မာတိကာသို့ ခုန်သွားရန်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၃၀ မတ် ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ယခင်အဖွဲ့အစည်းသတ္တုတွင်း ဝန်ကြီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဦးခင်မောင်ရီ []၊ ပြည်ထောင်စု ဝန်ကြီး
ဝက်ဘ်ဆိုက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Natural Resources and Environmental Conservation) သည် သမ္မတ ဦးထင်ကျော် စတင် တာဝန်ယူချိန်တွင် သတ္တုတွင်း ဝန်ကြီးဌာန နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။[]

နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

လယ်ယာနှင့်သစ်တောဝန်ကြီးဌာနကို ဝန်ကြီးရုံး၊ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာန၊ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြေတိုင်းဦးစီး ဌာနတို့ဖြင့် ဦးစွာ ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးတွင် ရုံးတည်ရှိခဲ့ပါသည်။

ထို့နောက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ သီရိမင်္ဂလာ လမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ မြေတိုင်းဦးစီးဌာနဝင်းအတွင်းရှိ အဆောက်အအုံသို့ ရုံးပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ မတ်လ ၅ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၇/၉၂) ဖြင့် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနကို သစ်တောရေးရာဝန်ကြီးဌာန (Ministry of Forestry) နှင့် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနဟူ၍ ဝန်ကြီး ဌာန (၂) ခု အဖြစ်သို့ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သစ်တောရေးရာဝန်ကြီးဌာနလက်အောက်တွင် ဝန်ကြီးရုံး၊ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့ ဖွဲ့စည်းပါဝင်ခဲ့သည်။

၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဌာနအသစ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ကာ ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ်ရုံးကို မန္တလေးတိုင်းတွင် ဖွင့်လှစ်ထားရှိခဲ့ပါသည်။

၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင်သစ်တောရေးရာဝန်ကြီးဌာနအောက်ရှိ မြေတိုင်းဦးစီးဌာနအား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သစ်တောရေးရာဝန်ကြီးဌာနကို နေပြည်တော်ရှိ အဆောက်အအုံ အမှတ်(၂၈)သို့ ပြောင်းရွေ့ ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှစတင်၍ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၁) အရ သစ်တောရေးရာဝန်ကြီးဌာနကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန (Ministry of Environmental Conservation and Forestry) အဖြစ် အမည် ပြောင်းလဲ သတ်မှတ်ခဲ့ ပါသည်။

၂၀၁၆ ခုနှစ် မတ်လ (၃၀)ရက် နေ့မှစတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ကြော်ငြာချက်အမှတ်(၁/၂၀၁၆)အရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (Ministry of Natural Resources and Environmental Conservation) အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။[]

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၀) အရ သယံဇာနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ဖွဲ့စည်းပုံအား အရာထမ်း ၅၃ ဦး၊ အမှုထမ်း ၁၂၀ ဦး၊ စုစုပေါင်း ၁၇၃ ဦးတို့ဖြင့် ပြင်ဆင်ခွင့်ပြုခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင်

  • ဝန်ကြီးရုံး

သစ်တောနှင့်ပတ်ဝန်းကျင်​ရေးရာ

[ပြင်ဆင်ရန်]

သတ္တု​ရေးရာ

[ပြင်ဆင်ရန်]

ပြည်ထောင်စုဝန်ကြီးများ

[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခေတ်

[ပြင်ဆင်ရန်]
စဥ် အမည် ရာထူး သက်တမ်း မှတ်ချက်
၁။ ဦးခင်မောင်ရီ ပြည်ထောင်စုဝန်ကြီး ဖေဖော်ဝါရီ ၂၊ ၂၀၂၁; ၄ နှစ် အကြာက (၂၀၂၁-၀၂-02) []

ကိုးကား

[ပြင်ဆင်ရန်]
  1. Cabinet of Myanmar (in my)။ Myanmar President Office (25 May 2016)။ 3 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 March 2017 တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း (ကြေညာချက် အမှတ်၊ ၉ / ၂၀၁၆) (in my)။ Myanmar President Office (25 May 2016)။ 1 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 March 2017 တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုဝန်ကြီးရုံး။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန။ 2025-5-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-5-31 တွင် ပြန်စစ်ပြီး။
  4. သိမှတ်စရာ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (၁၅ ဇန်နဝါရီ ၂၀၁၅)။ 22 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဧပြီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း။ Wikisource။ 2025-05-31 တွင် ပြန်စစ်ပြီး။