မာတိကာသို့ ခုန်သွားရန်

မွန်ပြည်နယ် လွှတ်တော်

ဝီကီပီးဒီးယား မှ
မွန်ပြည်နယ်လွှတ်တော်
ကၠတ်ထဝ် တွဵုရးဍုင်မည်
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်
အမျိုးအစား
အမျိုးအစား
သမိုင်းကြောင်း
တည်ထောင်ခြင်း၃၁ ဇန်နဝါရီ ၂၀၁၁
ခေါင်းဆောင်များ
ဥက္ကဋ္ဌ
ဦးသက်ထွေး၊ USDP
၂၀ မတ် ၂၀၂၆ ကတည်းက
ဒုဥက္ကဋ္ဌ
ဦးမင်းအောင်မြင့်၊ USDP
၂၀ မတ် ၂၀၂၆ ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေ၃၁
ရွေးကောက်ခံ ၂၃ ဦး
တပ်မတော်သား ၈ ဦး
မွန်ပြည်နယ် လွှတ်တော် (၂၀၁၅)
နိုင်ငံရေး အုပ်စုများ
     USDP (၁၁)

     MUP (၇)
     NUP (၂)
     NIDP (၁)
     PPP (၁)
     PP (၁)
     PNDP (၁)

     တပ်မတော် (၈)
ရွေးကောက်ပွဲများ
နောက်ဆုံး ရွေးကောက်ပွဲ
၂၀၂၅-၂၆ အထွေထွေရွေးကောက်ပွဲ
အစည်းအဝေးနေရာ
ပြည်နယ် လွှတ်တော်ခန်းမ
မော်လမြိုင်မြို့မွန်ပြည်နယ်
ဝက်ဘ်ဆိုဒ်
monstate.hluttaw.mm

မွန်ပြည်နယ်လွှတ်တော် (အင်္ဂလိပ်: Mon State Hluttaw, မွန်: ကၠတ်ထဝ် တွဵုရးဍုင်မည်) သည် မြန်မာနိုင်ငံ မွန်ပြည်နယ်၏ ဥပဒေပြုလွှတ်တော် တစ်ခုဖြစ်သည်။ လွှတ်တော်တစ်ရပ်တည်းရှိသော လွှတ်တော်အမျိုးအစားဖြစ်ပြီး အမတ်ဦးရေ ၃၁ ဦး (ရွေးကောက်ခံ ၂၃ ဦး (တိုင်းရင်းသားရေးရာဝန်ကြီးများ (၃) ဦးအပါအဝင်)နှင့် ခန့်အပ်ခံ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး) ရှိသည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီရွေးကောက် တင်မြှောက်ပြီး၊ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည်။  

၂၀၂၆ ခုနှစ်အထိ မွန်ပြည်နယ်တွင် မြို့နယ် (၁၀) ခုဖြင့် သတ်မှတ်ဖွဲ့စည်းထားသဖြင့် ရွေးကောက်ခံကိုယ်စားလှယ် ၂၀ ဦးရှိပြီး၊ ရွေးကောက်ခံ ဗမာပအိုဝ်းနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ (၃) ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ခန့်အပ်ခံ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးလည်း ပါဝင်သည်။

လွှတ်တော်အကြီးအကဲများ

[ပြင်ဆင်ရန်]
လွှတ်တော်သက်တမ်း သဘာပတိ ဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ
၁။ ပထမအကြိမ် [] ဦးအုန်းမြင့်၊ USDP ဦးကျင်ဖေ၊ USDP ဦးဌေးလွင်၊ USDP
၂။ ဒုတိယအကြိမ် [] ဒေါက်တာအေးစံ၊ NLD ဒေါ်တင်အိ၊ NLD ဦးမင်းမင်းဦး၊ NLD
၃။ တတိယအကြိမ် ဦးအောင်ကြည်သိန်း၊ USDP ဦးသက်ထွေး၊ USDP ဦးမင်းအောင်မြင့်၊ USDP

ရွေးကောက်ပွဲများ

[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်နေရာ အများစုကို အနိုင်ရခဲ့သည်။[][]

မွန်ပြည်နယ် လွှတ်တော် အမတ်နေရာများ (နိုဝင်ဘာ ၂၀၁၅)
ပါတီ အမတ်နေရာ +/– နေရာ %
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၁၉Increase၁၉၆၁.၂၇
မွန်အမျိုးသားပါတီ (MNP)Increase၆.၄၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)Decrease၁၃၃.၂၃
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)Decrease၃.၂၃
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP)Decrease
တပ်မတော်သား ကိုယ်စားလှယ်၂၅.၈၁
စုစုပေါင်း၃၁၁၀၀

၂၀၂၅-၂၀၂၆

[ပြင်ဆင်ရန်]

၂၀၂၅-၂၀၂၆ အထွေထွေ ရွေးကောက်ပွဲတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လပိုင်းတွင် ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ရမည်ဖြစ်ပြီး၊ ကျန်ရှိသောကိုယ်စားလှယ်များအတွက် မြို့နယ်များကို စုစည်း၍ PR စနစ်ဖြင့် ရွေးချယ်နိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရဟု ပြဋ္ဌာန်းထားသည်။

မွန်ပြည်နယ်လွှတ်တော်၏ ရွေးကောက်ခံ မဲဆန္ဒနယ် ၂၀ နေရာတွင် ၁၀ နေရာကို မဲအများဆုံးအနိုင်ရသူယူစနစ်ဖြင့် ရွေးကောက်ခံရပြီး၊ ကျန် ၁၀ နေရာကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် သတ်မှတ်ရွေးကောက်ခံရသည်။ ကျန်နေသော တိုင်းရင်းသားရေးရာဝန်ကြီးများ (၃) နေရာကို မဲအများဆုံးအနိုင်ရသူယူစနစ်ဖြင့် ရွေးကောက်ခံရသည်။ []

စဉ် ကိုယ်စားပြုပါတီ အမတ်နေရာ % +/-
FPTP PR EM Σ
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၁၁ 35.48% Increase ၁၀
၂။ မွန်ညီညွတ်ရေးပါတီ (MUP) 22.58% Increase
၃။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) 3.23% Increase
၄။ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP) 3.23% Increase
၅။ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) 3.23% Increase
၆။ ပြည်သူ့ပါတီ (PP) 3.23% Increase
၇။ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (PNDP) 3.23% Increase
၈။ တပ်မတော်သား ကိုယ်စားလှယ် - - - 25.81% Steady
ပေါင်း ၃၁ 100.02%

အဓိကဖြစ်ရပ်များ

[ပြင်ဆင်ရန်]
  • ၂၀ မတ် ၂၀၂၆ - တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ ပထမပုံမှန်အစည်းအဝေးကို စတင်ကျင်းပခဲ့ပြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။[]

အခြားကြည့်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့အလင်းသတင်းစာ ၁-၂-၂၀၁၁ Online Burma Library။ 13 August 2025 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့အလင်းသတင်းစာ ၉-၂-၂၀၁၆ Online Burma Library။ 16 August 2025 တွင် ပြန်စစ်ပြီး။
  3. Myanmar Times - Election Winners
  4. Myanmar Times - State/Region Hluttaw Results: Graphics 5 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2015 တွင် ပြန်စစ်ပြီး။
  5. တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း | Ministry Of Information (in en)။ 2026-03-22 တွင် ပြန်စစ်ပြီး။
  6. မွန်သတင်းအေဂျင်စီ၊ လွတ်လပ်သော (2026-03-20)။ မွန်ပြည်နယ် လွတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ နေရာနှစ်ရပ်လုံး ကြံ့ခိုင်ရေးပါတီမှ ရွေးချယ်ခံရ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ သတင်း - (in en-US)။ 2026-03-22 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]