ပုဂံခေတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Pagan Empire c. 1210
ဤဆောင်းပါးသည် မြန်မာ့သမိုင်း
တစိတ်တဒေသဖြစ်သည်။
WikiProject Burma (Myanmar) peacock.svg
ခေတ်ဦးမြန်မာ့သမိုင်း
ပျူမြို့ပြနိုင်ငံများ ( ဘီစီ ၁၀၀ - အေဒီ ၈၄၀)
မွန်တိုင်းပြည်များ (၉ ရာစု - ၁၁ ရာစု၊ ၁၃ရာစု - ၁၆ ရာစု၊ ၁၈ ရာစု)
ပုဂံခေတ် (၈၄၉-၁၂၈၇ ပထမမြန်မာနိုင်ငံတော်)
အင်းဝခေတ် (၁၃၆၄-၁၅၅၅)
ပဲခူး (၁၂၈၇-၁၃၅၉၊ ၁၇၄၇-၁၇၅၇)
မြောက်ဦး (၁၄၃၄-၁၇၈၄)
တောင်ငူ-ဟံသာဝတီခေတ် (၁၄၈၆-၁၇၅၂ ဒုတိယမြန်မာနိုင်ငံတော်)
ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅ တတိယမြန်မာနိုင်ငံတော်)
အင်္ဂလိပ်မြန်မာစစ်ပွဲများ (၁၈၂၄-၁၈၂၆, ၁၈၅၂, ၁၈၈၅)
British Arakan (1824–1852)
British Tenasserim (1824–1852)
British Lower Burma (1852–1886)
British Upper Burma (1885–1886)
ကိုလိုနီခေတ် (၁၈၂၄–၁၉၄၂, ၁၉၄၅-၁၉၄၈)
တို့ဗမာအစည်းအရုံး (၁၈၈၆ နောက်ပိုင်း)
ဒေါက်တာဘမော်
ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်ကိုလိုနီခေတ် (၁၉၄၂-၁၉၄၅)
လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၂)
ဦးနုနှင့် ဦးသန့်
မဆလခေတ် (၁၉၆၂-၁၉၈၉)
ဗိုလ်ချုပ်ကြီးနေဝင်း
ရှစ်လေးလုံးအရေးအခင်း (၁၉၈၈)
ဒေါ်အောင်ဆန်းစုကြည်
နအဖခေတ် (၁၉၈၉–၂၀၀၉)
ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇)
နာဂစ်မုန်တိုင်း (၂၀၀၈)
ဒီမိုကရေစီအစိုးရခေတ် (၂၀၁၀–ယခုထိ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (၂၀၁၀-၂၀၁၆)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၀၁၆-ယခုထိ)
[ဤဇယားအားပြင်ဆင်ရန်]

ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားများ ရောက်လာပြီးနောက်တွင် တဖြည်းဖြည်းနှင့် အင်အားအကြီးဆုံး အနေအထားသို့ ရောက်ချိန်ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံနီးပါးမျှ ကျယ်ဝန်းသည့် ပိုင်နက်ကိုလည်း သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့သည်။ ပျူတို့နောက်တွင် ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်ခြင်းဖြစ်သည်။

အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင် အခြေချပြီး တစ်နယ်တစ်မင်း ထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သည့်အခါ ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ် အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော် အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇဝင်သာရှိပြီး တိကျသည့် သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားများကို အစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး နိုင်ငံရေး ဩဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။

သို့သော် ၎င်းအလွန်တွင်နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျရောက်ခဲ့ပြီး ၎င်းလည်း ရန်သူ့လက်ချက်ဖြင့် အနိစ္စရောက်ရသည်။ ၎င်းအလွန်တွင် နန်းစံကြသည့် ကျန်စစ်သား နှင့် အလောင်းစည်သူ မင်းများလက်ထက်တွင် တစ်ဖန်အင်အားဩဇာ ပြည့်ဝကြသော်လည်း ထိုမင်းများလွန်လျှင် ပုဂံ၏ဩဇာမှာ တစ်ဖန်ကျဆင်းသွားရပြန်သည်။

နောက်ဆုံး အေဒီ ၁၂၈၇ နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ စစ်ရန်ကြောင့် ပုဂံမှာ ပျက်စီးခဲ့သည်။ မွန်ဂိုတို့ မြန်မာနိုင်ငံမှ တပ်ပြန်ရုပ်သိမ်းအပြီး နန်းတက်ကြသည့် ကျစွာစောနစ်စောမွန်နစ်တို့မှာ ပုဂံမင်းဟုသာ အသိအမှတ်ပြုခံရပြီး အမှန်တကယ်တွင် ဩဇာရှိကြသည်မှာ ရှမ်းညီနောင်သုံးဦးဖြစ်သည့် အသင်္ခယာ၊ ရာဇသင်္ကြံ၊ သီဟသူ တို့ဖြစ်ကြသည်။ အချို့သမိုင်းဆရာတို့က ထိုကာလကို မြင်စိုင်းခေတ် (သို့မဟုတ်) ပထမရှမ်းခေတ် အဖြစ်လည်း သတ်မှတ်ကြသည်။

ပုဂံခေတ်ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းမှာ မင်းများညံ့ဖျင်းခြင်း၊ မွန်ဂိုတို့၏ ရန်စစ်ကိုခံရခြင်းအပြင် မြောက်ဘက်နှင့် အရှေ့ဘက်တစ်လွှားတို့မှ ရှမ်းလူမျိုးများ အလယ်ပိုင်းမြေပြန့်ဒေသများအတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု သမိုင်းပညာရှင်တစ်ချို့က သုံးသပ်ကြသည်။

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။