မဟာထီးဘုရား
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
မဟာထီးဘုရားသည် လေးမြို့ခေတ် ပုရိန်မြို့ ကောလိယမင်း ကောင်းမှုတော် ဆင်းတု တဆူဖြစ်သည်။ဉာဏ်တော် ၈ ပေ ရှိသည်။
မဟာထီး၏ အဓိပ္ပာယ်[ပြင်ဆင်ရန်]
မဟာထီးဟူသည် မဟာထေရ် ဟူသော ဝေါဟာရ မှဆင်းသက်လာသည်။ မဟာထေရ်ဟူသည် ကြီးမြတ် သောရဟန်းဟု အနက်ရှိကာ မြတ်စွာဘုရားကို ရည်ညွန်းသည်။
တည်နေရာ[ပြင်ဆင်ရန်]
မဟာထီးဘုရားသည် ပုရိန် မြို့ဟောင်း အနောက်တောင် ၃မိုင်ခန့် အကွာ ၊ြောက်ဦးမြို့ တောင်ဘက် ၇မိုင်ခန့် အကွာတွင်တည်ရှိသည်။
သမိုင်း[ပြင်ဆင်ရန်]
မဟာသက္ကရာဇ် ၁၂၃ ခု တွင် မြတ်စွာဘုရားသည် နောက်ပါ ရဟန်းအပါး ၅၀၀ ဖြင့် ဓညဝတီနေပြည် တော်သို့ကြွချီလာရာ သေလာဂီရိျောက်တော်တောင်၌ တထောက်ရပ်နားကာ နောင်သောအခါ ဓာတ်တော်များကိုဌာပနာကာ စေတီများတည်ကြမည့် အြောင်း မိန့်ကြားလေသည်။ စုစုပေါင်း ၂၄၈ ရှိသည့်အနက် မဟာထီးဘုရား လည်းပါဝင်သည်။
မြတ်စွာဘုရား ဗျာဒိတ်တော်အရ သက္ကရာဇ် ၄၈၈ခု ခရစ် ၁၁၂၃ တွင် စန္ဒပဗ္ဗတတောင်ကုန်းတွင် ပုရိန်ပြည့်ရှင် ကောလိယမင်းသည် မဟာထီးဘုရား တည်ထားကိုးကွယ်ခဲ့သည်။ကောလိယမင်းသည် ထိုဒေသရ ျောက်တုံးကို ဘုရားနှင့် ထီး ထုဆစ်ကာ ျောက်ဂူကြီးအတွင်း ျောက်ထီးကြီး မိုးကာ ကိုးကွယ်ခဲ့သည်။
ဆင်းတုတော်ပျက်စီးခြင်း[ပြင်ဆင်ရန်]
အင်္ဂလိပ် မြန်မာ ပထမစစ်တွင် ရခိုင် ဒေသ ၌ တိုက်ပွဲဖြစ်ပွားကြရာ မြန်မာစစ်သည်များသည် မဟာထီးဘုရား ဂူတော်ထဲ ဝင်၍ခုခံကြသဖြင့် အင်္ဂလိပ် စစ်ဗိုလ် ဘော်ရော် ကအြောက်မ နှင့်ပစ်ရာ ဂူတော်တစ်ခုလုံးပြိုကျ ပြီး ဆင်းတုတော်လည်း တစ်စစီ ဖြစ်သွားလေသည်။
ပြန်လည်ပြုပြင်ခြင်း[ပြင်ဆင်ရန်]
မဟာထီးဘုရားဝန်းကျင်မှ ရွာသား များသည် ပျက်စီးသွားသော ဆင်းတု အစိတ်အပိုင်းများ ပြန်လည်ရှာကာပေါင်းစပ်ပြုပြင်ခဲ့ကြသော်လည်း အပြည့်အစုံမွေ့တသဖြင့်လိုအပ်သည့်နေရာတွင် အုတ် အင်္ဂတေ ဖြင့်အစားထိုးခဲ့ရသည်။ ဂူတော်ကိုလည်း မူလအတိုင်းမပြုလုပ်နိုင်တော့ဘဲ အောက်ြေ လေးထောင့်ျောင်းတွင် ထုချွန်ပုံ စေတီတည်ခဲ့ကြသည်။စေတီအေ့ဘက် တွင် သိမ်တော်ရှိသည်။ ကုန်းတော်သို့ တက်ရန် ဘုရင်တက်လမ်းနှင့် မိဖုရားတက်လမ်းဟူ၍ လမ်းနှစ်ခုရှိသည်[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြောက်ဦးမြို့ ထင်ရှားသော ဘုရားများ သမိုင်း