဲ့စည်းခဲ့သည်။ []ယင်းနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀ ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ထွက်ပေါ်လာပြီးနောက်တွင် ကော်မရှင်၏ အခန်းကဏ္ဍ၌လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်အနည်းငယ်အတွက်သာ ကော်မရှင်၏ ခွင့်ပြုမိန့်ကို ရယူရန် လိုအပ်တော့သည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မိမိတို့၏အဆိုပြုလွှာများကို လျင်မြန်စွာ စိစစ်ပေးခြင်းခံရရန်အတွက် ကော်မရှင်မှ ထုတ်ပေးသော အတည်ပြုမိန့်ကိုလည်း လျှောက်ထားနိုင်သည်။

လက်ရှိတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းထားသည်။ ၎င်းတွင် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များအပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် သင့်လျော်သော ပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ် ပါဝင်စေလျက် ဖွဲ့စည်းထားခြင်းဖြစ်သည်။[]

သတင်းစဉ်များ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို မှတ်တမ်းအရ စက်မှုနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၄ ခုနှင့် ကဏ္ဍပေါင်းစုံမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၁ ခုတို့ကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁.၀၀၃ သန်းနှင့် ကျပ်ငွေ ၁,၉၅၅,၅၂၆.၉၅၅ သန်းဖြစ်ပြီး အလုပ်အကိုင် ၅,၀၆၄ ခု ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ခွင့်ပြုထားသောလုပ်ငန်းများတွင် လုပ်ငန်းသုံးယာဉ်ထုတ်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စိုက်ပျိုးမွေးမြူရေးအခြေခံကုန်ထုတ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ကားတပ်ဆင်ထုတ်လုပ်ခြင်း၊ ဆိပ်ကမ်းဝန်ဆောင်မှု၊ လက်ကိုင်ဖုန်းနှင့် ဆိုလာပြားတပ်ဆင်ထုတ်လုပ်ခြင်း၊ မွေးမြူရေးအစာနှင့် စားသောက်ကုန်ထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းများ ပါဝင်သည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံများမှာ စင်ကာပူတရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအများဆုံးကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍ (၂၈.၂၇%)၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ (၂၄.၆၂%) နှင့် စက်မှုကဏ္ဍ (၁၄.၆၇%) တို့ဖြစ်သည်။[]

ကော်မရှင်ဥက္ကဋ္ဌများ (၂၀၁၁ -လက်ရှိ)

[ပြင်ဆင်ရန်]
စဉ် အမည် ရာထူး ဝန်ကြီးဌာန ရာထူးစတင် ရာထူးပြီးဆုံး
ဦးစိုးသိန်း[] ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန
ဦးဝင်းရှိန် ပြည်ထောင်စုဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၂၀၁၃ ၂၀၁၆
ဦးကျော်ဝင်း[] ပြည်ထောင်စုဝန်ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၁၆ ၂၀၁၈
ဦးသောင်းထွန်း ပြည်ထောင်စုဝန်ကြီး ၁၆ ဇွန် ၂၀၁၈ ၁ ဖေဖော်ဝါရီ ၂၀၂၁
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကောင်စီဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၄ မတ် ၂၀၂၁ ၁၇ စက်တင်ဘာ ၂၀၂၃
ဗိုလ်ချုပ်ကြီး မြထွန်းဦး ဒုတိယ ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၁၇ စက်တင်ဘာ ၂၀၂၃ လက်ရှိ

အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

လက်ရှိအဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ် မတ်လ ၄ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်မှ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌမှာ အရပ်ဘက်မဟုတ်ဘဲ စစ်ဘက်မှ ပုဂ္ဂိုလ်ဖြစ်သည်။[]

စဉ် အမည် ရာထူး တာဝန်
(က) မိုးမြင့်ထွန်း အာဏာသိမ်းစစ်ကောင်စီဝင် ဥက္ကဋ္ဌ
(ခ) ဦးအောင်နိုင်ဦး ပြည်ထောင်စုဝန်ကြီး
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ဒုတိယ ဥက္ကဋ္ဌ
(ဂ) ဦးခင်မောင်ရီ ပြည်ထောင်စုဝန်ကြီး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(ဃ) ဒေါက်တာသီတာဦး ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး
အဖွဲ့ဝင်
(င) ဦးညွန့်အောင် ဒုတိယဝန်ကြီး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(စ) ဦးဝင်းသော် ဒုတိယဥက္ကဋ္ဌ
ဗဟိုဘဏ်
အဖွဲ့ဝင်
(ဆ) ဦးကျော်မင်းဦး အမြဲတမ်းအတွင်းဝန်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

အဖွဲ့ဝင်
(ဇ) ဦးမင်းထွဋ် ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အဖွဲ့ဝင်
(ဈ) ဦးသန့်စင်လွင် ညွှန်ကြားရေးမှူးချုပ်

ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

အတွင်းရေးမှူး

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 "မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်"၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန Archived from the original on 28 December 2021။
  2. Kudo, Toshihiro (August 2007). "Toshihiro": 15. Institute of Developing Economies.[လင့်ခ်သေ]
  3. Mya Than; Carolyn Gates (2001)။ ASEAN enlargement: impacts and implications။ Institute of Southeast Asian Studies။ pp. 265ISBN 9789812300812
  4. "Myanmar reforms investment commission to boost foreign investment"၊ Xinhua၊ 8 June 2011 10 March 2012 တွင် ပြန်စစ်ပြီး
  5. မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးက အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၃၅ ခု ခွင့်ပြု | Ministry Of Information (in en)။ 2026-03-16 တွင် ပြန်စစ်ပြီး။
  6. "မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်ဖွဲ့စည်း"၊ DICA။ Archived from the original on 11 May 2021။
  7. "မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် မြန်မာနိုင်ငံရှိ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များနှင့်စီးပွားရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း"။ Archived from the original on 11 May 2021။
  8. "​ကော်မရှင်"၊ DICA။