ချင်းအမျိုးသားပါတီ
ပုံပန်းသွင်ပြင်
| ချင်းအမျိုးသားပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | Chin National Party |
| ယခင် နာယက | ဦးဇိုဇမ် |
| ယခင် ပြောခွင့်ရပုဂ္ဂိုလ် | ဦးဘွတ်ဇနန်း |
| ဒုဥက္ကဋ္ဌ | ဦးချန်ဟဲ |
| အထွေထွေ အတွင်းရေးမှူး | ဆလိုင်းကျဲအိုဘိခ်ထောင် |
| တည်ထောင်ခြင်း | ၇ ဧပြီ ၂၀၁၀ |
| ဖျက်သိမ်းခြင်း | ၅ ဖေဖော်ဝါရီ ၂၀၁၄ |
| ဆက်ခံ | ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ |
| ဌာနချုပ် | အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့ |
| ရွေးကောက်ပွဲသင်္ကေတ | |
| ဝက်ဘ်ဆိုဒ် | |
| chinnational-party.org | |
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
ချင်းအမျိုးသားပါတီ (Chin National Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်း တစ်ခု ဖြစ်သည်။
ခေါင်းဆောင်များ
[ပြင်ဆင်ရန်]- ဥက္ကဋ္ဌ - ဦးဇိုဇမ်
- ဒုဥက္ကဋ္ဌ - ဦးချန်ဟဲ
- အထွေထွေအတွင်းရေးမှူး - ဆလိုင်းကျဲအိုဘိခ်ထောင်
- အတွင်းရေးမှူး(၁) - ဆလိုင်းငှဲပီး
- ဆက်သွယ်ရေးမှူး - ဦးဘွတ်ဇနန်း
ပါတီမှတ်ပုံတင်ခြင်း
[ပြင်ဆင်ရန်]ချင်းအမျိုးသားပါတီသည် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာ မေလ ၃ ရက်နေ့၌ ခွင့်ပြုချက်ရရှိခဲ့ပြီး၊ ထို့နောက် မေလ ၁၉ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ထပ်မံလျှောက်ထားခဲ့ကာ မေလ ၂၇ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၂၁) ဖြင့် တရားဝင် မှတ်ပုံတင်ခွင့်ရရှိခဲ့သည်။
အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀ ခုနှစ်
[ပြင်ဆင်ရန်]ချင်းအမျိုးသားပါတီသည် ၂၀၁၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။
နာမည် ပြောင်းလဲခြင်း
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ပါ ကြေညာချက်အမှတ် ၇/၂၀၁၄ ဖြင့် ချင်းအမျိုးသားပါတီ (Chin National Party) ၏ အမည်ကို ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (Chin National Democratic Party) ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ချင်း အမျိုးသားပါတီ အမည်ပြောင်း။ The Irrawaddy။ 2025-6-28 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-28 တွင် ပြန်စစ်ပြီး။