မာတိကာသို့ ခုန်သွားရန်

ရွှေကျင်ဂိုဏ်း

ဝီကီပီးဒီးယား မှ
ရွှေကျင်ဂိုဏ်း
ရွှေကျင်နိကာယ
ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေး (၂ ဖေဖော်ဝါရီ ၂၀၁၂)
အတိုကောက်ရွှေကျင်
ဖွဲ့စည်းခြင်း၁၈၀၀ ဆယ်စုနှစ်လယ်ပိုင်း
တည်ထောင်သူရွှေကျင်ဆရာတော် ဦးဇာဂရ
အမျိုးအစားBuddhist monastic order
ဌာနချုပ်မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မန္တလေး၊ မြန်မာနိုင်ငံ
ဥက္ကဋ္ဌခင်ကြီးဘုရား သီတဂူဆရာတော်

ရွှေကျင်ဂိုဏ်း (ရွှေကျင်နိကာယ) သည် မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံး ဗုဒ္ဓဘာသာ ရဟန်းတော်များ အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရဟန်းတော်များ၏ ငါးရာခိုင်နှုန်းခန့် (၅၀၀၀၀ ကျော်) သည် ဤဂိုဏ်းဝင်များ ဖြစ်ကြသည်။[၁] ၁၉၉၀ ပြည့်နှစ် သံဃာအဖွဲ့အစည်းများ ဥပဒေအောက်တွင် တရားဝင် ဖွဲ့စည်းထားသော သံဃာဂိုဏ်း ကိုးခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။[၂]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မင်းတုန်းမင်းကြီးသည် ဝိနည်းသိက္ခာအလွန်လေးစား၍ အကျင့်ပဋိပတ်နှင့်ပြည့်စုံသော ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရကို အလွန်တရာကြည်ညို၍ သာသနာပိုင်အဖြစ် တင်မြှောက်လိုသော်လည်း တောင်နန်းမိဖုရားခေါင်စကြာဒေဝီ၏ဆန္ဒကိုမလွန်ဆန်နိုင်သဖြင့် မောင်းထောင်ဆရာတော် ကိုသာသနာပိုင်တင်မြှောက်ခဲ့ရသည်။ အခါတစ်ပါး ရွှေကျင်ဆရာတော်ဘုရားက သာသနာပိုင်ဆရာတော်ထံသွားရောက်ရာ စကားမပြောဆိုပဲ နေခဲ့သဖြင့် ဆရာတော်မှ မိမိအားမလိုလားဟု သဘောပိုက်တော်မူခဲ့သည်။ ယင်းနောက် ၁၂၁၄ ခုနှစ်တွင် ရွှေကျင်ဆရာတော်ကို သုဓမ္မာဆရာတော်များအမိန့်ဖြင့် သုဓမ္မာသိုကြွရန်ဆင့်ဆိုရာမကြွဘဲနေသဖြင့် သုဓမ္မာဆရာတော်များက အတင်းအကြပ် ခေါ်ဆိုရန် စီမံရာတွင် မင်းတုန်းမင်းကြီးက ရွှေကျင်ဆရာတော်အား သုဓမ္မာသို့ ဆင့်ခေါ်ခွင့်မရှိ၊ ရွှေကျင်ဆရာတော် လွတ်လပ်စွာသီတင်းသုံးနိုင်သည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှစ၍ ရွှေကျင်ဆရာတော်ဘုရားကြီးဦးဇာဂရ၏ တပည့်သံဃာတော်အဆက်ဆက်တို့ကို ရွှေကျင်ဂိုဏ်းဝင်ဟုခေါ်ဆိုကြသည်။

သာသနာပိုင်များ

[ပြင်ဆင်ရန်]

မင်းတုန်းဘုရင်လက်ထက်မှစ၍ ယနေ့ခေတ်အထိ ရွှေကျင်သာသနာပိုင်အဖြစ် ထမ်းဆောင်တော်မူကြသော ဆရာတော်များမှာ အောက်ပါအတိုင်းဖြစ်သည်။[၃]

စဉ် ဘွဲ့တော် အကြိမ် တာဝန်စတင် တာဝန်ပြီးဆုံး
ဘဒ္ဒန္တဇာဂရ(ရွှေကျင်ဆရာတော်) ပထမ ၁၂၃၀ ၁၂၅၅
ဘဒ္ဒန္တဝိသုဒ္ဓါစာရ(မဟာဝိသုဒ္ဓါရုံဆရာတော်) ဒုတိယ ၁၂၅၆ ၁၂၇၈
ဘဒ္ဒန္တဉာဏဝရ

(ဒီပဲယင်းဆရာတော်)

တတိယ ၁၂၇၈ ၁၂၈၉
ဘဒ္ဒန္တဥတ္တမ

(ကျိုက္ကစံဆရာတော်)

၁၂၇၉
ဘဒ္ဒန္တတိဿ

(ခင်မွန်အလုံဆရာတော်)

စတုတ္ထ ၁၂၇၉ ၁၂၉၀
ဘဒ္ဒန္တဇလိန္ဒ

(ချမ်းသာကြီးဆရာတော်)

ပဉ္စမ ၁၂၉၁ ၁၂၉၄
ဘဒ္ဒန္တရာဇိန္ဒ(ခ)ရာဓ

(လှတောဆရာတော်)

ဆဋ္ဌမ ၁၂၉၅ ၁၂၉၆
ဘဒ္ဒန္တကောသလ္လ

(ကနီဆရာတော်) (ပထမအကြိမ်)

၁၂၉၆
ဘဒ္ဒန္တကောသလ္လ

(ကနီဆရာတော်) (ဒုတိယအကြိမ်)

သတ္တမ ၁၂၉၆ ၁၃၁၁
ဘဒ္ဒန္တကောလာသ

(ကျိုက်လတ်ဆရာတော်)

၁၂၉၇ ၁၃၁၁
ဘဒ္ဒန္တကောသလ္လ

(ကနီဆရာတော်) (တတိယအကြိမ်)

အဋ္ဌမ ၁၃၁၁ ၁၃၁၂
ဘဒ္ဒန္တစန္ဒာဘိဝံသ

(စံကင်းဆရာတော်)

နဝမ ၁၃၁၃ ၁၃၃၄
၁၀ ဘဒ္ဒန္တဉာနဝံသာဘိဝံသ

(မြောင်းမြဆရာတော်)

ဒသမ ၁၃၃၅ ၁၃၃၇
၁၁ ဘဒ္ဒန္တဇောတယာဘိဝံသ

(ကြေးမြင်ဆရာတော်)

ဧကာဒသမ ၁၃၃၈ ၁၃၅၁
၁၂ ဘဒ္ဒန္တပဏ္ဍိတသီရိ(ရွှေဟင်္သာဆရာတော်) ဒွါဒသမ ၁၃၅၂ ၁၃၅၇
၁၃ ဘဒ္ဒန္တဝိမလာဘိဝံသ

(ညောင်ရွှေကန်ကြီးဆရာတော်)

တေရသမ ၁၃၅၈ ၁၃၆၅
၁၄ ဘဒ္ဒန္တအဂ္ဃိယ

(ဇေယမေဒနီဝါဆိုဆရာတော်)

စုဒ္ဒသမ ၁၃၆၆ ၁၃၇၈
၁၅ ဘဒ္ဒန္တဝိဇ္ဇောတ

(ဝိဇ္ဇောတာရုံဆရာတော်)

ပန္နရသမ ၁၃၇၉ ၁၃၈၃
၁၆ ဘဒ္ဒန္တဉာဏိဿရ

(သီတဂူဆရာတော်)

သောဠသမ ၁၃၈၃ ယနေ့အထိ

ယနေ့ခေတ် တွဲဖက်သာသနာပိုင်များ

[ပြင်ဆင်ရန်]

ယနေ့ခေတ် တွဲဖက်သာသနာပိုင်ဆရာတော်မှာ

  1. ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

ကိုးကား

[ပြင်ဆင်ရန်]
  1. Archived copy။ 2008-12-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-04-12 တွင် ပြန်စစ်ပြီး။
  2. "Law and Religion in Burma" (2001). Legal Issues on Burma Journal (8). Burma Legal Council.  Archived 14 March 2012 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 14 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 January 2020 တွင် ပြန်စစ်ပြီး။
  3. ရွှေကျင် သာသနာပိုင်များ (2 February 2018)။ 21 August 2020 တွင် ပြန်စစ်ပြီး။