ဆင်ဆေးရုံ

ဝီကီပီးဒီးယား မှ

တောင်ငူ(တောင်)သစ်ထုတ်ရေးဒေသ၊ ဆင်ဆေးရုံအား တောင်ငူခရိုင် အုတ်တွင်း မြို့နယ်၊ အုတ်တွင်းပေါက်ခေါင်းကားလမ်း၏ အရှေ့ဘက်ခပေါင်းကြိုးပြင် ကာကွယ်တောခုတ်ကွက်ကြီးအမှတ်(XVII)မှ ဧရိယာ(၆၁၇)ဧကနှင့် ဘုန်းတောင် ကြိုးဝိုင်းအကွက်အမှတ်(၃၃ မှ ၄၀၊ ၄၂၊ ၄၇) ဧရိယာ(၄၄၂၄)ဧက၊ စုစုပေါင်း (၅၀၄၁)ဧကအား သဘာဝနယ်မြေအဖြစ် သတ်မှတ်ရန်တင်ပြ၍ တည်ဆောက် ထားသည်။ ဆင်ဆေးရုံသည် တောင်ငူမြို့မှ(၃၆)မိုင်၊ အုတ်တွင်းမြို့မှ(၂၆)မိုင် ကွာဝေးပြီး၊ အုတ်တွင်းပေါက်ခေါင်း မဟာဗျူဟာလမ်းဘေး မိုင်တိုင်အမှတ် (၉၉/၆)မှ အတွင်းသို့(၃)မိုင်ခန့်သွားရောက်ရသည်။ ဆင်ဆေးရု့အား အထွေထွေ (မန်နေဂျာ) သစ်ထုတ်ရေးရုံးချုပ်၏ ကြီးကြပ်မှုဖြင့် ၂၀၁၅ ခုနှစ်၊ မေလတွင်စတင် ဆောက်လုပ်ခဲ့သည်။ ဆင်ဆေးရုံတွင် ပင်မဆေးကုသဆောင်(၁)ခု၊ အရန်ဆင် ဆေးကုသဆောင်(၁)ခု၊ ဆင်စခန်းရိပ်သာ(၁)ခု၊ ဆင်ဝန်ထမ်းနေအိမ်(၃၀)လုံး ဆောက်လုပ်ပြီးဖြစ်သည်။ ဆင်ဆေးရုံအနီးတဝိုက်နှင့်ပတ်ဝန်းကျင် တွင် ဆင် နာရုံဆင်ဝိုင်း(၁)၊ ဝန်တင်ဆင်ဝိုင်း(၂)ဝိုင်းရှိပြီး ရေ/မီးအတွက် အဝီစိတွင်း (၃)တွင်း၊ ရေကန်ကြီး(၁)ကန်၊ ရေကန်အသေး(၄)ကန်ရှိပြီး ဆင်ဝန်ထမ်း အိမ်များ ဆိုလာ စနစ်ဖြင့် မီးပေးထားသည်။ ထို့အပြင် ဆင်ဆေးရုံချောင်း တစ်ဘက် ကမ်း၌ဆင်နားနေဆောင်(၂)ဆောင်နှင့် ဆင်ဆေးရုံစာသင်ကျောင်း (၁)ကျောင်းကို ဆောက်လုပ်ပြီးဖြစ်သည်။ ဆင်ဆေးရုံ ဧရိယာအတွင်း ကျွန်းနှင့်အရိပ်ရ သစ်ပင်များ၊ နေဗီယာမြက် စိုက်ပျိုးခြင်းများ အပါအဝင် ဆင်ဆေး ကုသခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 14 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 June 2021 တွင် ပြန်စစ်ပြီး။