မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော | |
---|---|
IUCN category IV (habitat/species management area) | |
တည်နေရာ | ရေဖြူ နှင့် လောင်းလုံမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြန်မာ |
ကိုဩဒိနိတ် | 14°04′30″N 97°50′15″E / 14.07500°N 97.83750°Eကိုဩဒိနိတ်: 14°04′30″N 97°50′15″E / 14.07500°N 97.83750°E |
ဧရိယာ | ၄၉.၂၁ km2 (၁၉.၀၀ sq mi)[၁] |
ဖွဲ့စည်း | ၁၉၂၇ |
အုပ်ချုပ်ရေး | သစ်တောဦးစီးဌာန |
မောစ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိသည်။ တောင်၊ မြောက်၊ အလယ် မော့စ်ကော့ကျွန်းများကို ပေါင်းစည်း၍ ဘေးမဲ့တောအဖြစ် တည်ထောင်ထားခြင်း ဖြစ်ပြီး အက်ဒမန်ပင်လယ်၏ မြောက်ဘက်တွင်တည်ရှိသည်။
တည်နေရာ
[ပြင်ဆင်ရန်]မြောက်လတ္တီတွဒ်၁၄°၀၄'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၅၀'၊ ရေဖြူမြို့နှင့် လောင်းလုံမြို့နယ်များအတွင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် တည်ရှိသည်။ ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၄၉.၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
သဘာဝအရင်းအမြစ်များ
[ပြင်ဆင်ရန်]ကျောက်ဆောင်၊ ကျောက်တုံးများပေါများသော ကျွန်းများမှတပါး ကျန်ဒေသများကို အမြဲစိမ်းတော ၇၅ ရာခိုင်းနှုန်းဖုံးလွှမ်းထားသည်။ ကျောက်ဆောင် ကျောက်ဂူများပေါများသော ကျွန်းများတွင် ဇီဝဇိုးငှက်(Collocalia fuciphaga) အသိုက်များပြုလုပ်ကြပြီး ငှက်သိုက်များသည် စီပွားရေးဈေးကွက်အရ ဝယ်ယူလိုမှု အလွန်မြင့်မားသည်။
ခြိမ်းခြောက်နေသောအန္တရာယ်များ
[ပြင်ဆင်ရန်]မောင်းမကန်ကျွန်း(အလယ်ကျွန်း)တွင် တပ်မတော် (ရေ)၏ ကာကွယ်မှုအောက်တွင်ရှိနေသော်လည်း ဇီဝဇိုးငှက်သိုက်များကို အလွန်အမင်း ခွာယူ(ထုတ်ယူ)မှုများ မြင့်မားနေသည်။ ထို့ပြင် ရေပြင်သယံဇာတများ သုံးစွဲမှုများကလည်း မြင့်မားနေသည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ
[ပြင်ဆင်ရန်]ခရီးသွားလာရေးလုပ်ငန်းများ
[ပြင်ဆင်ရန်]ခရီးသွားများကို ကျွန်းထိ လာရောက်ခြင်းကို ကန့်သတ်ထားသည်။ အလယ်မောစ်ကော့ကျွန်း၏ ရှေ့မျက်နှာတွင်ရှိသော ကမ်းရိုးတန်းတွင် တည်ရှိသည့် မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံတွင်ရှိသော လည်ပတ်သွားလာမှုများသော ကမ်းခြေထဲမှ တစ်ခုဖြစ်ကာ ခရီးသွားများကြားတွင် ရေပန်းစားလှသည်။ ထားဝယ်မြို့တောင်ဘက် ၁၅ကီလိုမီတာအကွာတွင် တည်ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
- Report: Myanmar Protected Area (2011)
- ↑ World Database on Protected Areas (2019)။ Moscos Islands Wildlife Sanctuary။