မာတိကာသို့ ခုန်သွားရန်

ဆီချက်ခေါက်ဆွဲ

ဝီကီပီးဒီးယား မှ
ဆီချက်ခေါက်ဆွဲ
မူရင်းနိုင်ငံChina
အဓိက ပါဝင်ပစ္စည်း
  • ဂျုံခေါက်ဆွဲ
  • ကြက်သွန်ကြော်
  • ကြက်သွန်မြိတ်
Cookbook: ဆီချက်ခေါက်ဆွဲ  Media: ဆီချက်ခေါက်ဆွဲ

ဆီချက်ခေါက်ဆွဲ (အင်္ဂလိပ်: Sigyet khauk swè) သည် မြန်မာ့အစားအစာတွင် လူကြိုက်များသော ခေါက်ဆွဲအမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းကို ဂျုံခေါက်ဆွဲ (သို့မဟုတ်) ကြက်ဥခေါက်ဆွဲကို ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်တို့ဖြင့် နယ်ဖတ်၍ ပြုလုပ်သည်။ ဤအစားအစာသည် မြန်မာပြည်ဖွား တရုတ်လူမျိုးများ (Sino-Burmese) မှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှုအတွင်းသို့ ပျံ့နှံ့ရောက်ရှိလာခြင်းဖြစ်သည်။

ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံ

[ပြင်ဆင်ရန်]


ခေါက်ဆွဲ: ဂျုံခေါက်ဆွဲ (သို့မဟုတ်) ကြက်ဥခေါက်ဆွဲကို အဓိက အသုံးပြုသည်။

ဆီချက်: ကြက်သွန်ဖြူကို ဆီဖြင့် အနံ့မွှေးလာသည်အထိ ကြော်ထားသော ဆီချက်ကို သုံးသည်။

အသား: များသောအားဖြင့် ဘဲကင်၊ ဝက်သားကင် (သို့မဟုတ်) ကြက်သားပြုတ်တို့ကို အပေါ်မှတင်၍ စားသုံးကြသည်။

အရန်: ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်၊ သခွားသီးတို့ဖြင့် တွဲဖက်လေ့ရှိပြီး ဘေးမှ ဟင်းရည်ကြည်တစ်ခွက်နှင့် ငရုတ်သီးစိမ်းချဉ်တို့ ပါဝင်လေ့ရှိသည်။

အမျိုးအစားကွဲများ

[ပြင်ဆင်ရန်]

ကြေးအိုးဆီချက်: ကြေးအိုးဆိုင်များတွင် ရရှိနိုင်သော ဆီချက်အမျိုးအစားဖြစ်ပြီး ဝက်သားလုံး၊ ဝက်ကမ္ဘာနှင့် ဘဲဥတို့ ပါဝင်သည်။

ဘဲသားဆီချက်: တရုတ်တန်းစတိုင် ဘဲသားကင်ဖြင့် ပြုလုပ်သော ဆီချက်ခေါက်ဆွဲ ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]