မာတိကာသို့ ခုန်သွားရန်

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ

ဝီကီပီးဒီးယား မှ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
ဥက္ကဋ္ဌဦးနေမျိုးဝေ
တည်ထောင်ခြင်းဇူလိုင် ၁၅၊ ၂၀၂၄; ၁၉ လ အကြာက (၂၀၂၄-၀၇-15)
ဌာနချုပ်အခန်း(၂/၂/၂၃၂)၊ မဟော်ဂနီလမ်း၊ ထောက်ကြန့် တိုးချဲ့ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။
မှတ်ပုံတင်အမှတ်၅၀
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (အင်္ဂလိပ်: Peace and Diversity Party) သည် ၂၀၁၀ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီဥက္ကဋ္ဌမှာ ဦးနေမျိုးဝေ ဖြစ်သည်။


ပါတီမှတ်ပုံတင်ခြင်း

[ပြင်ဆင်ရန်]

၂၀၁၀ မတ်လ ၂၂ ရက် တွင် ပထမအကြိမ် မှတ်ပုံတင်ကာ နိုင်ငံရေးပါတီအဖြစ်ရပ်တည်ခဲ့သည်။ဆက်၍ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၅၀) ဖြင့် ခွင့်ပြုခဲ့သည်။[]

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

[ပြင်ဆင်ရန်]

၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲမှ စ၍ ရွေးကောက်ပွဲအဆက်ဆက် ဝင်ပြိုင်ခဲ့သည်။ [] တစ်နေရာမှ မရခဲ့ပေ။

ကိုးကား

[ပြင်ဆင်ရန်]
  1. မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း ပြန်ကြားရေးဝန်ကြီးဌာန။ 22 August 2025 တွင် ပြန်စစ်ပြီး။
  2. မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ BBC Burmee။ 22 August 2025 တွင် ပြန်စစ်ပြီး။