ဆင်ဖြူကျွန်းမြို့
ဆင်ဖြူကျွန်းမြို့ မြို့ရွှေကျွန်း | |
---|---|
မြို့ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 20°39′51″N 94°41′34″E / 20.6641996868°N 94.6929049089°Eကိုဩဒိနိတ်: 20°39′51″N 94°41′34″E / 20.6641996868°N 94.6929049089°E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | မင်းဘူး |
မြို့နယ် | စလင်း |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ဆင်ဖြူကျွန်းမြို့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ မြို့တစ်မြို့ဖြစ်သည်။[၁] မင်းဘူးမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်နှင့် စလင်းချောင်း(ဆင်ဖြူကျွန်းချောင်း)တို့ တွေ့ဆုံရာတွင် တည်ရှိသည့် ဆိပ်ကမ်းမြို့ဖြစ်သည်။ အလောင်းစည်သူမင်းလက်ထက် ရခိုင်ဘုရင်ပုန်ကန်၍ သွားရောက်နှိမ်နှင်းရာတွင် ရတနာဆင်ဖြူဝပ်သဖြင့် ဘုရားတည်၍ ဆင်ဖြူဝပ်သော ကျွန်းမြေမဟာဖြစ်သောကြောင့် ဆင်ဖြူကျွန်းဟုတွင်သည်။ ရှေးမြန်မာဘုရင်များလက်ထက်နှင့် အထူးသဖြင့် ဘကြီးတော်(မြန်မာ ၁၁၈၁-၁၁၉၉) လက်ထက် တို့တွင် ဆင်ဖြူများရရှိရာဒေသဖြစ်၍၊ ဆင်ဖြူကျွန်းဟု ပိုမို ကျော်ကြားခဲ့သည်။[၂]
ဆင်ဖြူကျွန်း ၏ အရှေ့ဘက်၌ ဧရာဝတီမြစ်၊ အနောက်ဘက်၌ ချောင်း တည်ရှိသည်။ ဆင်ဖြူကျွန်း တောင်ဘက် မြန်မာဘုရင်များလက်ထက် သမိုင်းဝင်အရပ်တစ်ခု ဖြစ်သည့် ယမ်းဖိုကုန်းတည်ရှိခဲ့ပေသည်။ ၎င်းဒေသမှတစ်ဆင့် အမ်းတောင်ကြားလမ်းသို့ကျော်ဖြတ်ကာ ရခိုင်ပြည်နယ်သို့ သွားနိုင်သည်။ ဆင်ဖြူကျွန်းမြို့သည် ရှေးဘုရင်လက်ထက်က ရေတပ်သစ်တပ်တည်ရှိရာ ကင်းမြို့ဖြစ်ပြီး စစ်ရေးအရအရေးပါရာဒေသ ဖြစ်ခဲ့သည်။ စစ်ကြီးမဟာဗန္ဓုလစစ်စခန်းချခဲရာဒေသဖြစ်ပြီး ရခိုင်ဒေသကိုထိန်းချုပ်သည့် စစ်စခန်းမြို့ဖြစ်သည်။ ဆင်ဖြူကျွန်းမြို့ရှိ ကျည်တော်စု၊ကြည်စု၊ တပ်ပြင်၊ မြင်ခေါင်း၊ ယမ်းဖိုကုန်း၊ ဒိုင်းဒေါင်းကုန်းစသည်တို့သည် မဟာဗန္ဓုလစစ်သူကြီး ဆင်ဖြူကျွန်း တွင်စစ်စခန်းချရင်း အမည်တွင်ခဲ့သည့် ရပ်ကွက်ရွာများဖြစ်သည်။
မြို့ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]
ဆင်ဖြူကျွန်းမြို့ ကို ရှေးယခင် က ခြောက်သွေးခြောက်ရပ်ကွက်ဖြင်ဖွဲ့စည်းထားသည်။ သုံးပင်တောင်ရပ်၊ သုံးပင်မြောက်ရပ်၊ ပျံ့လွင့်ရပ်၊ ပရိက္ခရာရပ်၊ ပိုးအရှေ့ရပ်၊ ပိုးအနောက်ရပ် တို့ဖြင့်ဖွဲစည်းထားသည်။ သိုသော်ယခုအခါ ဆင်ဖြူကျွန်း မြို့ကို မြို့ပေါ်ရပ်ကွက်၉ခု သူကြီးပိုင်နယ်၅၂ရွာ ကျေးရွာပေါင်း၁၁၆ရွာဖြင့်ဖွဲ့စည်းထားသည်။
ယခုအခါတိုးချဲ့ရပ်ကွက်များအဖြစ် အမှတ်(၁)ရပ်ကွက်နယ်မြေတွင် သုံးပင်တောင်(ပိုးသည် ပြည်စိုး သပြေ)၊ သုံးပင်မြောက်၊ အမှတ်(၂)ရပ်ကွက်နယ်မြေတွင် ပျံ့လွင့်၊ ပရိက္ခရာ၊ အမှတ်(၃)ရပ်ကွက်နယ်မြေတွင် ပိုးအရှေ့၊ ပိုးအနောက်၊ အမှတ်(၄)ရပ်ကွက်နယ်မြေတွင် သစ္စာမြိုင်၊ သရက်တော၊ ရွာသစ်၊ ပရပိုက်တန်း၊ ယမ်းဖိုကုန်း၊ သရက်ချဉ်၊ သီးကုန်း၊ ဇောင်ချမ်းကုန်း၊ အမှတ်(၅)ရပ်ကွက်နယ်မြေတွင် မ/ရှားတော၊ အုတ်ဖို၊ မင်းကုန်း၊ သာယာကုန်း၊ စိတ္တူ၊ ပြည်တော်သာရပ်၊ အမှတ်(၆)ရပ်ကွက်နယ်မြေတွင်၊ နွယ်တမယ်ရပ်၊ ဆုတ်လေဦးချောင်းဖြူရပ်၊ အမှတ်(၇)ရပ်ကွက်တွင် ဆုံကုန်း ရေနံစု ကျက်ဟင်းခါးကျွန်း အမှတ်(၈)ရပ်ကွက်တွင်စွန်းကျွန်းညို အမှတ်(၉)ရပ်ကွက်တွင် မိုးဝန်း ဒိုင်ဂေါင်းကုန်း စသည်ဖြင့် ရပ်ကွက်ကြီး (၉) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ စွန်းကျွန်းညိုရပ်ကွက်သည်ဆင်ဖြူကျွန်မြို့အတွက်ရေးပါသောဧရာဝတီမြစ်ဆိပ်ကမ်းဖြစ်သည်။ ဆုံကုန်းရပ်ကွက်သည်လဲယွန်းထည်၊ဖန်စီရွှေချခြင်း၊ပန်းပုကနုတ်စသည့်အတက်ပညာရှင်များရှိရမြို့၏အားထားရာရပ်ကွက်တစ်ဖြစ်သည်။
နယ်နိမိတ်[ပြင်ဆင်ရန်]
မြို့တောင်ဘက်တွင်စလင်းမြို့ အရှေ့ဘက်တွင်ဧရာဝတီမြစ်ချောက်မြို့နယ်မြောက်ဘက်တွင်ဆိပ်ဖြူမြို့နယ်အနောက်ဘက်တွင်ဆောမြို့နယ်တို့တည်ရှိသည်။
အစိုးရရုံးများဌာနများ[ပြင်ဆင်ရန်]
- မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
- ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၉ခု၊
- ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၅၂ခု
- သစ်တောရုံး၊
- ဆက်သွယ်ရေးရုံး၊
- မြို့စည်ပင်သာယာရေးရုံး
- စာတိုက်ရုံး၊
- မြို့ နယ်မြေရဲစခန်း၊
- မြို့ နယ်မြေမီးသတ်ဌာန၊
- မြို့နယ်အလုပ်သမားကုန်တင်ကုန်ချရုံး၊
- မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊
- မြို့နယ်စက်မှုလယ်ယာဦးစီးဌာန
- စ်ိုက်ပျိုးရေးရုံး၊
- ပြည်သူ့ဆေးရုံ၊
- မိခင်နှင့်ကလေးကျန်းမာရေးဌာန၊
- အောက်စီဂျင်ထုတ်လုပ်ရေးစက်ရုံ
- ဝါကြိတ်စက်
- ကြက်ခြေနီအသင်း စသည်တို့တည်ရှိသည်။
ပညာရေး[ပြင်ဆင်ရန်]
အထက်တန်း[ပြင်ဆင်ရန်]
အထက(၁)ဆင်ဖြူကျွန်း(အမျိုးသားကျောင်း) အထက(၂)ဆင်ဖြူကျွန်း(ပြည်စိုးကုန်းကျောင်း) အထက်တန်းကျောင်း၅ ကျောင်း အထက်တန်းကျောင်းခွဲ ၇ ကျောင်း မူလတန်းကျောင်းပေါင်း ၆၂ ကျောင်း
ထင်ရှားသော နေရာဒေသများ[ပြင်ဆင်ရန်]
ဆင်ဖြူကျွန်းမြို့၌ သမိုင်းဝင် မဟာစေတီလှဘုရား၊ ရှင်ပင်မြကျောက်ဆည်ဘုရား၊အလောင်းစည်သူမင်းတည် ဆုတောင်းပြည့်ဘုရားနှင့်ရှင်ပင်မုနိမဟာရံသီဘုရားခေါ်ဘုရားကြီးကုန်း၊ ရှင်ပင်ဘုန်းမြင့်၊ ရှင်ပင်ဘုန်းပွင့်၊ဗဒုံမင်းတည် ရှင်ပင်ချမ်းသာကြီးဘုရား၊အလောင်းစည်သူမင်းတည် ရှင်ပင်ဖောင်တော်ဦး၊ ရှင်ပင်ငါးမျက်နှာစေတီနှင့်ကန်တော်၊ ပဉ္စလောဟာပြည်တော်ပြန်ဘုရားကြီး တို့ကို ဖူးမြော်ကြည်ညိုနိုင်သည်။ ထင်ရှားသော စာသင်တိုက်များအဖြစ် မဟာဝိသုတာ ရာမစာသင်တိုက်နှင့် မဟာဝိဇယာရာမပါဠိတက္ကသိုလ်စာသင်တိုက်တို့ကို တွေ့နိုင်သည်။ ဆင်ဖြူကျွန်းသည် ရှေးကပင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အမျိုးသားကျောင်း ရှိခဲ့ပေသည်။ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံ၊ စာတိုက်၊ ရဲစခန်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊မြို့မီးသတ်စခန်း ဆန်စက်၊ ဝါကြိတ်စက် စိုက်ပျိုးရေးရုံး သစ်တောရုံး ဆီစက်နှင့် သစ်စက် မြို့မဈေးလည်း ရှိနေခဲ့သည်။ ဆင်ဖြူကျွန်းမြို့၌ ၁၉၅၂ ခုနှစ်က စိုက်ထူခဲ့သော ဗိုလ်ချုပ်ကျောက်တိုင်မှာ ကြာပွင့်အခံပြုလုပ်၍ စိုက်ထားခြင်းကြောင့် အမြင်ထူးခြားလှပေသည်။ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်နှင့် ဗိုလ်ချုပ်ကျောက်တိုင်နှစ်ခုလုံးရှိရာမြို့ဖြစ်သည်။ စာပေပညာရှင်၊ ဇာတ်သဘင်ပညာရှင်များနှင့် ဆိုင်းပညာရှင် စသော အနုပညာရှင်များလည်း ထင်ရှားစွာ ရှိခဲ့သည်။ ဆင်ဖြူကျွန်းမြို့ရှိ နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်သော မြေရှည်အုတ်ကျောင်းတိုက်မှာ လေ့လာသင့်သည့်ကျောင်းတစ်ကျောင်းဖြစ်ပြီး ရှင်ပင်ဘုန်းမြင့်ဘုရားရှိ ပိဋကတ်ကျောက်စာတိုက်မှာလည်း လေ့လာဖွယ်ဖြစ်သည်။ ထို့ပြင် ရွှေကျောင်း၊ ရှေးဟောင်းရာကျော်ကျောင်းတော်နှင့်နှီးဘုရား၊ရှင်ပင်ပုပ္ပါရုံဘုရား နှင့် တောင်ပိုးတန်းပိုးသည်ရပ် ရှင်ပင်လေးမျက်နှာဘုရားရှိနံရံဆေးရေးပန်းချီများ သည် လေ့လာသင့်သောရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်။ ဆင်ဖြူကျွန်းမြို့ ချောင်းထဲ မဟာပါဒဂ်စက်တော်ရာဘုရားသည် မြန်မာနိုင်ငံ၏ဒုတိယရွှေစက်တော်အဖြစ်ထင်ရှားကျော်ကြားသည်။ ထို့ပြင် ဆင်ဖြူကျွန်မြို့အနောက်မြောက်ဘက်မိုင် ၂၀ ခန့်အကွာ ကိုးရေယဉ်နတ်နန်း သည် သာယာသောတောတောင်ရူ့ခင်းများနှင့်သာယာလှပပြီးရှင်အရဟံကုန်းနှင့်ကျောက်သေတ္တာကြီးစသည့် ဂမ္ဘီရဆန်ဆန်စိတ်ဝင်စားစရာများနှင့်ပြည့်နှက်နေသည်။
ပန်းခြံ[ပြင်ဆင်ရန်]
- အာဇာနည်ပန်းခြံ
- လွတ်လပ်ရေးမော်ကွန်း
ထင်ပေါ်ကျော်ကြားသူများ[ပြင်ဆင်ရန်]
- ဆင်ဖြူကျွန်းဆရာတော်ဦးဓမ္မသာရ (မိုးကုတ်ဝိပဿနာ နာယကချုပ်ဆရာတော်)
- ဆရာတော်ဘဒ္ဒန္တဉာဏိန္ဒ(အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်သံဃ မဟာနာယက ဒုဥက္ကဋ္ဌ)
- ဆရာတော်ဘဒ္ဒန္တပညာဇောတ(အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟိုဝန်ဆောင်နိုင်ငံတော်ဩဝါဒစရိယဆရာတော်)
- ဒေါက်တာဘဒ္ဒန္တနောဓိဉာဏ(အဂ္ဂမဟာဂဏဝါစကပဏ္ဍိတ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခ မဟာဌာနမှူး)
- ဓမ္မဝီရဒေါက်တာတေဇနိယ(အရဟံဖောင်ဒေးရှင်းဗဟို)
- ယောက်ျားမင်းသမီးမယ် အောင်ဗလ
- ကျပင်း ဆရာဖီး
- သင်၊ ဆရာ ဆင်ဖြူကျွန်း
- ဆင်ဖြူကျွန်း အောင်သိန်း(စာပေဆုများရှင် တသက်တာစာပေဆုရှင်)
- နန္ဒစိုး(ဆင်ဖြူကျွန်း/စာပေဆုများရှင်)
- ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)
- ပန်တျာအေးလွင်(စာရေးဆရာ)
- ဦးပုလဲစိန်(ဇာက်မင်းသားအသံပညာရှင်)
- နိုင်လင်း(အသံဇာက်လမ်းဇာက်ညွှန်းတေးသံရှင်)
- သျှင်မ(ဝတ္ထုစာရေးဆရာမ)
- ခင်မြဇင်(အမျိုးသားစာပေဆုရှင်)
- ဆင်ဖြူကျွန်း သန်းထွန်း(အမျိုးသားစာပေဆုရှင်)
- မင်းတခေတ်(လူငယ်စာရေးဆရာဒါရိုက်တာ)
- ဆင်မ(ဟာသသရုပ်ဆောင်)
- ဆိုင်းဆရာ ဦးတင်မောင်
- စိန်ဗိုလ်ညွှန့်(ဆိုင်းဆရာ)
- ပန်းချီလှဘုန်းအောင်
- ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)(ဓာတ်ပုံဆုများရှင်)
- ကာတွန်းမြေဇာ
- ကာတွန်းရွှေမင်းသား
မင်းကြီးဗိုလ်ဥတ္တမ၊ ဗိုလ်ဗျိုင်းကြီး၊ ဗိုလ်ဗျိုင်းလေး၊ မြတောင်ဗိုလ်၊ ဗိုလ်ဆေးနီ၊ ဗိုလ်ကြာလန်းစသည့် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်များ၏နယ်ချဲ့တော်လှန်ရေးသမိုင်း(ဆင်ဖြူကျွန်းမြို့သိမ်းတိုက်ပွဲ) မှာ စာတင်သင့်သည် ရှေးခေတ်ဘုရင်များလက်ထက်တွင် ဆင်ဖြူကျွန်းမြို့သည် စစ်ရေးအရအရေးပါသောရေတပ် သစ်တပ်ရှိရာမြို့ဖြစ်ခဲ့သည်။
စီးပွားရေး[ပြင်ဆင်ရန်]
အဓိက စီးပွားရေးမှာ စိုက်ပျိုးရေး ဖြစ်သည်။ ဆည်ရေသောက်လယ်မြေများ ဖြစ်ခြင်းကြောင့် စပါးနှင့် ပဲမျိုးစုံ စိုက်ကြသည်။ ကိုင်းကျွန်းတို့တွင် မြေပဲ၊ ငရုတ်၊ ပဲမျိုးစုံ စိုက်ကြသည်။ ဆင်ဖြူကျွန်းမှ အာလူး၊ငရုတ်၊ ကြက်သွန်နှင့် ရှားစေးတို့မှာ နာမည်ကြီးသည်။ အာလူးသည် မြန်မာနိုင်ငံတွင်ရှမ်းဒေသနှင့်ဆင်ဖြူကျွန်းဒေသတွင်သာစိုက်ပျိုးကြသည်။
စားသောက်ဖွယ်ရာများ[ပြင်ဆင်ရန်]
ဆင်ဖြူကျွန်းဝက်အူတောင့်၊ဆင်ဖြူကျွန်းမုန့်ဩဇာ ဆင်ဖြူကျွန်း ပဲချောင်း အာလူးကျော် အုန်းကရေကရာတို့သည်နာမည်ကျော်ဒေသထွက်စားစရာများဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]
ဆင်ဖြူကျွန်းမြို့သို့ ဧရာဝတီမြစ်နှင့် စလင်းချောင်းတို့မှ လှေ၊ သင်္ဘောတို့ဖြင့် ရေလမ်းအားဖြင့်လည်းကောင်း၊ မင်းဘူး-ဆင်ဖြူကျွန်း-ဆိပ်ဖြူလမ်း ဆင်ဖြူကျွန်း-ငဖဲလမ်း ဆင်ဖြူကျွန်း-စေတုတ္တရာလမ်းစသည့်ကုန်းလမ်းအားဖြင့် သွားလာနိုင်သော မြို့တစ်ခု ဖြစ်သည်။ စာတိုက်၊အစိုးရဆက်သွယ်ရေး ရုံး ပုဂ္ဂလိကဆက်သွယ်ရေးရုံး ဘဏ်များ ရှိ၍လည်းဆက်သွယ်ရေးကောင်းသောမြို့လည်းဖြစ်သည်။
တံတားများ[ပြင်ဆင်ရန်]
- (နွယ်တမယ်တံတား-ဆင်ဖြူကျွန်းမြို့)
- ဆင်ဖြူကျွန်မြောက်ဘက်ခြမ်းကိုယ်ထူကိုယ်ထတံတား(နတ်စင် မြောက်ရှားတော)
- ဖောင်တော်ဦးတံတား(ဖောင်တော်ဦးတောင်ကျချောင်း)
- မီးရထားတံတား
- ကန်တော်ချောင်းကူးတံတား
ကိုးကား[ပြင်ဆင်ရန်]
- ↑ "ဆင်ဖြူကျွန်းမြို့၌ Mask Campaign ပြုလုပ်"။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
![]() ![]() | ဤ မကွေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |