စစ်ကိုင်းခေတ်

ဝီကီပီးဒီးယား မှ

စစ်ကိုင်းခေတ် (၁၃၁၅-၁၃၆၄) သည် ပုဂံခေတ် ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာသော၊ မြန်မာ အလယ်ပိုင်းဒေသ ဧရာဝတီမြစ် အနောက်ပိုင်းရှိ နိုင်ငံငယ် တစ်ခု ဖြစ်သည်။ စစ်ကိုင်းသည် ဧရာဝတီမြစ် အရှေ့ပိုင်းကို လွှမ်းမိုးသော၊ ပင်းယနှင့် နိုင်ငံပြိုင် ဖြစ်သည်။ ဤနိုင်ငံကို အသင်္ခယာ စောယွန်း က ၁၃၁၅ခု တွင်၊ တည်ထောင်ခဲ့သည်။ ၁၃၆၄ ခု တွင်၊ မောရှမ်းတို့ ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယ နိုင်ငံများ ပျက်စီးခဲ့သည်။ ထိုနှစ်တွင်ပင်၊ အသင်္ခယာ စောယွန်း၏ မြေး သတိုးမင်းဖျား (သတိုးမင်းဘုရား) က အင်းဝခေတ်ကို တည်ထောင်သည်။

စစ်ကိုင်းမင်းဆက်[ပြင်ဆင်ရန်]

(၁) အသင်္ခယာ စောယွန်း (၁၃၁၅-၁၃၂၃)
(၂) တရဖျားကြီး (၁၃၂၃-၁၃၃၆)
(၃) ရွှေတောင်တက် (၁၃၃၆-၁၃၄၀)
(၄) ကျော်စွာမင်း (စစ်ကိုင်း) (၁၃၄၀-၁၃၅၀)
(၅) နော်ရထာ မင်းရဲ (၁၃၅၀)
(၆) တရဖျားငယ် (၁၃၅၀-၁၃၅၃)
(၇) မင်းပြောက် သီဟပတေ့ (၁၃၅၃-၁၃၆၄)

ဆက်စပ်သော နိုင်ငံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]