ပြည်ထောင်စု လွှတ်တော်
| ပြည်ထောင်စုလွှတ်တော် | |
|---|---|
| တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် | |
| အမျိုးအစား | |
| အမျိုးအစား | နှစ်ရပ်ပေါင်းလွှတ်တော် |
| လွှတ်တော်များ | အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် |
| သမိုင်းကြောင်း | |
| တည်ထောင်ခြင်း | ၃၁ ဇန်နဝါရီ ၂၀၁၁ |
| ယခင် | ပြည်သူ့လွှတ်တော် (၁၉၇၄-၁၉၈၈) |
| ခေါင်းဆောင်များ | |
| ဖွဲ့စည်းပုံ | |
| အမတ်ဦးရေ | ၅၈၆ အမျိုးသားလွှတ်တော် အမတ် ၂၁၃ ဦး ပြည်သူ့လွှတ်တော် အမတ် ၃၇၃ ဦး |
အမျိုးသားလွှတ်တော် နိုင်ငံရေး အုပ်စုများ | USDP (၁၀၈) NUP (၁၆) |
ပြည်သူ့လွှတ်တော် နိုင်ငံရေး အုပ်စုများ | USDP (၂၃၁) NUP (၄) |
| ရွေးကောက်ပွဲများ | |
အမျိုးသားလွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၅-၂၀၂၆ |
ပြည်သူ့လွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ | အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၅-၂၀၂၆ |
| အစည်းအဝေးနေရာ | |
| လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော်အစည်းဝေးခန်းမနေပြည်တော် | |
| ဝက်ဘ်ဆိုဒ် | |
| pyidaungsu.hluttaw.mm | |
| ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
|
တရားစီရင်ရေး
|
|
|
|
စစ်ပြိုင်အစိုးရအဖွဲ့
|
|
အခြားအကြောင်းအရာများ |
|
|
ပြည်ထောင်စုလွှတ်တော် (အင်္ဂလိပ်: Pyidaungsu Hluttaw) သည် ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄)အရ ဖွဲ့စည်း ထူထောင်ထားသည့် ဥပဒေပြု ဌာနဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ရုံး အဆောက်အအုံမှာ မြို့တော်နေပြည်တော်တွင် တည်ရှိသည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော် ၂ ရပ် ပါဝင်သည်။
- ကိုယ်စားလှယ် ၂၂၄ ဦးပါဝင် ဖွဲ့စည်းထားသည့် အမျိုးသားလွှတ်တော်
(ရွေးကောက်ပွဲ ကျင်းပသည့် မဲဆန္ဒနယ်အရ ရွေးကောက်ခံနေရာ ထိုင်ခုံသည်အပြောင်းအလဲရှိသည်) - ကိုယ်စားလှယ် ၄၄၀ ဦးပါဝင် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်
(ရွေးကောက်ပွဲ ကျင်းပသည့် မဲဆန္ဒနယ်အရ ရွေးကောက်ခံနေရာ ထိုင်ခုံသည်အပြောင်းအလဲရှိသည်) တို့ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ၏ ပထမအကြိမ် လွှတ်တော်ကို အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀ ရလဒ်များအရ ဖွဲ့စည်းခဲ့ပြီး စုစုပေါင်း အမတ်နေရာ ၆၅၉ ခုံ ပါဝင်သည်။ ယင်းအနက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၉၃ ဦး ပါဝင်ပြီး၊ ကျန်အမတ်နေရာများကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည်။
ပြည်ထောင်စုလွှတ်တော် ၏ ဒုတိယအကြိမ် လွှတ်တော်ကို အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ ရလဒ်များအရ ဖွဲ့စည်းခဲ့ပြီး စုစုပေါင်း အမတ်နေရာ ၆၅၄ ခုံ ပါဝင်သည်။ ယင်းအနက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၈၈ ဦး ပါဝင်ပြီး၊ ကျန်အမတ်နေရာများကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည်။
ပြည်ထောင်စုလွှတ်တော် ၏ တတိယအကြိမ် လွှတ်တော်ကို အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၅-၂၀၂၆ ရလဒ်များအရ ဖွဲ့စည်းခဲ့ပြီး စုစုပေါင်း အမတ်နေရာ ၅၈၆ ခုံ ပါဝင်သည်။ ယင်းအနက် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၂၀ ဦး ပါဝင်ပြီး၊ ကျန်အမတ်နေရာများကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည်။
လွှတ်တော်အကြီးအကဲ
[ပြင်ဆင်ရန်]ဖွဲ့စည်းပုံအရ လွှတ်တော် သက်တမ်း၏ ပထမ ၃၀ လ တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌမှာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယ နာယက လည်း ဖြစ်သည်။ ကျန်ရှိသက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့ က နာယကနှင့် ဒုတိယ နာယကအဖြစ် တာဝန် ထမ်းဆောင်ရန် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် နာယက သည် နာယက တာဝန်ကို ထမ်းဆောင် နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရသည်။ [၁]
သမ္မတရွေးချယ်တင်မြှောက်ခြင်း
[ပြင်ဆင်ရန်]ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်မှာ အမျိုးသားလွှတ်တော်ရှိ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ရှိ ရွေးကောက်ခံကိုယ်စားလှယ်များ နှင့် လွှတ်တော်နှစ်ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များ (၁၆၆ ဦး) သီးခြားစီ ပါဝင် ဖွဲ့စည်းထားသည့် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့များမှ ရွေးချယ်ထားသော ဒုတိယသမ္မတလောင်း ၃ ဦးအနက် တစ်ဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပေးရသည်။
ပထမအကြိမ်
[ပြင်ဆင်ရန်]၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့သည်။ ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။
ဒုတိယ သမ္မတများမှာ အမျိုးသား လွှတ်တော်မှ အမည်တင်သွင်းသည့် ရှမ်းလူမျိုး ဒေါက်တာ စိုင်းမောက်ခမ်းနှင့် စစ်တပ် ကိုယ်စားလှယ် အစုအဖွဲ့မှ အမည်တင်သွင်းသည့် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်မြင့်ဦးတို့ ဖြစ်ကြသည်။ [၂]နောက်ပိုင်းတွင် ဒုတိယသမ္မတ(၁)ဖြစ်သူ သီဟသူရတင်အောင်မြင့်ဦး နုတ်ထွက်သွားသဖြင့် တပ်မတော်အစုအဖွဲ့မှ တင်သွင်းသော ရေတပ်ဦးစီးချုပ်ဟောင်း ဦးဉာဏ်ထွန်းမှာ ဒုသမ္မတအသစ်ဖြစ်လာသည်။
ဒုတိယအကြိမ်
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်သားအစုအဖွဲ့မှ ဒုသမ္မတလောင်း ဦးမြင့်ဆွေတို့ကို အသီးသီး အမည်စာရင်းတင်သွင်းကြသည်။၎င်းတို့အနက် ဦးထင်ကျော်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတ၊ ဦးမြင့်ဆွေက ဒုတိယမဲအများဆုံးဖြင့် ဒုတိယသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂) ဖြစ်လာခဲ့သည်။
၂၀၁၈ မတ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နုတ်ထွက်ပြီးနောက် လွှတ်တော်သည် သမ္မတအသစ်ရွေးချယ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော ဦးဝင်းမြင့်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအသစ်ဖြစ်လာသည်။ ဒုတိယသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ (၂)အဖြစ် ဦးဟင်နရီဗန်ထီးယူတို့က ဆက်လက်အရွေးချယ်ခံရသည်။
တတိယအကြိမ်
[ပြင်ဆင်ရန်]၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲ အပြီး ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ၂၀၂၆ခုနှစ် မတ်လ ၂၀ရက် တွင် ကျင်းပသည်။[၃]
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ယာယီသမ္မတ၏ လုပ်ပိုင်ခွင့်များနှင့် ကိုက်ညီမှုမရှိဟု ဝေဖန်မှုများရှိခဲ့သည့် အခြေအနေတွင် နိုင်ငံတော်အား အရေးအပေါ်အခြေနေအဖြစ် တစ်နှစ်ကြေညာခဲ့သည်။ထို့နောက် ဥပဒေပြုမှုအာဏာ အပါအဝင် အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ၎င်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြား က ထုတ်လွှင့် ကြေညာခဲ့သည်။[၄][၅]
အရေးပေါ်အခြေအနေ တစ်နှစ်ပြည့်လုခါနီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ယာယီသမ္မတ ဦးမြင့်ဆွေက ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ သက်တမ်း ၆ လထပ်မံ တိုးမြှင့်ခဲ့သည်။[၆]ဤသို့ဖြင့် သက်တမ်းသည် ၅ နှစ်အထိ အကြိမ်ကြိမ်တိုးခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း။ စက်တင်ဘာ ၂၀၀၈။
- ↑ Burma ex-Prime Minster Thein Sein named new president
- ↑ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး မတ် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် အစုအဖွဲ့အစည်းအဝေးများ စတင်မည့်ရက် သတ်မှတ်ကြေညာမည်။ Eleven Media Group (၁၉ မတ် ၂၀၂၆)။ ၂၀ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ အရေးပေါ် အခြေအနေ ကြေညာ၊ ဦးမြင့်ဆွေ ယာယီသမ္မတ တာဝန်ယူ (1 ဖေဖော်ဝါရီ 2021)။ ၅ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
- ↑
- Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament (8 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
- Myanmar coup: Week of Feb.1 to Feb. 21, EU action in focus as foreign ministers set to meet (1 February 2021)။ 2 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 April 2021 တွင် ပြန်စစ်ပြီး။
- ‘We’re not brainwashed’: a week of turmoil in Myanmar (5 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
- Aung San Suu Kyi urges people to resist Myanmar military coup (1 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
- ↑ ကြေးမုံသတင်းစာ (၁.၂.၂၀၂၂)။
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ပြည်ထောင်စုလွှတ်တော်၏ ဝက်ဘ်စာမျက်နှာ (စမ်းသပ်) 4 February 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .