ကရင်ပြည်နယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကရင်ပြည်နယ်
ကညီကီၢ်ဆဲၣ်
ပြည်နယ်
ကရင်ပြည်နယ်၏ အလံတော်
အလံတော်
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°0′N 97°45′E / 17.000°N 97.750°E / 17.000; 97.750ကိုဩဒိနိတ်: 17°0′N 97°45′E / 17.000°N 97.750°E / 17.000; 97.750
နိုင်ငံ  မြန်မာ
ဒေသ အရှေ့တောင်
မြို့တော် ဘားအံမြို့
အစိုးရ
 • ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် (NLD)
 • အစိုးရအဖွဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော် ကရင်ပြည်နယ် လွှတ်တော်
 • တရားလွှတ်တော် ကရင်ပြည်နယ် တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း ၃၀၃၈၂.၈ စတုရန်းကီလိုမီတာ (၁၁၇၃၀.၉ စတုရန်းမိုင်)
ဧရိယာအဆင့် ၁၁
လူဦးရေ (၂၀၁၄ သန်းကောင်စာရင်း)[၁]
 • စုစုပေါင်း ၁,၅၇၄,၀၇၉
 • အဆင့် ၁၁
 • သိပ်သည်းမှု ၅၂/km (၁၃၀/sq mi)
Demonym(s) ကရင်
Demographics
 • လူမျိုးများ ကရင် (အများစု)၊ ပဒေါင်ဗမာရှမ်းပအိုဝ်းမွန်ရခိုင်၊ ဗမာ-ထိုင်း
 • ကိုးကွယ်မှု ဗုဒ္ဓဘာသာ ၈၄.၅၀%
ခရစ်ယာန်ဘာသာ ၉.၅၀%
အစ္စလာမ်ဘာသာ ၄.၆၀%
ဟိန္ဒူဘာသာ ၀.၆၀%
animism ၀.၁၀%
အခြား ၀.၇၀%
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+06:30)
ဝက်ဘ်ဆိုဒ် kayinstate.gov.mm

ကရင်ပြည်နယ် သည် မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်သည်။ မြို့တော်မှာ ဘားအံမြို့ ဖြစ်သည်။

မာတိကာ

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင်တည်ရှိတည်ရှိပြီး မွန်ပြည်နယ်ပဲခူးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၉ မိနစ် မှ ၁၉ ဒီဂရီ ၂၅ မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၀မိနစ် မှ ၉၈ ဒီဂရီ ၅၅ မိနစ် အတွင်း တည်ရှိသည်။ ဧရိယာစုစုပေါင်း ၁၁၇၃၀.၈၅၁ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့မှ အနောက်သို့ ၇၀ မိုင်ရှိပြီး တောင်မှမြောက်သို့ ၃၂၆ မိုင် ရှည်လျားသည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကရင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၁၈၀)၊ ပုဒ်မခွဲ (၁)အရ ဗြိတိသျှအစိုးရ လက်ထက်က သံလွင်ခရိုင်ရှိ ဖာပွန်၊ သထုံခရိုင်ရှိ ဘားအံနှင့် လှိုင်းဘွဲ၊ ကျိုက်ခမီခရိုင်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ တောင်ငူခရိုင်ရှိ သံတောင်မြို့နယ်များကို စုစည်းပြီး ကရင်ပြည်နယ်ဟု ပြင်ဆင်သတ် မှတ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၃ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ ကြေငြာစာအမှတ် (၅၁)အရ ကရင်ပြည်နယ် အား ကော်သူးလေပြည်နယ်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။[၂]

၁၉၆၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန စာအမှတ်၊ (၆၁၈)ဖြင့် ကရင်ပြည်နယ်မှ ဘားအံခရိုင်ကို မြို့နယ် (၄)မြို့နယ်ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ (၆၉၇)ဖြင့် ကော့ကရိတ် ခရိုင်ကို မြို့နယ် (၃)မြို့နယ်ဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၆၆)အရ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲများကို ပယ်ဖျက်ခဲ့သည်။ ထို့နောက် နိုင်ငံတော်ကောင်စီကာလတွင် (၁၉၄၇) ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (က)ဖြင့် ကော်သူးလေပြည်နယ်ကို ကရင်ပြည်နယ်ဟု ပြန်လည်သတ်မှတ်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကော့ကရိတ်ခရိုင်ရှိ မြဝတီမြို့နယ်ကို ခရိုင်အဆင့်ဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့သည်။[၂]

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာဖြင့် ဘားအံခရိုင် လက်အောက်ရှိ ဖာပွန်မြို့နယ်ကို ခရိုင်အဖြစ်အဆင့်တိုးမြှင့် ဖွဲ့စည်းခဲ့သည်။ ကရင်ပြည်နယ်တွင် လက်ရှိ ခရိုင် ၄ ခရိုင်၊ မြို့နယ် ၇ မြို့နယ်၊ မြို့ ၁၈ မြို့၊ ရပ်ကွက် ၈၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၇၆ အုပ်စုနှင့် ကျေးရွာ ၂၀၆၃ ရွာ ပါဝင်ဖွဲ့စည်းထားရှိသည်။[၂]

ပထဝီဝင်[ပြင်ဆင်ရန်]

ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်း ပေါများပြီး သစ်တောများ ဖုံးလွှမ်းနေသဖြင့် မြေပြန့်လွင်ပြင်နည်းပါးသည်။ ဘားအံမြို့နယ်တွင်မူ ဇွဲကပင်စသော တောင်တန်းများတည်ရှိရာ ဒေသမှတပါး ကျန်ရှိသော မြေမျက်နှာပြင်များသည် အများအားဖြင့် ညီညာပြန့်ပြူး၍ မြစ်ချောင်းများ စီးဆင်းရာဒေသ ဖြစ်သည်။[၂]

ကရင်ပြည်နယ်တွင် မြစ်ချောင်းများပေါများပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်း လျက်ရှိသည်။ ထင်ရှားသောမြစ်မှာ သောင်ရင်းမြစ်ဖြစ်ပြီး မြဝတီအနီးမှဖြတ်၍ တောင်မှ မြောက်သို့ စီးဆင်းသည်။ ဒေသတွင်းရှိ ဂျိုင်းမြစ်မှ ထူးခြားစွာ အရှေ့မှ အနောက်သို့ စီးဆင်း၍ သံလွင်မြစ်သို့ စီးဝင်သည်။[၂]

ကရင်ပြည်နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ အမြင့်ပေ ၅၆ ပေကျော်မှ ပေ ၃၇၁၇ ပေ အထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ နတ်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၃၇၁၇ ကျော် အမြင့်ပေဖြစ်၍ ကရင်ပြည်နယ်၏ အနိမ့်ဆုံး အရပ်ဒေသမှာ ဘားအံမြို့နယ်ဖြစ်သည်။[၂]

ရာသီဥတု[ပြင်ဆင်ရန်]

ပူပြင်းစိုစွတ်သည့် ရာသီဥတုမျိုးရှိသည်။ အပူဆုံးလများ၏ ပျှမ်းမျှ အပူချိန်မှာ ၇၁.၉ ဒီဂရီဖာရင်ဟိုက်ရှိသည်။ မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၁၂၀လက်မဖြစ်သော်လည်း အမြင့်ဆုံးမိုးရေချိန်မှာ ၁၉၀လက်မထိရှိသည်။

အုပ်ချုပ်ရေး နယ်မြေများ[ပြင်ဆင်ရန်]

မြို့တော်[ပြင်ဆင်ရန်]

ကရင်ပြည်နယ်၏ မြို့တော်မှာ ဘားအံဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း (၁၀ဝ၀) ကျော်က သံလွင်မြစ်ကမ်းနဖူးတွင် စုစုပေါင်းအိမ်ခြေ (၂၀ဝ) ခန့်ရှိ ရွာလေးတစ်ရွာသာဖြစ်ခဲ့သည်။ ရွာကလေးတည်ရာသံလွင် မြစ်၏ကမ်းစွယ်တွင်အဓိကရ ကျောက်စွန်းကြီးတစ်ခုရှိသည်။ ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား အမ်း (ကျောက်+အစွယ်)ဟု ခေါ်ခဲ့သည်။ ဖားအမ်းမှတစ်ဆင့် အသံအနည်းငယ်ပြောင်း၍ ဘားအံဟုအမည် တွင်လာသည်။ ၁၉၀၇ ခုနှစ်တွင်မြို့ကွက် ရိုက်ခဲ့သည်။ ဘားအံမြို့နယ်တွင် ထင်ရှားသောတောင်သည် ဇွဲကပင်တောင်ဖြစ်သည်။ ဇွဲကပင် ဆုတောင်းပြည့်စေတီတော် တည်ထားသည်။ ဘားအံမြို့မှ သံလွင်မြစ်ညာ ရှစ်မိုင်ခန့် ကအကွာ ကော့ဂွန်းတောင်၏ အရှေ့ဘက်၌ ကော့ဂွန်းဂူရှိသည်။ ဘားအံ၏ အနောက်ဘက် (၁၂) မိုင်ကွာအရပ်၌ ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိသည်။ ဂူ၏အောက်ခြေတွင် ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ်လျက် စီးဆင်းလျက်ရှိသော်လည်း ရေပူနှင့်ရေအေး ပေါင်းစပ်ခြင်းမရှိကြောင်း တွေ့ရ သည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ[ပြင်ဆင်ရန်]

ကရင်ပြည်နယ်တွင် ခရိုင်(၄)ခု ရှိသည်။

  1. ကော့ကရိတ်ခရိုင်
  2. မြဝတီခရိုင်
  3. ဘားအံခရိုင်
  4. ဖာပွန်ခရိုင်

မြို့နယ် (၇)မြို့နယ်ရှိသည်။

မြို့ (၁၈)မြို့ ရှိသည်။

ရပ်ကွက်ပေါင်း (၈၄) ကွက် ရှိသည်။

ကျေးရွာအုပ်စု (၃၇၆) အုပ်စု ရှိပြီး

ရွာပေါင်း (၂၀၉၆) ရွာ ရှိပါသည်။ [၃]

အခြား မြို့ရွာများ[ပြင်ဆင်ရန်]

လူမျိုး[ပြင်ဆင်ရန်]

ကရင်တိုင်းရင်းသား ဒေသခံလူမျိုးများမှာ အရှေ့ပိုးကရင်၊ စကောကရင်ပလေချီး (ပလေကီး)တလေပွာကရင် (တလှေပွာ)၊ ပကူးကရင်ဘွဲကရင်မောနေပွာကရင်ကရင်ဖြူ၊ အနောက်ပိုးကရင်၊ ထိုကလိဘောင်ကရင် တို့ ဖြစ်ကြသည်။[၄]

ဖွံ့ဖြိုးမှု အချက်အလက်များ[ပြင်ဆင်ရန်]

အောက်ပါတို့မှ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင်ကြေငြာထားသော ကရင်ပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာ ဇယားဖြစ်ပါသည်။

စဉ် အကြောင်းအရာ ရေတွက်ပုံ အရေအတွက်
စိုက်ပျိုးမြေဧရိယာ ဧက ၉၉၁, ၃၁၅
မြစ်ရေတင်လုပ်ငန်း ခု
ကြိုးဝိုင်းတော စတုရန်းမိုင် ၁၇၅၂.၃၂
ကြိုးပြင်ကာကွယ်တော စတုရန်းမိုင် ၁၇၃၃.၄၇
ကားလမ်း မိုင် ၃၁၂၉ မိုင်
ပေ ၁၈၀အထက် တံတား စင်း ၁၇
စာတိုက်စခန်း ခု ၃၇
ကြေးနန်းရုံး ရုံး ၁၅
မိုက္ကရိုဝေ့ဗ်စခန်း ခု
၁၀ အသေးစားရေအားလျှပ်စစ် ရုံ ၈၉
၁၁ နိုင်ငံပိုင်စက်ရုံ ရုံ
၁၂ ပုဂ္ဂလိကစက်ရုံ ရုံ ၅၈၆
၁၃ အခြေခံပညာကျောင်း ကျောင်း ၁၃၃၈
၁၄ တက္ကသိုလ်၊ ကောလိပ် ခု
၁၅ နည်းပညာတက္ကသိုလ် ခု
၁၆ ကျွန်ပျူတာတက္ကသိုလ် ခု
၁၇ ဆေးရုံ ရုံ ၂၆
၁၈ တယ်လီဖုန်းရုံး ရုံး ၂၄

[၅]


စိတ်ဝင်စားဖွယ်နေရာများ[ပြင်ဆင်ရန်]

[၆]

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့[ပြင်ဆင်ရန်]

ရိုးရာပွဲတော်များ[ပြင်ဆင်ရန်]

အော်ပွဲ[ပြင်ဆင်ရန်]

အော်ပွဲဟူသော အခေါ်အဝေါ်မှာ မြန်မာများ၏ အခေါ်အဝေါ်ဖြစ်သည်။ ရှေးအခါက ဩပွဲဟု မြန်မာ များက ခေါ်သည်။ ကရင် အပျို လူပျိုများသည် ဩသံကြီးဖြင့် ကဗျာ လင်္ကာတေးသီချင်းများကို အပြန်အလှန် ဆွဲဆွဲငင်ငင် အောဆို ကျူးရင့်ခြင်းကြောင့် ဩပွဲဟု ခေါ်ရာမှ ယခုအခါ အော်ပွဲ ဟုပြောင်းလဲခေါ်ဆိုလာခြင်း ဖြစ်သည်။

အော်ပွဲကို အရှေ့ရှို(ပိုး) ကရင်ဘာသာစကားဖြင့် ဆ်ုအာင်လင် (ချအိုင်လောင်) ဟုခေါ်သည်။ မြန်မာဘာသာအားဖြင့် လက်ဝှေ့ရေးပြပွဲဟု တိုက်ရိုက် အဓိပ္ပာယ်ရသည်။

အော်ပွဲဆိုသည်မှာ လူပျိုကာလသားများ၏ ကာယဗလပြပွဲဖြစ်သည်။ လူပျိုကာလသားများသည် အကျီ ကို ချွတ်၊ ခါးတောင်းမြှောင်အောင်ကျိုက်၍ မိမိတို့၏ကျန်းမာထွားကျိုင်းသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့် သန့်ရှင်းသောကိုယ်အရေပြားကို အမျိုးသမီးပရိတ်သတ်ရှေ့တွင် ထုတ်ဖော်ဝင့်ကြွားပြသသောပွဲ၊ လက်ခမောင်း ကို တဖြောင်းဖြောင်း ခတ်၍ လက်ဝှေ့ရေးပြသသော ပွဲဖြစ်သည်။ ယင်းပွဲသို့ ယောကျ်ားမပီသသူများ၊ ကိုယ် ရေပြားရောဂါရှိသူများ၊ မမာမကျန်းသူများ မလာဝံ့ကြချေ။

တနည်းအားဖြင့် အော်ပွဲဆိုသည်မှာ အတန်းအစားမရွေး အရပ်လေးမျက်နှာမှ ရောက်လာကြသော မောင်မယ်များ အော်ပွဲ၌ တွေ့ဆုံကြ၍ မိတ်ဖွဲ့ကြရာ၊ မိတ်ဆွေအပေါင်းအသင်း ဖြစ်ကြရာ၊ မိမိတို့၏ ဖူးစာဖက် ရာသက်ပန်ပေါင်းဖော်သွားရမည့် ကြင်ဖော်ကို ရှာဖွေ ရွေးချယ်ကြရာ၊ မောင်မယ်တူစုံ မေတ္တာပြိုင်ရာဖြစ်သော ပွဲဖြစ်၍ အပျိုလူပျိုပွဲဟုလည်း ခေါ်နိုင်သည်။

အခြားနည်းအားဖြင့် အော်ပွဲဆိုသည်မှာ အပျိုလူပျိုများ၏ ဉာဏဗလယှဉ်ပြိုင်ပွဲလည်းဖြစ်သည်။ အပျိုလူပျိုများသည် စာပေ ဗဟုသုတ နှံ့စပ်မှု၊ ကဗျာလင်္ကာဉာဏ်စွမ်းများကို အကြိတ်အနယ် ပြိုင်ဆိုင်သောပွဲဖြစ် သည်။ သီချင်းကြီး သီချင်းခန့်များ၊ ဇာတ်နိပါတ်များ၊ ရာဇဝင်များ၊ စကားထာ၊ ပဟေဠိများကို ကဗျာလင်္ကာသီကုံး ၍ အပြန်အလှန်် အမေးအဖြေပြုလုပ်ကြသည်။

အော်ပွဲများကို ကရင်လူမျိုးများသည် စပါးပုံပွဲ (ကောက်သိမ်းပွဲ)၊ ဘုရားပွဲ၊ အသုဘအခမ်းအနားများ၊ အရိုးကောက်ပွဲ၊ ဧည့်ခံပွဲများတွင် ပြုလုပ်ကျင်းပလေ့ရှိကြသည်။

စိုက်ပျိုးရေးနှင့် ပတ်သက်သောပွဲတော်များ[ပြင်ဆင်ရန်]

ကောက်သစ်စားပွဲကို ကရင်အမျိုးသားတို့လည်း ရိုးရာထုံးစံအရ ကျင်းပပြုလုပ်မြဲပင်ဖြစ်သည်။ စိုက်ပျိုးရာသီတစ်ချိန်လုံး ခွန်အားစိုက်ထုတ် လုပ်ကိုင်လာခဲ့ရသော တောင်ယာ၊ လယ်ယာမြေမှ ကောက်နှံများဖြစ်ထွန်းလာသည်ကို မြင်ရသည့်အခါ တောင်သူဦးကြီးတို့အဖို့ ဝမ်းသာမဆုံးဖြစ်ကြရသည်။ မိမိတို့တောင်ယာများမှ ရိတ်သိမ်းချိန်တန်ပြီးဖြစ်သော ကောက်ညှင်းစပါးတို့ကို ကောက်သစ်စားပွဲအတွက် အနည်းငယ်စီ စတိအဖြစ်ရိတ်ပြီး၊ ထမင်းဟင်းလျာများ ချက်ပြုတ်၍ ရပ်ရွာရှိလူအများအား ဖိတ်ကျွေးကြသည်။ ဖိတ်ခေါ်ကျွေးမွေးပြီးမှ ကျန်စပါးများကို ရိတ်သိမ်းကြသည်။ ဤကဲ့သို့ ကောက်ပင်သီနှံများ စပေါ်ချိန်တွင် ကောက်ဦးကောက်ဖျားကောက်သစ်စားပွဲကို တန်ဆောင်မုန်းလကွယ်တွင် ပြုလုပ်လေ့ ရှိသည်။

လူမှုရေးနှင့်ပတ်သက်သောပွဲတော်များ[ပြင်ဆင်ရန်]

ကရင်အမျိုးသားတို့သည်လည်း အိမ်သစ်များ ဆောက်လုပ်ပြီးစီးလျှင် အိမ်သစ်တက်မင်္ဂလာပွဲ ဆင်နွဲလေ့ရှိကြသည်။ အိမ်သစ်ဆောက်လုပ်ရာ၌ စုပေါင်းလုပ်အားဖြင့် ဝိုင်းဝန်းဆောက်လုပ်ကြသည်။ ဤသို့ ကူညီဆောင်ရွက်ကြသူများအား ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်လည်းကောင်း၊ အိမ်သစ်တွင် မင်္ဂလာရှိစေရန်၊ ကောင်းကျိုးချမ်းသာရရှိစေရန် ရိုးရာနတ်ကို ပူဇော်သည့်အနေဖြင့်လည်းကောင်း အိမ်သစ်တက်ပွဲကို ကျင်းပပြုလုပ်လေ့ရှိသည်။ တောင်ယာ၊ လယ်ယာလုပ်ငန်းများပြီးဆုံး၍ အားလပ်ချိန်များတွင် သစ်၊ ဝါးတို့ စုဆောင်းပြီး အိမ်သစ်၊ ယာသစ်များကို ဆောက်လုပ်ကြသည်။ အိမ်သစ်ဆောက်လုပ်ပြီးစီး၍ နေထိုင် ရန်အသင့်ဖြစ်လျှင် တပို့တွဲ၌ အိမ်သစ်တက်မင်္ဂလာပွဲကို ပြုလုပ်ကြသည်။

ဘာသာရေးနှင့် ပတ်သက်သောပွဲတော်များ[ပြင်ဆင်ရန်]

ကရင်အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်မှာလည်း ထင်ရှားသော ပွဲတော်တစ်ခုပင် ဖြစ်သည်။ ကရင်အမျိုးသားများသည် နှစ်ဟောင်းကုန်ပြောင်း၍ နှစ်သစ်မင်္ဂလာကို ကြိုဆိုခြင်း၊ နှစ်သစ်တွင် ကောက်ပဲ သီးနှံပေါများရန် ဆုတောင်းခြင်းကိုပြုလုပ်ကြသည်။ ကရင်အမျိုးသားတို့သည် နှစ် သစ်ကူးမင်္ဂလာပွဲတော်ကို ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျင်းပကြသည်။ ကောက်ဦးပေါ်ချိန်ဖြစ်၍ ရရှိသောသီးနှံများကို ဘုရားအား ရည်စူးပြီး ဦးဦးဖျားဖျား အလှူဒါန ပြုလုပ်လေ့ရှိကြသည်။ မင်္ဂလာအခါဖြစ်သည့် နှစ်သစ်ကူးပွဲတွင် တပျော်တပါးစုပေါင်းစားသောက်ကြပြီး စုဝေးရောက်ရှိလာ သူများ စုပေါင်း၍ကကြသည်။ စုစည်းမှု သရုပ်ဖေါ် ဒုံးအကများလည်းကလေ့ရှိသည်။

ကရင်အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်[ပြင်ဆင်ရန်]

ကရင်အမျိုးသားများ၏ နှစ်သစ်ကူးပွဲတော်မှာလည်း ထင်ရှားသော ပွဲတော်တစ်ခုပင် ဖြစ်သည်။ ကရင်အမျိုးသားများသည် နှစ်ဟောင်းကုန်ပြောင်း၍ နှစ်သစ်မင်္ဂလာကို ကြိုဆိုခြင်း၊ နှစ်သစ်တွင် ကောက်ပဲ သီးနှံပေါများရန် ဆုတောင်းခြင်းကိုပြုလုပ်ကြသည်။ ကရင်အမျိုးသားတို့သည် နှစ် သစ်ကူးမင်္ဂလာပွဲတော်ကို ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျင်းပကြသည်။ ကောက်ဦးပေါ်ချိန်ဖြစ်၍ ရရှိသောသီးနှံများကို ဘုရားအား ရည်စူးပြီး ဦးဦးဖျားဖျား အလှူဒါန ပြုလုပ်လေ့ရှိကြသည်။ မင်္ဂလာအခါဖြစ်သည့် နှစ်သစ်ကူးပွဲတွင် တပျော်တပါးစုပေါင်းစားသောက်ကြပြီး စုဝေးရောက်ရှိလာ သူများ စုပေါင်း၍ကကြသည်။ စုစည်းမှု သရုပ်ဖေါ် ဒုံးအကများလည်းကလေ့ရှိသည်။

အရိုးကောက်ပွဲ[ပြင်ဆင်ရန်]

အရိုးကောက်ပွဲသည် လူသေအလောင်းကို မီးသဂြိုလ်ပြီး ကြွင်းကျန်သော အရိုးများကို ပြန်ကောက်ကာ သေသူ၏ ဆွေမျိုး ရင်းချာများက သေသူအားနောက်ဆုံးအနေနှင့် အစားအသောက်၊ ပျော်ပွဲရွှင်ပွဲများဖြင့် တိုက်ကျွေး ပြုစုခြင်း၊ မိဘ ဘိုးဘွားများနှင့် အရိုးရေစက်ချခြင်း၊ အရိုးပြာများကို အရိုးတောင်သို့ ပို့ခြင်းအလုပ်ကို ရှို(ပိုး) ကရင်အမျိုးသားတို့ က ‘ချချာ’ ဟုခေါ်ပြီး မြန်မာတို့က အရိုးကောက်ပွဲ ဟုခေါ်သည်။

အရိုးကောက်ပွဲကို သံလွင် ခရိုင်ရှိ ဗုဒ္ဓဘာသာ စဝှော်(စကော) ကရင်များ လူသေပြီး ခုနှစ်ရက်အတွင်း အပြီးကျင်းကြသည်။ ဗုဒ္ဓဘာသာဝင်နှင့် နတ်စား အရှေ့ရှို(ပိုး) ကရင်များကမူ တစ်နှစ်မှ ဆယ့်ငါးနှစ်အတွင်း ကြိုက်သည့်အချိန်တွင် အရိုးကောက်ပွဲကိုပြုလုပ်ကျင်းပသည်။ ဆွေမျိုးရင်းချာများအနက် မီးသဂြိုလ်ပြီး အရိုး မကောက်ရသေးလျှင် တစ်ကြိမ်တည်း၊ တပြိုင်တည်း စုပေါင်း အရိုးကောက်ပွဲပြုလုပ်တတ်ကြသည်။

အရိုးကောက်ပွဲများကို တပို့တွဲ လပြည့်ကျော်မှ စ၍ပြုလုပ်ကျင်းပကြသည်။ တပေါင်းလတွင် လဆန်း ရက်များ၌ မပြုလုပ်ပဲ လပြည့်ကျော်မှ ပြုလုပ်တတ်သည်။ တန်ခူးလကို အများအားဖြင့်ရှောင်ကြဉ်သည်။ အရိုးကောက်ပွဲ လုပ်လိုသူများသည် တန်ခူးလပြည့်ကျော်လျှင်လုပ်နိုင်သည်။ အထူးသဖြင့် ကဆုန်လတွင် အရိုး ကောက်ပွဲ ပေါများသည်။

တောင်ယာစူးထိုးပွဲ[ပြင်ဆင်ရန်]

တောင်ယာစူးထိုးပွဲမှာ ခုတ်ထွင်မီးရှို့ပြီးသော တောင်ယာကို မိုးဦးကျ၌ စူးထိုး၍ စပါးစိုက်ပျိုးသည့်အခါ တွင်လည်း တစ်ရွာလုံး ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးလေ့ရှိသည်။ ထိုသို့ ဝိုင်းဝန်းလုပ်ကိုင်ပြီးသောအခါ လုပ်ငန်းရှင် က ကြက်၊ဝက်၊အရက်၊ ခေါင်ရည်စသည် တို့ဖြင့် ဧည့်ခံကျွေးမွေးရသည်။ လူပျိုအပျိုများက အဝတ်အစားသစ်များ ကို ဝတ်ဆင်၍ ကဗျာ လင်္ကာတေးသီချင်းများကို သီဆိုကာ တပျော်တပါး စူးထိုးစိုက်ပျိုးကြခြင်းဖြစ်သည်။ ‘တောင်ယာစူးထိုးပွဲ’ သည် တောင်ယာလုပ်ငန်းဆိုင်ရာ ပျော်ပွဲရွှင်ပွဲ ရာသီပွဲတစ်ခုဖြစ်သည်။

ရေမြောင်း တာတမံနတ်ပူဇော်ပွဲ[ပြင်ဆင်ရန်]

ကရင်လူမျိုးများသည် တောင်ကြားချိုင့်ဝှမ်းအရပ်များ၌ လယ်ယာများကို ရေမြောင်းများ ဖောက်လုပ် ၍ စိုက်ပျိုးလေ့ရှိသည်။ နယုန်လတွင် ရေမြောင်းများ ဖောက်လုပ်သည့်အခါ ကြက်၊ဝက်၊အရက်၊ ကြက်သွေး၊ ဝက်သွေးများဖြင့် ရေမြောင်းကို ဆေးကြောပေးပြီး ရေမြောင်းစောင့်နတ်ကိုပူဇော်ကြသည်။ ယင်းပူဇော်ပွဲကို ‘ရေမြောင်း တာတမံနတ်ပူဇော်ပွဲ’ ဟုခေါ်သည်။

တောင်ယာ စပါးရိတ်သိမ်းပွဲ[ပြင်ဆင်ရန်]

တောင်ယာစပါးရိတ်သိမ်းပွဲမှာ တောင်ယာစပါးများကို တန်ဆောင်မုန်း၊ နတ်တော် လများတွင် ရိတ်သိမ်း လေ့ရှိရာ တစ်ရွာလုံး ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးရသည်။ ထိုသို့ ရိတ်သိမ်းရာတွင် ကျွဲချိုကို အမြတ်တနိုးထား၍ တစ်နေ့လုံးမှုတ်သည်။ တောင်ယာစူးထိုးပွဲကဲ့သို့ပင် တောင်ယာစပါးရိတ်သိမ်းပွဲတွင်လည်း အကျွေးအမွေးများဖြင့် တပျော်တပါး ဧည့်ခံသည်။

စပါးပုံ လိပ်ပြာခေါ်ပွဲ[ပြင်ဆင်ရန်]

စပါးပုံ လိပ်ပြာခေါ်ပွဲမှာ ကောက်လှိုင်းများ တလင်းကွင်း၌နယ်၍ ပြီးသောအခါ စုပုံထားသော စပါးပုံကြီး အတွက် လိပ်ပြာခေါ်ပေးခြင်းဖြစ်သည်။ လိ်ပ်ပြာခေါ်ပြီးမှ ခြင်တွယ်ပါက စပါးပိုမို ထွက်သည်ဟု ယုံကြည်ကြ သည်။ ကျီသွင်းသောအခါတွင်လည်း စပါးလိပ်ပြာ မလွင့်နိုင်ဟု အယူရှိကြသည်။ စပါးပုံလိပ်ပြာခေါ်ပွဲကို အရှေ့ရှို (ပိုး) ကရင်ဘာသာစကားဖြင့် ‘ကိုးဖီးဘူးယော်’ ဟုခေါ်သည်။ အဖွားစပါးလိပ်ပြာခေါ်ခြင်းဟု အဓိပ္ပါယ်ရသည်။ မြန်မာလို ကောက်ဆိုင်ပုံ ထိုးသည်ဟူ၍ လည်းခေါ်သည်။ ကိုးဖီးဘူးယော် ပသပုံမှာ ကောက်လှိုင်းသိမ်းအပြီး တလင်းအတွင်း ကောက်လှိုင်းများစုပုံရောက်ရှိပြီးသည့်အခါ ကောက်လှိုင်းပုံပတ်လည်တွင် ဝါးတိုင်ကိုးတိုင်ထူ ရသည် ကောက်လှို်င်းပုံထက်မြင့်ရသည်။ ဝါးတိုင်ထိပ်တွင် ခြင်းငယ်ဖြင့် ကောက်ညှင်း (၇) ထုပ် ငှက်ပျောသီး (၇) လုံး၊ ကြက်မောက်ပန်း (၇) ခက်တင်ရသည်။ ဝါးတိုင်များသည် ကောက်လှို်င်းပုံဘက်သို့ ညွှတ်ကိုင်းကိုင်းနေ ရသည်။ စပါးနယ်ခါနီးတွင် ဝါးတိုင်များကိုဖြုတ်၍ စပါးပုံပေါ်တင်ရသည်။ ထို့နောက် ကလေးများက လုယူစား သောက်ကြသည်။ ဤသည်ကို ‘ကိုးဖီးဘူးယော် ပသပွဲ’ ဟုခေါ်သည်။ ဤပသပွဲမှာ တစ်ဒေသနှင့် တစ်ဒေသမတူ ချေ။

မြေပြန့်နေ အရှေရှို(ပိုး) ကရင် အမျိုးသားများသည် လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်ရာတွင် နတ်တင် ကြရသည်။ နတ်မတင်ပဲ လုပ်ကိုင်ပါက လုပ်ကိုင်သူ လူ (သို့) ကျွဲ၊နွား၊ တိရ စ ္ဆန် များကို ဒုက္ခပေးတတ်သည်။ စိုက်ပျိုးသော ကောက်ပဲသီးနှံများ ပျက်စီးတတ်သည်၊ အထွက်ညံ့တတ်သည် စသည်ဖြင့် ယုံကြည်စွဲလမ်းကြ သည်။ ထို့ကြောင့် ဆိုင်ရာနတ်များကို ဓလေ့ထုံးစံအတိုင်း ကျွေးမွေးတင်မြှောက်ပသကြသည်။ ပသတင်မြှောက် ပြီးနောက် တပျော်တပါး စုဝေးစားသောက်ကြသည်။

လယ်နတ် တင်ပွဲ[ပြင်ဆင်ရန်]

လယ်နတ်ကို ‘တလာတိုက်’ ဟုခေါ်သည်။ နယုန်၊ ဝါဆိုလများတွင် လယ်ကွင်းထဲ၌ လယ်နတ် တင်ကြ သည်။ ကန်သင်းဘေး၌ တဲအိမ်ငယ်ဆောက်လုပ်၍ ငါးသုံးကောင်၊ ထမင်းတစ်ပန်းကန်၊ ကွမ်းတရာ၊ ဖယောင်းတိုင် တစ်တိုင်ဖြင့် လယ်နတ်တင်ကြသည်။ ယင်းသို့ တင်မြှောက်ပြီး လယ်ကိုကြည့်ရှုစောင့်ရှောက်ရန် လူနှင့် တိရိစ္ဆာန်များ ဘေးရန်မှ ကင်းဝေးရန်၊ ပိုမွှားစသော အနှောင့်အယှက် အဖျက်အစီးများမှ ကင်းဝေးရန်၊ ဆန်စပါး ဖြစ်ထွန်းအောင်မြင်စေရန်ဆုတောင်းရသည်။ အချို့ဒေသများတွင် တော်သလင်းလ၌ လယ်နတ်တင် သည်။ ကောက်ညှင်း၊ နှမ်း၊ ရေ၊ ဖယောင်းတိုင်တို့ဖြင့် သက်သတ်လွတ်တင်ကြသည်။ အလားတူ ဆုတောင်းရ သည်။ ယင်းသို့ လယ်နတ်ကို မတင်ပါက လူ၊ တိရိစ္ဆာန်တို့ကို ဒုက္ခပေးတတ်သည်၊ စပါးပျက်ဆီးတတ်သည်၊ အထွက် ညံ့တတ်သည်ဟု ယုံကြည်စွဲလမ်းကြသည်။

တောင်ယာ နတ်တင်ပွဲ[ပြင်ဆင်ရန်]

တောင်ယာနတ်ကို တောင်ယာခုတ်ပြီးလျှင်ပြီးချင်း မတင်သေးပဲ အပင်စိုက်တော့မည့် အချိန်ကျမှတင် သည်။ ထို ‘တောင်ယာ နတ်တင်ပွဲ’ တွင် အရက် နှစ်ပုလင်း၊ ကြက်ဖ တစ်ကောင်၊ ကြက်မ တစ်ကောင်ကို ပြုတ်၍ ခြေထောက် နှစ်ချောင်းစီ၊ တောင်ပံ နှစ်ဖက်စီ၊ ခေါင်း၊ အသည်းများကို ငရုတ်သီး၊ ကြက်သွန်၊ မရမ်းပြားများနှင့် ရောထည့်ပြီး ထမင်း တစ်ပန်းကန်၊ ဆေးလိပ်တစ်လိပ်၊ ရေတစ်ခွက်နှင့် တင်ရသည်။ ယင်းသို့ တင်မြှောက်ပြီး လျှင် အထိအခိုက် အပျက်အစီး မရှိရန်နှင့် သီးနှံဖြစ်ထွန်းရန် ဆုတောင်းရသည်။ နတ်တင်ပြီးနောက် အရက်နှင့် ကြက်သားများကို တပျော်တပါး စုဝေးစားသောက်ကြသည်။

တောင်ယာ စပါးရိတ်သိမ်းပွဲ[ပြင်ဆင်ရန်]

တောင်ယာစပါးရိတ်သိမ်းပွဲမှာ တောင်ယာစပါးများကို တန်ဆောင်မုန်း၊ နတ်တော် လများတွင် ရိတ်သိမ်း လေ့ရှိရာ တစ်ရွာလုံး ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးရသည်။ ထိုသို့ ရိတ်သိမ်းရာတွင် ကျွဲချိုကို အမြတ်တနိုးထား၍ တစ်နေ့လုံးမှုတ်သည်။ တောင်ယာစူးထိုးပွဲကဲ့သို့ပင် တောင်ယာစပါးရိတ်သိမ်းပွဲတွင်လည်း အကျွေးအမွေးများဖြင့် တပျော်တပါး ဧည့်ခံသည်။

တောင်ယာနတ်စားပွဲ[ပြင်ဆင်ရန်]

တောင်ယာနတ်စားပွဲမှ တောင်ယာမြေသစ် ရှာဖွေတွေ့ရှိချိန်တွင် ကြက်၊ဝက်၊အရက် စသည်တို့ဖြင့် တောင်ယာနတ်အားပူဇော်ပသ၍ မြေနေရာကောင်း မကောင်းကို နိမိတ်ဖတ်ခြင်းဖြစ်သည်။

ဘာသာစကား၊စာပေ[ပြင်ဆင်ရန်]

ဘာသာစကားမှာ ကရင်စကား တစ်မျိုးတည်း သာရှိ၍ စကောကရင်ပိုးကရင်နှင့် တောင်ပေါ်ဒေသ ကရင်တို့သည် မျိုးရိုးစုအလိုက် အသံအလေးအပေါ့ အနည်းငယ်စီ ကွာခြားကြသည်။ မြန်မာအက္ခရာနှင့် ကရင်စာပေ ရှိသည်။ ၎င်းစာပေကို ပြန်လည်ထွန်းကားလာရန် မြှင့်တင်နေသည်။

ဝတ်စားဆင်ယင်မှု[ပြင်ဆင်ရန်]

ကရင်အမျိုးသမီးများ

ကရင်လူမျိုးတို့သည် မိရိုးဖလာရိုးရာအဝတ်အစားကိုစွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ကြသည်။ မျက်မှောက်အခါတွင်လည်း အချို့ဒေသတွင် နေ့စဉ်ဓူဝ ဝတ်ဆင်ကြသေးသည်ကိုလည်း တွေ့ရသည်။ မကြာသေးသော နှစ်ကာလအတွင်းက အနောက်ပိုးကရင်ဝတ််စုံများကဲ့သို့ သင်တိုင်းဝတ်စုံရှည် အဝတ်အစားကို ပွဲတော်ရက်များတွင် ဝတ်ဆင်လာကြသည်>

ဘာသာကိုးကွယ်မှု[ပြင်ဆင်ရန်]

ကရင်ပြည်နယ်တွင် အများဆုံး ကိုးကွယ်သည့်ဘာသာများမှာ ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့ ဖြစ်သည်။

Circle frame.svg

ကရင်ပြည်နယ်ရှိ ကိုးကွယ်မှုများ (၂၀၁၅)[၇]

  ဗုဒ္ဓ (84.5%)
  ခရစ်ယာန် (9.5%)
  အစ္စလာမ် (4.6%)
  အခြား (0.7%)
  ဟိန္ဒူ (0.6%)
  ရိုးရာ (0.1%)

ကရင်အမျိုးသားများသည် ယုံကြည်ကိုးကွယ်မှုတွင် နတ်သည် အဓိကနေရာမှ ပါဝင်သည်။ ဘာသာရေးအယူဝါဒအနေနှင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ စသည်တို့ကို ယုံကြည်ကိုးကွယ်ကြသော်လည်း ရိုးရာနတ် အယူဝါဒကို စွဲမြဲယုံကြည်ကြသည်။ နတ်စားကရင် အမျိုးသားတို့က မြစ်၊ ချောင်း၊ တော၊ တောင်၊ သစ်ပင်၊ မုန်တိုင်း၊ မိုးကြိုး၊ နေ၊ လ စသော အရာများသည် မြင့်မြတ်ကြီးကျယ်သော တန်ခိုးတော် များကို ပိုင်ဆိုင်ကြပြီး တန်ခိုးရှိသော နတ်တို့၏ မှီခိုရာဖြစ်သည်ဟု ယူဆကြသည်။ ယင်းတို့က လူတို့၏ ပူဇော်ပသမှုကို နှစ်သက်ခံယူလိုကြသည် ဟူ၍လည်း ယုံကြည်ကြသည်။[၂]

ကရင်အမျိုးသားများ၌ ဘိုးဘွားအစဉ်အဆက်က ကိုးကွယ်လာခဲ့သော ရိုးရာနတ်များရှိသည်။ ယင်း တို့မှာ ဒူဝေရိုးရာနတ်၊ 'အောင်ခွဲ (အန်ဃှိုင်း)ခေါ် လိပ်ပြာနတ်စားရိုးရာ၊ အောင်စောကလို (အင်းဇို ကလပ်)ခေါ် ပန်းရိုးရာနတ်သို့မဟုတ် ဖူးဖာဒို (ဖူ့ဖာဒိုဝ်)ခေါ် ဘိုးဘိုးကြီးနတ်နှင့် ဒေသဆိုင်ရာနတ် ဟုခေါ်သော ရုက္ခစိုးနတ်စသည်တို့ဖြစ်ကြသည်။[၂]

ရိုးရာယဉ်ကျေးမှု[ပြင်ဆင်ရန်]

ဒေသထွက်ကုန်များ[ပြင်ဆင်ရန်]

ကရင်ပြည်နယ်သည်အများအားဖြင့်ရော်ဘာ၊ဆန်စပါး၊ ဒူးရင်းသီး၊ဖာလာ၊ကွမ်းသီး၊​ကော်ဖီ၊လက်ဖက်ထွက်ရှိပါသည်

တွင်းထွက်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. (May 2015) Census Report, The 2014 Myanmar Population and Housing Census 2. Naypyitaw: Ministry of Immigration and Population, 17။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ ၂.၇ ၂.၈ ကရင်ပြည်နယ်၏ ဒေသန္တရ အချက်အလက်များ။ ကရင်ပြည်နယ်အစိုးရ။ ၂ ဖေဖော်ဝါရီ ၂၁၀၇ တွင် ပြန်စစ်ပြီး။
  3. နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
  4. ကရင်တိုင်းရင်းသားလူမျိုးများ။ ကရင်ပြည်နယ်အစိုးရအဖွဲ့။ ၁၁ စက်တင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. Myanmar.com
  6. D.P.S. MYANMAR GUIDE MAP. 2000.
  7. Department of Population Ministry of Labour, Immigration and Population MYANMAR (July 2016). The 2014 Myanmar Population and Housing Census Census Report Volume 2-C. Department of Population Ministry of Labour, Immigration and Population MYANMAR, 12–15။ 
  8. မေမြို့ချစ်ဆွေ (၂၀၀၀). မြန်မာပြည်ဖွား ဂေါ်ရခါး