ရန်ကုန်တိုင်းဒေသကြီး

ဝီကီပီးဒီးယား မှ
ရန်ကုန်တိုင်းဒေသကြီး
တိုင်းဒေသကြီး
ရန်ကုန်တိုင်းဒေသကြီး အလံ
အလံတော်
ရန်ကုန်တိုင်းဒေသကြီး၏ တံဆိပ်တုံး
အမှတ်တံဆိပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°0′N 96°10′E / 17.000°N 96.167°E / 17.000; 96.167ကိုဩဒိနိတ်: 17°0′N 96°10′E / 17.000°N 96.167°E / 17.000; 96.167
နိုင်ငံ မြန်မာ
ဒေသအောက်မြန်မာပြည်
မြို့တော်ရန်ကုန်မြို့
အစိုးရ
 • ​ဝန်ကြီးချုပ်ဦးစိုးသိန်း
 • အစိုးရအဖွဲ့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၁၀၂၇၆.၇ စတုရန်းကီလိုမီတာ (၃၉၆၇.၉ စတုရန်းမိုင်)
ဧရိယာအဆင့်၁၄
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၇,၃၆၀,၇၀၃
 • အဆင့်
 • သိပ်သည်းမှု၇၂၀/km (၁၉၀၀/sq mi)
Demographics
 • လူမျိုးများမြန်မာကရင်ရခိုင်တရုတ်အိန္ဒိယမွန်တခြား
 • ကိုးကွယ်မှုဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာ
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ISO 3166 ကုဒ်MM-06
စာတတ်မြောက်မှုနှုန်း (၂၀၁၄)၉၆.၆%[၂]
ဝက်ဘ်ဆိုဒ်yangon.gov.mm

ရန်ကုန်တိုင်းဒေသကြီး (အင်္ဂလိပ်: Yangon Region; သတ်ပုံဟောင်း: "Rangoon Division") သည် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတို့တွင် အကျဉ်းဆုံးဖြစ်ပြီး လူနေအထူထပ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးနှင့် မုတ္တမပင်လယ်ကွေ့တို့ဖြင့် ဝန်းရံထားသည်။ မြို့တော်မှာ ရန်ကုန်မြို့ ဖြစ်သည်။


၁၉၇၂-ခုနှစ်၊ ဩဂုတ်လမှစ၍ အုပ်ချုပ်ရေး စနစ်သစ် ဖော်ထုတ်ရေးအစီအစဉ်အရ ယခင်တည်ရှိခဲ့သော ခရိုင်အဆင့်များ ဖျက်သိမ်းချိန်နှင့်အတူ၊ ရန်ကုန်တိုင်းကိုလည်း ဖွဲ့စည်းခဲ့သည်။ ယခင်ပဲခူးတိုင်းတွင် ပါဝင်ခဲ့သော မြို့နယ်အချို့မှာ ရန်ကုန်တိုင်းအတွင်း ပါဝင်လာသည်။ ရန်ကုန်မြို့တော်အတွင်းရှိ ယခင်ရပ်ကွက်ကြီးများမှာလည်း ရန်ကုန်တိုင်း၏ မြို့နယ်များအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းအပါအဝင် မြို့နယ်ပေါင်း (၄၀) ပါဝင်တည်ရှိခဲ့သည်။[၃]

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ရန်ကုန်ကမ်းရိုးတမ်းဒေသသည် ပိုမိုကျယ်ပြန့်သည့် တောင်ပိုင်းမြစ်ဝကျွန်းပေါ်အတွင်း တည်ရှိပြီး အနောက်ဘက်တွင် ဧရာဝတီဒေသကြီး၊ မြောက်ဘက်နှင့်အရှေ့ဘက်တွင် ပဲခူးဒေသကြီးနှင့် တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့တို့ တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးသည် စတုရန်းကီလိုမီတာ ၁ဝ၁၇၁ ကျယ်ဝန်းပြီး၊ အုပ်ချုပ်ရေးအရ မြို့နယ် (၄၅)မြို့နယ် ခွဲခြားထားသည်။ ကုန်းမြေဧရိယာအားဖြင့် မြန်မာနိုင်ငံ၏ အသေးဆုံး တိုင်းဒေသကြီးဖြစ်သော်လည်း ၂၀၁၄-ခုနှစ်၊ သန်းခေါင်စာရင်းအရ ၇,၃၆၀,၇၀၃ ဦး[၁]ဖြစ်ပြီး လူဦးရေအထူထပ်ဆုံး ဖြစ်ကာ၊ လူဦးရေသိပ်သည်းမှုမှာ ၁ စတုရန်းကီလိုမီတာလျှင် ၅၈၆ ယောက် ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး လူဦး ရေ၏ ၆၇% သည် မြို့ပြဒေသတွင်နေထိုင်ကြပြီး၊ ကျန်ရှိသော ၃၃% သည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်။ ရန်ကုန်သည် မြို့ပြဒေသတွင်နေထိုင်သော လူဦးရေရာခိုင်နှုန်းအများဆုံး ဒေသကြီးဖြစ်သည်။ ရန်ကုန် တောင်ပိုင်းဒေသသည် တိုင်းပြည်အတွင်းရှိ အထူးစီးပွားရေးဇုန် ၃ ခု ထဲမှ တစ်ခုဖြစ်သည့် သီလဝါအထူးစီးပွား ရေးဇုန် တည်ရှိရာဒေသ လည်းဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၂၀မိနစ် မှ ၁၇ ဒီဂရီ ၅၀ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၃၅ ဒီဂရီ ၄၅ မိနစ် မှ ၉၆ ဒီဂရီ ၄၆ မိနစ်အတွင်း တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကိုကိုးကျွန်းအပါအဝင် စုစုပေါင်း ဧရိယာ ၃,၉၂၇.၁၅ စတုရန်းမိုင် ကျယ်ဝန်းသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီး စွတ်စိုသော ရာသီဥတုရှိသည်။ ပျှမ်းမျှ အားဖြင့် အပူဆုံးအချိန်ဖြစ်သည့် ဧပြီလတွင် ၉၅ ဒီဂရီဖာရင်ဟိုက် ရှိသည်။ နေ့ခင်းဘက်အပူချိန်မှာ ၁၀ဝ ဒီဂရီမှ ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိ ရှိတတ်သည်။ အအေးဆုံးဖြစ်သည့် ဒီဇင်ဘာလတွင် အပူချိန်မှာ ၇၇ ဒီဂရီဖာရင်ဟိုက်ရှိပြီး ညဘက်အပူချိန်မှာ ၆၀ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းတတ်သည်။ ပျှမ်းမျှမိုးရေချိန်မှာ ၁၀၃ လက်မထိရှိသည်။ မိုးကာလမှာ မေလမှ အောက်တိုဘာလ အထိ ရှည်လျားပြီး ဇူလိုင်လနှင့် ဩဂုတ်လများမှာ မိုးအများဆုံးရွာသွန်းလေ့ရှိ သည့်လများဖြစ်သည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

အဓိက အသုံးအများဆုံး စနစ်မှာ မော်တော်ယာဉ်စနစ်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ် ယာဉ်လိုင်းပေါင်း တစ်ရာကျော် ပြေးဆွဲပြီး အများစုမှာ ဆူးလေ တစ်ဝိုက်တွင် အစပြုပြီး ပြေးဆွဲကြခြင်းဖြစ်သည်။ ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းတို့သည် အရေးပါသော နေရာများဖြစ်ကြပြီး ကားအများစုမှာ ယင်းနေရာများသို့ရောက်ရှိကြသည်။ ရန်ကုန်နေလူအများစု၏ နေ့စဉ်သွားလာမှုအတွက် မော်တော်ယာဉ်လိုင်းများမှာ အဓိကအရေးပါသည်။

အခြားအသုံးများသော ပို့ဆောင်ဆက်သွယ်ရေးစနစ်မှာ ရထားဖြစ်သည်။ ရထားများသည် ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ရှိပြီး မြို့တစ်ပါတ်ပါတ်ကာ ရန်ကုန်ဘူတာကြီးမှာပင် အဆုံးသတ်သော မြို့ပါတ်ရထား၊ အင်းစိန်ဘူတာတွင် အဆုံးသတ်သောရထား၊ မင်္ဂလာဒုံဘူတာတွင် အဆုံးသတ်သောရထား၊ လှော်ကားသို့သွားသောရထား၊ တိုးကြောင်ကလေးဘက်သို့ သွားသောရထားစသည်ဖြင့် အမျိုးမျိုးရှိသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီ ၁၆ မှစ၍ စနစ်ဟောင်း မ.ထ.သ ကိုဖျက်သိမ်းပြီး ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု YBS စနစ်ကို စတင်ခဲ့သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

မြို့တော်[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းဒေသကြီး၏မြို့တော်မှာ ရန်ကုန်မြို့ ဖြစ်သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

၂၀၁၁ခုနှစ် စနစ်သစ်စတင်ချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ အုပ်ချုပ်လျက်ရှိသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသည် ရွှေတိဂုံဘုရားအနောက်ဘက် ပြည်လမ်းနှင့် အလုံလမ်းထောင့်တွင် တိုင်းဒေသကြီးလွှတ်တော်နှင့် ပူးတွဲဖွင့်လှစ်ထားသည်။ ထိုနေရာသည် ကိုလိုနီခေတ်က ဘုရင်ခံအိမ်တော်၊ လွတ်လပ်ရေးရပြီးစတွင် သမ္မတအိမ်တော်၊ ဆိုရှယ်လစ်ခေတ်တွင် ပြည်သူ့လွှတ်တော် နေရာဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအမည်ဖြင့် အုပ်ချုပ်ခဲ့သည်။

တိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံးနှင့်လွှတ်​တော်

ဥပဒေပြုရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်

၂၀၁၁ခုနှစ် စနစ်သစ်စတင်ချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိလွှတ်တော်အဆောက်အဦးမှာ ၁၉၇၄ခုနှစ်မှ ၁၉၈၈ခုနှစ်အတွင်း ပြည်သူ့လွှတ်တော် ကျင်းပရာ အဆောက်အဦးဖြစ်သည်။

တရားစီရင်ရေး[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်လက်အောက်တွင် ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ စည်ပင်သာယာတရားရုံးများနှင့် အထူးတရားရုံးများ တည်ရှိသည်။ တရားလွှတ်​တော်တည်​နေရာမှာ ယခင် ပြည်​ထောင်စုတရားရုံးချုပ်တည်ရှိခဲ့ရာ အ​ဆောက်အဦးဖြစ်သည်။

တိုင်း​ဒေသကြီးတရားလွှတ်​တော်

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းဒေသကြီး မြေပုံ

ယခင်က ရန်ကုန်တိုင်း​ဒေသကြီးတွင် အ​ရှေ့ပိုင်း၊ အ​နောက်ပိုင်း၊ ​တောင်ပိုင်း၊ ​မြောက်ပိုင်းဟူ၍ ခရိုင် (၄)ခုသာရှိခဲ့သည်။၂၀၂၂ခုနှစ် ဧပြီလ (၃၀) ရက်​နေ့တွင် ထိုခရိုင်များကို (၁၄)ခရိုင်အထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ခရိုင်ရှိမြို့နယ်[ပြင်ဆင်ရန်]

တိုက်ကြီးခရိုင်
Taikkyi district.svg
တိုက်ကြီးမြို့နယ်
လှည်းကူးခရိုင်
Hlegu district.svg
လှည်းကူးမြို့နယ်
မှော်ဘီခရိုင်
Hmawbi district.svg
မှော်ဘီမြို့နယ် • ထန်းတပင်မြို့နယ်
မင်္ဂလာဒုံခရိုင်
Mingaladon district.svg
မင်္ဂလာဒုံမြို့နယ် • ရွှေပြည်သာမြို့နယ်
အင်းစိန်ခရိုင်
Insein district.svg
အင်းစိန်မြို့နယ် • လှိုင်သာယာအရှေ့ပိုင်းမြို့နယ် • လှိုင်သာယာအနောက်ပိုင်းမြို့နယ်
သန်လျင်ခရိုင်
Thanlyin district with cocokyun.svg
သန်လျင်မြို့နယ် • သုံးခွမြို့နယ် • ကျောက်တန်းမြို့နယ် • ခရမ်းမြို့နယ် • ကိုကိုးကျွန်းမြို့နယ်
တွံတေးခရိုင်
Twantay district.svg
တွံတေးမြို့နယ် • ကွမ်းခြံကုန်းမြို့နယ် • ကော့မှူးမြို့နယ် • ဆိပ်ကြီးခနောင်တိုမြို့နယ် • ဒလမြို့နယ်
ကျောက်တံတားခရိုင်
Kyauktada district.svg
ကျောက်တံတားမြို့နယ် • ပန်းဘဲတန်းမြို့နယ် • လမ်းမတော်မြို့နယ် • လသာမြို့နယ် • ဒဂုံမြို့နယ်
အလုံခရိုင်
Ahlon district.svg
အလုံမြို့နယ် • ကြည့်မြင်တိုင်မြို့နယ် • စမ်းချောင်းမြို့နယ်
မရမ်းကုန်းခရိုင်
Mayangon district.svg
မရမ်းကုန်းမြို့နယ် • လှိုင်မြို့နယ် • မြောက်ဥက္ကလာပမြို့နယ်
သင်္ဃန်းကျွန်းခရိုင်
Thingangyun district.svg
သင်္ဃန်းကျွန်းမြို့နယ် • တောင်ဥက္ကလာပမြို့နယ် • တာမွေမြို့နယ် • ရန်ကင်းမြို့နယ်
ဗိုလ်တထောင်ခရိုင်
Botahtaung district.svg
ဗိုလ်တထောင်မြို့နယ် • ဒေါပုံမြို့နယ် • မင်္ဂလာတောင်ညွန့်မြို့နယ် • ပုဇွန်တောင်မြို့နယ် • သာကေတမြို့နယ်
ဒဂုံမြို့သစ်ခရိုင်
Dagonmyothit district.svg
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် • ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် • ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် • ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်
ကမာရွတ်ခရိုင်
Kamayut district.svg
ကမာရွတ်မြို့နယ် • ဗဟန်းမြို့နယ်

မြို့ပေါင်း (၂၁) မြို့၊ ရပ်ကွက်ပေါင်း (၇၄၃) ကွက်၊ ကျေးရွာအုပ်စု (၆၂၁) အုပ်စု၊ ရွာပေါင်း (၂၁၄၃) ရွာ ရှိသည်။[၄]

စိတ်ဝင်စားဖွယ်နေရာများ[ပြင်ဆင်ရန်]

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့[ပြင်ဆင်ရန်]

ဒေသထွက်ကုန်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၀။
  2. The Union Report: Census Report Volume 2။ The 2014 Myanmar Population and Housing Census။ Nay Pyi Taw: Ministry of Immigration and Population။ 2015။ p. 12။
  3. မှတ်တမ်းသမိုင်း ဒဂုံ-ဧရာ-တနင်္သာတိုင်း၊ လွင်မောင် ရေး၊ ၁၉၇၈-ခုနှစ်၊ ဩဂုတ်လ ထုတ်၊ (ပ အကြိမ်)၊ စာ-၉
  4. တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
  5. D.P.S. MYANMAR GUIDE MAP. 2000.
  6. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်