တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ဝီကီပီးဒီးယား မှ
မြန်မာနိုင်ငံ ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Commander in Chief flag of Myanmar.svg
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အလံတော်
Min Aung Hlaing (17 August 2019).jpg
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မတ် ၃၀၊ ၂၀၁၁ (၂၀၁၁-၀၃-၃၀) မှစ၍
 တပ်မတော်
ပုံစံHis Excellency
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အဖွဲ့ဝင်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
အစီရင်ခံရသူနိုင်ငံတော် သမ္မတ
စံအိမ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေအိမ်၊ စစ်ရုံး၊ နေပြည်တော်
ရုံးတည်နေရာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်
ခန့်အပ်သူနိုင်ငံတော် သမ္မတ
(အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့်)[၁]
ဖွဲ့စည်းပုံ အခြေခံဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
ယခင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ဖွဲ့စည်းခြင်း၁၉၄၅ ခုနှစ်
တည်ထောင်သူရဲဘော်သုံးကျိပ်
ပထမဆုံး ထမ်းဆောင်သူဗိုလ်ချုပ် အောင်ဆန်း
အခြားအမည်တပ်ချုပ်၊ ကာချုပ်၊
လက်ထောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
အဆင့် / တံဆိပ် အဆောင်အယောင်များ
18. Myanmar Army SGEN.svg
ဗိုလ်ချုပ်မှူးကြီး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာနိုင်ငံ တပ်မတော်၏အကြီးအကဲဖြစ်သည်။ စစ်သေနာပတိ ဟူ၍လည်း ခေါ်ဆိုသည်။ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲလည်း ဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ဂ) တွင် ပြဋ္ဌာန်းထားသည်။[၂] နိုင်ငံတော် အစိုးရမှ တရားဝင်ထုတ်ပြန်ထားသော ပြည်ထောင်စုအင်္ဂါစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့် ၈ တွင် ရှိသော်လည်း တပ်မတော်မှ ၎င်းသည် ဒုတိယသမ္မတ အဆင့်ရှိသူဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။[၃]

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များစာရင်း
စဉ် ဓာတ်ပုံ ပြန်တမ်းဝင်အမှတ် ရာထူးအဆင့်နှင့်အမည် တာဝန်သက်တမ်း ထမ်းဆောင်သည့်တပ်ဖွဲ့ မှတ်ချက်
၁။ Aung San in uniform.jpg - ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၅ – ၁၉ ဇူလိုင် ၁၉၄၇ ဗမာ့ကာကွယ်ရေးတပ်မတော် ခေတ်သစ်မြန်မာ့တပ်မတော် တည်ထောင်သူ၊ ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်လည်းဖြစ်သည်။ ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်တွင် စစ်ဦးစီးချုပ်ဖြစ်ခဲ့သည်။ စစ်ပြီးကာလတွင် ကာကွယ်ရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခဲ့သည်။
၂။ Bo Let Ya (Thakin Hla Pe).jpg BC 3501 ဗိုလ်မှူးချုပ် လက်ျာ ၁၉ ဇူလိုင် ၁၉၄၇ – ၄ ဇန်နဝါရီ ၁၉၄၈ တပ်မတော် (ကြည်း) ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သည်။ တပ်မတော်ကို အာဏာလွှဲခြင်းနှင့်ပက်သက်သည့် လက်ျာ-ဖရီးမင်း စာချုပ်ကို ချုပ်ဆိုခဲ့သူလည်းဖြစ်သည်။ ၁၉၄၈ တွင် ရာထူးမှအနားယူခဲ့ရသည်။
၃။ Smith Dun.jpg BC 5106 ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၄ ဇန်နဝါရီ ၁၉၄၈ – ၃၁ ဇန်နဝါရီ ၁၉၄၉ တပ်မတော် (ကြည်း) ကရင်လူမျိုးဖြစ်ပြီး ကရင်ပြည်တွင်းစစ်ကြောင့် အငြိမ်းစားပေးခံခဲ့ရသည်။
၄။ President Ne Win.JPG BC 3502 ဗိုလ်ချုပ်ကြီး နေဝင်း ၁ ဖေဖော်ဝါရီ ၁၉၄၉ – ၂၀ ဧပြီ ၁၉၇၂ တပ်မတော် (ကြည်း) နောက်ပိုင်းတွင်နိုင်ငံတော်သမ္မတနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ရာထူးကိုတပ်မတော်၏ စစ်ဦးစီးအရာရှိချုပ်အဖြစ် သတ်မှတ်ခဲ့သည်။
၅။ BC 3569 ဗိုလ်ချုပ်ကြီး စန်းယု ၂၀ ဧပြီ ၁၉၇၂ – ၁ မတ် ၁၉၇၄ တပ်မတော် (ကြည်း) နောက်ပိုင်းတွင်နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။
၆။ Tin Oo arrives to attend a ceremony (cropped).jpg BC 3561 ဗိုလ်ချုပ်ကြီး သူရ တင်ဦး ၁ မတ် ၁၉၇၄ – ၆ မတ် ၁၉၇၆ တပ်မတော် (ကြည်း) နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
၇။ ThuraKyawHtin.jpg BC 5322 ဗိုလ်ချုပ်ကြီး သူရကျော်ထင် ၆ မတ် ၁၉၇၆ – ၃ နိုဝင်ဘာ ၁၉၈၅ တပ်မတော် (ကြည်း) အသက် ၆၀ တွင် အငြိမ်းစား ယူခဲ့သည်။
၈။ BC 6187 ဗိုလ်ချုပ်မှူးကြီး စောမောင် ၄ နိုဝင်ဘာ ၁၉၈၅ – ၂၂ ဧပြီ ၁၉၉၂ တပ်မတော် (ကြည်း) ၁၉၈၈ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်း၍အာဏာသိမ်းယူခဲ့သည်။ ၁၉၉၂ တွင် ကျန်းမာရေးကြောင့် အငြိမ်းစားယူခဲ့ရသည်။ ရာထူးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် သတ်မှတ်ခဲ့သည်။
၉။ Than Shwe 2010-10-11.jpg BC 6710 ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၂ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁ တပ်မတော် (ကြည်း) နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သည်။ ၂၀၁၁ တွင် အငြိမ်းစားယူခဲ့သည်။
၁၀။ Senior General Min Aung Hlaing 2017 (cropped).jpg BC 14232 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃၀ မတ် ၂၀၁၁ – လက်ရှိ တပ်မတော် (ကြည်း) ၂၀၂၁ တွင် အာဏာသိမ်းပိုက်ခဲ့သည်။ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
  2. ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း (၂၇ ဖေဖော်ဝါရီ ၂၀၂၀)။ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ဂ) အား ပယ်ဖျက်ခြင်းမပြုသင့်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး။ Eleven Media Group။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. စိုင်းဝဏ္ဏ (၅ နိုဝင်ဘာ ၂၀၂၀)။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယသမ္မတအဆင့်ရှိသူဟု တပ်မတော်ထုတ်ပြန်မြန်မာတိုင်း(မ်)။ 13 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။