မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၁၇ မေ ၂၀၁၆
ဖျက်သိမ်းခြင်း၁၉ ဖေ​ဖော်ဝါရီ ၂၀၂၁
ဌာနချုပ်ရုံးအမှတ် (၂၀)[]နေပြည်တော်
ဌာနအကြီးအမှူးများနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of State Counsellor’s Office) သည် မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လုပ်ငန်းဆောင်တာများကို တာဝန်ခံသော ဝန်ကြီးဌာန ဖြစ်သည်။[][]၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းတွင် ဝန်ကြီး ဦးကျော်တင့်ဆွေပါ ထိန်းသိမ်းခံခဲ့ရသည်။[]ထို့နောက် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ ဝန်ကြီးဌာနနှင့် ရုံးအားဖျက်သိမ်းခဲ့သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၂၀၁၆ခုနှစ်တွင် အစိုးရအသစ် တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ထို့နောက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား တာဝန်ခံရသည့် နိုင်ငံတော်အတိုင်ပင်ခံရုံးကို ဝန်ကြီးဌာနအဆင့် ဖြင့် ဖွဲ့စည်းရန် သမ္မတဦးထင်ကျော်က လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။ ၎င်းတို့အစိုးရအသစ်က ဖော်ဆောင်မည့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့်ကဏ်ဍများအား လုပ်ဆောင်ရာတွင် ထိရောက်အောင်မြင်နိုင်ရန် လုပ်ငန်းတာဝန်များအား ဆက်စပ်ဆောင်ရွက်ပေးမည့် ဝန်ကြီးဌာနတစ်ခု လိုအပ်သောကြောင့် ဖွဲ့စည်းပေးနိုင်ပါရန် တင်ပြခဲ့သည်။[][] ထို့နောက် လွှတ်တော်က သဘောတူခဲ့သဖြင့် ၂၀၁၆ခုနှစ် ​မေလ ၁၇ရက်​နေ့တွင် ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ကာ ဦးကျော်တင့်ဆွေအား ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ဖျက်သိမ်းခြင်း

[ပြင်ဆင်ရန်]

စစ်အာဏာသိမ်းမှုအပြီးတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၇၄/၂၀၂၁ ဖြင့် ဝန်ကြီးဌာနကို ဖျက်သိမ်းခဲ့သည်။[]

ဦးစီးဌာနများ

[ပြင်ဆင်ရန်]
  • ပြည်ထောင်စုဝန်ကြီးရုံး
  • ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန
  • မူဝါဒရေးရာဦးစီးဌာန

အကြီးအကဲများ

[ပြင်ဆင်ရန်]

ဝန်ကြီးများစာရင်း

[ပြင်ဆင်ရန်]
No. ပုံ အမည်
(မွေးဖွား–ကွယ်လွန်)
ရာထူးသက်တမ်း နိုင်ငံရေးပါတီ အစိုးရအဖွဲ့
ရာထူးစတင် ရာထူးပြီးဆုံး တာဝန်သက်တမ်း
ဦးကျော်တင့်ဆွေ ၁၇ မေ ၂၀၁၆ ၃၁ ဇန်နဝါရီ ၂၀၂၁  နှစ်၊ ၃၃၀ ရက် ပြင်ပ

ဒုတိယဝန်ကြီးများစာရင်း

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Ministry of the Office of the State Counsellor 2 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 July 2021 တွင် ပြန်စစ်ပြီး။
  2. List of Union Government 3 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2021 တွင် ပြန်စစ်ပြီး။
  3. Union Minister 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2021 တွင် ပြန်စစ်ပြီး။
  4. Myanmar Military Regime Detains More Members of Ousted Govt in Late Night Raidst 16 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2021 တွင် ပြန်စစ်ပြီး။
  5. Myanmar's Ministry of State Counsellor Office revoked 26 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2021 တွင် ပြန်စစ်ပြီး။
  6. "နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနထားရှိဖို့ သမ္မတ သဝဏ်လွှာပို့"။[လင့်ခ်သေ]
  7. "နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအပေါ် အမြင်တချို့"။
  8. မြန်မာနိုင်ငံပြန်တမ်း ပြန်ကြားရေးဝန်ကြီးဌာန (၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့)။ 15 August 2025 တွင် ပြန်စစ်ပြီး။
  9. 1 2 "ဒုတိယဝန်ကြီး ၂၄ ဦးအား တာဝန်မှရပ်စဲကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်"။
  10. "နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုဝန်ကြီးများ ခန့်အပ်"။