ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
| ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | |
|---|---|
| ဥက္ကဋ္ဌ | ဦးစိန်လှကျော် |
| တည်ထောင်ခြင်း | မေ ၅၊ ၂၀၂၃ |
| ဌာနချုပ် | စစ်တွေမြို့၊ ရခိုင်ပြည်နယ် |
| မှတ်ပုံတင်အမှတ် | ၁၃ |
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Kha Mee National Development Party) သည် ၂၀၁၀ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီဥက္ကဋ္ဌမှာ ဦးစိန်လှကျော် ဖြစ်သည်။[၁]
ပါတီမူဝါဒ
[ပြင်ဆင်ရန်]ခမီကဲ့သို့ လူနည်းစု တိုင်းရင်သားများ၏ အခွင့်အရေး ပိုမိုရရှိရေး။ ခမီတိုင်းရင်းသားများ၏ လူနေမူဘဝ ပိုမိုမြှင့်တင်တိုးတက်ရေး။[၁]
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၃) ဖြင့် ခွင့်ပြုခဲ့သည်။ [၂]
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အကွက် (၁)၊ ဆင်ကူးလမ်း၊ အမှတ် (၁၁၄)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသည်။
ရွေးကောက်ပွဲဝင်ပြိုင်မှု
[ပြင်ဆင်ရန်]၂၀၁၅
[ပြင်ဆင်ရန်]ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် (၂) နေရာနှင့် ရခိုင်ပြည်နယ်လွှတ်တော် (၃) နေရာတွင် ဝင်ပြိုင်ခဲ့သည်။[၃] နေရာရရှိမှု မရှိခဲ့ပေ။
၂၀၂၀
[ပြင်ဆင်ရန်]ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် သုံးမြို့နယ်၌ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာနှင့် ပြည်နယ်လွှတ်တော် (အမှတ် ၁) ၁ နေရာ စုစုပေါင်း သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများမှာ မြောက်ဦးမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ဦးဖြူထွန်း၊ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဦးထွန်းလှကျော် နှင့် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွက် ဦးကံစိန် တို့ ဖြစ်ကြပါသည်။ [၄]အနိုင်မရခဲ့ပေ။
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ။ Union Election Commission။ BBC News (၂၀၁၅-၀၉-၂၉)။ ၂၀၂၀-၀၉-၁၃ တွင် ပြန်စစ်ပြီး။
- ↑ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ NPE။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ။ MERIN။ 22 August 2025 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ။ Myanmar Digital News။ 22 August 2025 တွင် ပြန်စစ်ပြီး။