ပြည်ထောင်စုလွှတ်တော် နာယက
ပုံပန်းသွင်ပြင်
| ပြည်ထောင်စုလွှတ်တော် ၏ နာယက | |
|---|---|
| ပုံစံ | H.E. |
| အဖွဲ့ဝင် | ပြည်ထောင်စုလွှတ်တော် |
| အဆိုပြုသူ | ပြည်ထောင်စုလွှတ်တော် |
| ခန့်အပ်သူ | ပြည်ထောင်စုလွှတ်တော် |
| သက်တမ်း | လ ၃၀ |
| ဖွဲ့စည်းပုံ အခြေခံဥပဒေ | ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ |
| ဖွဲ့စည်းခြင်း | ၂၀၁၁ |
| ပထမဆုံး ထမ်းဆောင်သူ | ဦးခင်အောင်မြင့် |
| လက်ထောက် | ဒုတိယနာယက |
| ဝက်ဘ်ဆိုဒ် | pyidaungsu.hluttaw.mm |
ပြည်ထောင်စုလွှတ်တော် နာယက သည် မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်၏ နာယက ဖြစ်သည်။

ရွေးကောက်ခြင်း
[ပြင်ဆင်ရန်]အထွေထွေ ရွေးကောက်ပွဲ ပြီးဆုံးချိန်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ စတင်ကျင်းပပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကို အသီးသီး ရွေးချယ်သည်။ ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်အထိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရသည်။ ကျန်သက်တမ်းကာလ အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရသည်။ ပြည်ထောင်စုလွှတ်တော်နာယကသည် နာယကတာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရသည်။[၁]
ပြည်ထောင်စုလွှတ်တော် နာယကများ စာရင်း
[ပြင်ဆင်ရန်]| № | ပုံ | အမည် (မွေးဖွား-ကွယ်လွန်) |
သက်တမ်း | နိုင်ငံရေးပါတီ | လွှတ်တော် | လွှတ်တော်အခန်းကဏ္ဍ | ||
|---|---|---|---|---|---|---|---|---|
| စတင် | ပြီးဆုံး | ရက်ပေါင်း | ||||||
| ၁ | ဦးခင်အောင်မြင့် (၁၉၄၅-) | ၃၁ ဇန်နဝါရီ ၂၀၁၁ | ၃၁ ဇူလိုင် ၂၀၁၃ | ၉၁၂ | USDP | ပထမအကြိမ် | အမျိုးသားလွှတ်တော် | |
| ၂ | ဦးရွှေမန်း (၁၉၄၇-) | ၃၁ ဇူလိုင် ၂၀၁၃ | ၁ ဖေဖော်ဝါရီ ၂၀၁၆ | ၉၁၅ | USDP | ပြည်သူ့လွှတ်တော် | ||
| ၃ | မန်းဝင်းခိုင်သန်း (၁၉၅၂-) | ၈ ဖေဖော်ဝါရီ ၂၀၁၆ | ၁ ဩဂုတ် ၂၀၁၈ | ၉၀၅ | NLD | ဒုတိယအကြိမ် | အမျိုးသားလွှတ်တော် | |
| ၄ | ဦးတီခွန်မြတ် (၁၉၅၀-) | ၁ ဩဂုတ် ၂၀၁၈ | ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၉၁၅ | တစ်သီးပုဂ္ဂလ | ပြည်သူ့လွှတ်တော် | ||
| ၅ | ဦးအောင်လင်းဒွေး (၁၉၆၂-) | ၁၈ မတ် ၂၀၂၆ | လက်ရှိ | ၁၅၁ | USDP | တတိယအကြိမ် | အမျိုးသားလွှတ်တော် | |
| ၆ | ဦးခင်ရီ (၁၉၅၂-) | - | - | - | USDP | ပြည်သူ့လွှတ်တော် | ||
ကိုးကား
[ပြင်ဆင်ရန်]- ↑ Constitution of the Republic of the Union of Myanmar။ Ministry of Information (2008)။ 9 July 2015 တွင် ပြန်စစ်ပြီး။