မဟာဝိဇယစေတီ
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
မဟာဝိဇယစေတီ | |
---|---|
အချက်အလက်များ | |
တည်နေရာ | ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ |
ကိုဩဒိနိတ် | 16°47′42″N 96°09′08″E / 16.794871°N 96.152176°Eကိုဩဒိနိတ်: 16°47′42″N 96°09′08″E / 16.794871°N 96.152176°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မြန်မာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | ဦးနေဝင်း |
ပြီးစီး | ၁၉၈၀ |
ရွေးချယ်သတ်မှတ်ခြင်းများ | |
မဟာဝိဇယစေတီတော်သည် ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် တည်ရှိသော စေတီတစ်ဆူဖြစ်သည်။ မဟာဝိဇယစေတီကို ၁၉၈၀ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ရွှေတိဂုံဘုရား၏ တောင်စူးစူးတွင် တည်ရှိသည်။[၁] ဌာပနာရန်ဓာတ်တော်ကို နီပေါဘုရင်မှ လှူဒါန်းခဲ့ပြီး ဘုရားထီးတော်ကိုတော့ ထိုစဉ်နိုင်ငံအကြီးအကဲဖြစ်သူ မဆလပါတီဥက္ကဋ္ဌ ဦးနေဝင်းမှ လှူဒါန်းခဲ့သည်။[၂]
မဟာဝိဇယစေတီတော်ကို သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဆောင်ရွက်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဖွဲ့စည်းရေးအတွက် ပထမအကြိမ် ကျင်းပသော သံဃမဟာနာယကအစည်းအဝေးပွဲကြီးအထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။[၃]
ကိုးကား[ပြင်ဆင်ရန်]
- ↑ Yitri, Moksha (June 1989). "The Crisis in Burma: Back from the Heart of Darkness?". Asian Survey 29 (6): 548. University of California Press. doi: .
- ↑ Keown၊ Damien (10 June 2003)။ A dictionary of Buddhism။ Oxford University Press။ p. 167။ ISBN 9780198605607။
- ↑ Maha Wizaya Pagoda။ Myanmars.net။ 10 March 2012 တွင် ပြန်စစ်ပြီး။