ကျိုက်ပွန်ဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကျိုက်ပွန်ဘုရား
ကျာ်ပန်
Kyaik Pun Paya - Bago, Myanmar 20130219-01.jpg
ကျိုက်ပွန်ဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျိုက်ပွန်ဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ ပဲခူးမြို့
ကိုဩဒိနိတ် 17°18′15″N 96°27′32″E / 17.304167°N 96.458889°E / 17.304167; 96.458889ကိုဩဒိနိတ်: 17°18′15″N 96°27′32″E / 17.304167°N 96.458889°E / 17.304167; 96.458889
ဘာသာရေး နှီးနွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံ မြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူ

ဘုရင် မိဂါဒိပ္ပ

(King Migadippa)
ပြီးစီး ၇ ရာစု

ကျိုက်ပွန်ဘုရား (IPA: [tɕaiʔpʊ̀ɴ pʰəjá]; မွန်: ကျာ်ပန်ကျိုက် (ဘုရား)၊ ပွန်(လေး) ) သည် ပဲခူးတိုင်းဒေသကြီး၏ မြို့တော် ပဲခူးမြို့တွင် တည်ရှိသည်။ ကျိုက်ပွန်ဘုရားသည် ၉၀ ပေ (၂၇ မီတာ) မြင့်ပြီး ကကုသန်ဘုရားကောဏဂုံဘုရားကဿပဘုရားဂေါတမဘုရားရှင်မြတ်အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြစ်သည်။ ကျိုက်ပွန်ဘုရားအား ၇ ရာစုလောက်တွင် ပဲခူးပြည့်ရှင် ဘုရင်မိဂါဒိပ္ပမှ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ၁၅ ရာစုတွင် ဓမ္မစေတီမင်းမှ ပြန်လည်မွမ်းမံခဲ့ခြင်းဖြစ်သည်။ ဘုရင့်နောင်လက်ထက် ၁၅၄၂ ခုတွင် ရွှေသင်္ကန်း ကပ်သည်။ ယင်‌းနောက် နှစ်အတန်ကြာ ပျက်စီးကာ ချုံပိတ်ဖုံးသည်။ အလောင်းမင်းတရား လက်ထက် ၁၇၅၉ ခု ဩဂုတ်လ၌ လာဖူးစဉ် ပြုပြင်သည်။ ၁၈၀၇ ဘိုးတော်ဘုရားလက်ထက်တွင် ဇိုင်းဂနိုင်း မြို့သူကြီး ဦးရွှေဘီက အင်္ဂတေအသစ် ကပ်လှူသည်။[၁]


ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၇၈။