ချင်းတိုးတက်ရေးပါတီ
| ချင်းတိုးတက်ရေးပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | Chin Progressive Party |
| နာယက | ဦးပေါ်လျှံလွင် |
| တည်ထောင်ခြင်း | ၄ မေ ၂၀၁၀[၁] |
| ဖျက်သိမ်းခြင်း | ၁၁ ဇူလိုင် ၂၀၁၉ |
| ဆက်ခံ | ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ဌာနချုပ် | ရန်ကုန်တိုင်းဒေသကြီး |
| အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
| ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
| ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၀ / ၈၈၀
|
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |

ချင်းတိုးတက်ရေးပါတီ (အင်္ဂလိပ်: Chin Progressive Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်းတစ်ခု ဖြစ်သည်။ ချင်းတိုးတက်ရေးပါတီကို ၂၀၁၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့တွင် အဖွဲ့ဝင် ၂၂ ဦးဖြင့် ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]ချင်းတိုးတက်ရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၆၆/၂၀၁၀ အရ ၂၀၁၀ ခုနှစ်၊ ဇွန် ၁ ရက်တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ မှတ်ပုံတင်အမှတ်မှာ ၂၆ ဖြစ်သည်။[၂]
အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀ ခုနှစ်
[ပြင်ဆင်ရန်]ချင်းတိုးတက်ရေးပါတီသည် ၂၀၁၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။
ချင်းပါတီများ ပေါင်းစည်းခြင်း
[ပြင်ဆင်ရန်]၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်း၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမည်ဖြင့် အသစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၃][၄][၅]
ပါတီပယ်ဖျက်ခြင်း
[ပြင်ဆင်ရန်]ချင်းပြည်နယ်ရှိ ချင်းပါတီ (၃) ခုပေါင်းစည်းပြီး ပါတီအသစ် တည်ထောင်မှုကြောင့် ပါတီကို ပယ်ဖျက်ရန် လျှောက်ခဲ့ပြီး၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၂၅ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် ၁၁၉/၂၀၁၉ အားဖြင့် ၂၀၁၉ ဇူလိုင် ၁၁ ရက်တွင် ပယ်ဖျက်ခဲ့သည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၅၄)
- 1 2 ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်း။ Union Election Commission။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ Salai Gei (၈ ဧပြီ ၂၀၁၈)။ ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်။ ချင်းဝေါလ်။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ လဲ့လဲ့ (၁၈ အောက်တိုဘာ ၂၀၁၈)။ ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်။ ဧရာဝတီသတင်းဌာန။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်။ လွတ်လပ်တဲ့ အာရှအသံ (၂၉ စက်တင်ဘာ ၂၀၁၈)။ ၁၂ ဇူလိုင် ၂၀၁၉ တွင် ပြန်စစ်ပြီး။