ဗောင်းတော်ကျဘုရား

ဝီကီပီးဒီးယား မှ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်အရပ်၊ ၈၁-လမ်း၊ ဘုရားနီဘုရားအနီးတွင် ပုဂံခေတ်က တည်ခဲ့သော စေတီတစ်ဆူ ဖြစ်သည်။ ဗောင်းတော်ကျစေတီကို မြန်မာသက္ကရာဇ် ၅၂၀ပြည့်နှစ်က ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး၏ သားတော် မင်းရှင်စော တည်ထားကိုးကွယ်တော်မူခဲ့ခြင်း ဖြစ်သည်။

မြို့သစ်များတည်[ပြင်ဆင်ရန်]

မင်းရှင်စောသည် ပုဂံပြည်မှ ဗိုလ်ပါသင်းပင်း ဆင်မြင်းအလုံးအရင်းနှင့် ထွက်လာပြီး ပထမဦးစွာ မြစ်ငယ်အရှေ့ဘက် ဒုဌဝတီမြစ်ဘေးတွင် မြို့သစ်တည်၍ စံမြန်းတော်မူသည်။ ထိုမှတဖန် အိုးဒိန်းတောင်အနီး တပြက်သာမြို့ကို တည်တော်မူပြန်သည်။

သာသနာ အညာဆန်ခြင်း[ပြင်ဆင်ရန်]

သာသနာ အညာဆန်သည်ဟူသော အယူအဆအရ မင်းရှင်စောသည် တပြက်သာမြို့မှ အညာသို့ ဆန်တက်လာပြီး မန္တလေး ရွှေတောင်အရပ် ထွန်တုံးပူတက်သို့ ပြောင်းရွှေ့လာပြန်သည်။ မင်းရှင်စော မန္တလေးရွှေတောင်အရပ်တွင် စံမြန်းနေစဉ် သာသနာ ငါးထောင်တည်ရစ်စေခြင်းငှာ ဘုရားအဆူဆူကို တည်တော်မူခဲ့သည်။ ထိုဘုရားများထဲတွင် ဗောင်းတော်ကျဘုရားလည်း တစ်ဆူအပါအဝင် ဖြစ်သည်။ ဗောင်းတော်ကျစေတီတော်ကို တည်တော်မူပြီး အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန် ရည်ရွယ်လျက် ဉာဏ်တော် သုံးတောင်တစ်မိုက်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူကိုလည်း ဘုရားမုခ်လိုဏ်အတွင်း၌ ထား၍ ကိုးကွယ်တော် မူခဲ့လေသည်။

မင်းတုန်းမင်းတရားကြီး မန္တလေးရတနာပုံ မြို့သစ်တည်ပြီးသည့် နောက်တွင် မင်းရှင်စော၏ ဗောင်းတော်ကျဘုရားသည် နန်းတော်အနီး အနောက်ဘက်တွင် တည်ရှိနေတော့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေရိုး(မန္တလေး)၊ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီး ရှေးဟောင်းဘုရားများ သမိုင်း၊ ၂၀၁၉၊ ဖေဖော်ဝါရီလ၊ (ဒုအကြိမ်)၊ စာ ၁၁၁