မြန်မာနိုင်ငံရှိ ကိုးကွယ်ယုံကြည်မှု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Circle frame.svg

မြန်မာနိုင်ငံရှိ ကိုးကွယ်ယုံကြည်မှု (၂၀၁၄ မြန်မာနိုင်ငံ သန်းခေါင်စာရင်း)[၁][မှတ်စု ၁]

  မျိုးနွယ်စုဘာသာများ (0.8%)
  အခြား (0.2%)
  ဘာသာမရှိ (0.1%)

မြန်မာနိုင်ငံ သည် ကိုးကွယ်မှုပေါင်းစုံရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အစိုးရသည် ထေရဝါဒ ဗုဒ္ဓဘာသာကို ပိုမိုအလေးပေးသည်။[၂] ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဗုဒ္ဓဘာသာသည် အဓိက ဘာသာရေးဖြစ်ပြီး လူဦးရေ၏ ၈၈% ကိုးကွယ်ကြသည်။ ဗမာရခိုင်ရှမ်းမွန်ကရင်နှင့် တရုတ်လူမျိုးများသည် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။ ဗမာလူမျိုးများသည် ဗုဒ္ဓဘာသာအောက်တွင် ရိုးရာယုံကြည်မှုကိုလည်း ကိုးကွယ်ကြသည်။ အခြေခံဥပဒေသစ်တွင် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပြဋ္ဌာန်းထားသော်လည်း ယင်းလွတ်လပ်ခွင့်ကို ချုပ်ထိန်းနိုင်စေရန် ခြွင်းချက်များ ရှိနေသည်။[၂] လူနည်းစု မျိုးနွယ်စုများသည် ခရစ်ယာန်ဘာသာ (၆.၂%၊ အထူးသဖြင့် ချင်းလူမျိုးချင်း၊ ကချင်လူမျိုးကချင်၊နှင့် ကရင်လူမျိုးကရင်)၊ အစ္စလာမ်ဘာသာ (၄.၃%၊ အထူးသဖြင့် ဘင်္ဂလီ ၊ အိန္ဒိယနွယ်ဖွားများနှင့် လူနည်းစု)၊ နှင့် ဟိန္ဒူဘာသာ (၀.၅%၊ အထူးသဖြင့် မြန်မာအိန္ဒိယနွယ်ဖွားများ) တို့ကို ကိုးကွယ်ကြသည်။[၁]

နတ်ကိုးကွယ်မှုသည် မြန်မာနိုင်ငံတွင် တွေ့နေကျ ဖြစ်သည်။ နတ်များကို နိုင်ငံတစ်ဝှမ်းတွင် သီးသန့် သို့မဟုတ် ဗုဒ္ဓဘာသာကျောင်းကန်များနှင့် တွဲလျက် တွေ့ရသည်။ နတ်ကိုးကွယ်မှုသည် မြန်မာဗုဒ္ဓဘာသာများအကြား ဆက်နွယ်နေပြီး အသိအမှတ်ပြုထားသော နတ် ၃၇ ပါး ရှိသည်။

သန်းခေါင်စာရင်း အချက်အလက်များ[ပြင်ဆင်ရန်]

ဘာသာအုပ်စုများ လူဦးရေ
% ၁၉၇၃[၁]
လူဦးရေ
% ၁၉၈၃[၁]
လူဦးရေ
% ၂၀၁၄[၁]
ဗုဒ္ဓဘာသာ ၈၈.၈% ၈၉.၄% ၈၇.၉%
ခရစ်ယာန်ဘာသာ ၄.၆% ၄.၉% ၆.၂%
အစ္စလာမ်ဘာသာ ၃.၉% ၃.၉% ၄.၃%
ဟိန္ဒူဘာသာ ၀.၄% ၀.၅% ၀.၅%
မျိုးနွယ်စုဘာသာများ ၂.၂% ၁.၂% ၀.၈%
အခြား ၀.၁% ၀.၁% ၀.၂%
ဘာသာမရှိ n/a n/a ၀.၁%
  • မှတ်ချက်။ မြန်မာနိုင်ငံရှိ မွတ်ဆလင်လူဦးရေမှာ နှစ်မျိုး ဖြစ်နေသည်။ မြန်မာနိုင်ငံသားမဟုတ်သူများဟု ယုံကြည်ထားပြီး ဖယ်ထုတ်ထားခြင်းနှင့် နိုင်ငံသားအဖြစ် ယူဆတွက်ချက်ထားခြင်း ဖြစ်သည်။ ယင်းတို့ မပါဝင်ပါက မြန်မာနိုင်ငံရှိ မွတ်ဆလင်လူဦးရေမှာ တစ်နိုင်ငံလုံး လူဦးရေ၏ ၂.၃% မျှသာ ဖြစ်သည်။


မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]

နောက်ထပ် အချက်အလက်များ။ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံတွင် အများဆုံးကြည်ညိုကြသော ရွှေတိဂုံစေတီတော်
ဘုရားသုံးဆူသည် မွန်လက်ရာပုံစံဖြင့် တည်ထားသည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာသည် ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၈၈% မှ ကိုးကွယ်ကြသည်။[၁][၃][၄] လူဦးရေနှင့် ဘုန်းတော်ကြီးအချိုးနှင့် ဘာသာတရားပေါ်တွင် သုံးစွဲသည့် ဝင်ငွေများဖြင့် ကြည့်ပါက မြန်မာနိုင်ငံသည် ဘာသာရေးကိုင်းရှိုင်းမှုအရှိဆုံး ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။[၅]

အဓိက ကိုးကွယ်ကြသူများမှာ မြန်မာ့လူမှုအသိုင်းအဝိုင်းရှိ ဗမာရှမ်းရခိုင်မွန်ကရင်နှင့် တရုတ်လူမျိုးများ ဖြစ်ကြသည်။ သံဃာအဖြစ် သိကြသော ရဟန်းများသည် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အမွန်အမြတ်ထားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ဗမာနှင့် ရှမ်းလူမျိုးများ အပါအဝင် မြန်မာနိုင်ငံရှိ လူမျိုးစု အများစုသည် နတ်ကိုးကွယ်မှုကို ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှုနှင့်အတူ ပြုလုပ်ကြသည်။

မြန်မာနိုင်ငံရှိ အများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များတွင် ဘာသာရေး လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး မကျေနပ်ချက်များ ရှိနေသည်။ မာနယ်ပလောရှိ စေတီပုထိုးများအား ပြန်လည်တည်ဆောက်ခွင့်နှင့် ပြင်ဆင်ခွင့် ပိတ်ပင်ခံရခြင်းကြောင့် နိုင်ငံရေးပါတီတစ်ခုဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် သည် ကရင် အမျိုးသား အစည်းအရုံးမှ ခွဲထွက်ခဲ့သည်။ ကရင်လူမျိုးများ၏ ၆၅% သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း KNU ၏ ထိပ်ပိုင်းခေါင်းဆောင်နေရာများကို ကြီးစိုးနေသူများမှာ ခရစ်ယာန်များ ဖြစ်ကြသည်။

ရဟန်းအများစုသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့ကြပြီး အစိုးရလုံခြုံရေးတပ်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။[၆]

မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာ[ပြင်ဆင်ရန်]

နောက်ထပ် အချက်အလက်များ။ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာ

လူဦးရေ၏ ၆.၂% သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး[၁][၇] အများစုမှာ ကချင်ချင်း၊ နှင့် ကရင်လူမျိုးများဖြစ်ကြပြီး သက်ဆိုင်ရာဒေသအသီးသီးတွင် သာသနာပြုလုပ်ငန်းများ လုပ်ဆောင်နေသော ဥရောပအာရှနွယ်ဖွားများလည်း ပါဝင်သည်။ နိုင်ငံရှိ ခရစ်ယာန်ဘာသာဝင် ငါးပုံလေးပုံခန့်သည် ပရိုစတက်တင့်များ အထူးသဖြင့် နှစ်ခြင်းခရစ်ယာန်များ ဖြစ်ကြပြီး ကျန်တစ်ပုံခန့်မှာ ရိုမန်ကတ်သလစ်များ ဖြစ်ကြသည်။

ခရစ်ယာန်ဘာသာဝင်ဦးရေသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၃ ခုအတွင်း အလျင်အမြန် တိုးပွားလာနေသော ဘာသာရေးဖြစ်လာသော်လည်း ယေဘုယျလူဦးရေနှင့် နှိုင်းယှဉ်ပါက တိုးပွားမှုနှုန်းမှာ ကွာခြားချက် ရှိနေသည်။

မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာ[ပြင်ဆင်ရန်]

နောက်ထပ် အချက်အလက်များ။ မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာ
ရန်ကုန်မြို့ရှိ ဟိန္ဒူရိုးရာပွဲတော်တစ်ခု
ရန်ကုန်မြို့ရှိ ကာလီဘုရားကျောင်း

လူဦးရေ၏ ၀.၅%သည် ဟိန္ဒူဘာသာကို ကိုးကွယ်ကြသည်။[၁][၈] ဟိန္ဒူဘာသာဝင်အများစုမှာ မြန်မာအိန္ဒိယနွယ်ဖွားများ ဖြစ်ကြသည်။

ဗုဒ္ဓဘာသာနှင့်အတူ ဟိန္ဒူဘာသာသည်လည်း မြန်မာနိုင်ငံသို့ ရှေးနှစ်ပေါင်းများစွာကတည်းက ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံ အမည်သည် ဟိန္ဒူဘာသာတွင် ဆက်စပ်ပါဝင်နေသည်။ ဗြိတိသျှကိုလိုနီခတ် တရားဝင် သဒ္ဒဗေဒသင်္ကေတ Burma သည် ရှေးအမည်ဖြစ်သော ဗြဟ္မာ့ဒေသ (Brahma Desha) ၏ ရှေ့စာလုံးနှင့် တူညီသည်။[၉] ဗြဟ္မာ သည် ဟိန္ဒူအယူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဦးခေါင်းလေးလုံးရှိသော နတ်ဘုရားတစ်ပါး ဖြစ်သည်။ ဒေသအခေါ်အမည်ဖြစ်သော မြန်မာ (Myanmar) သည် Brahma ကို အက္ခရာဖလှယ်ထားခြင်း ဖြစ်သည်။[၉]

ရခိုင်ရိုးမသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားတွင် သဘာဝအလျောက် ဖြစ်တည်နေသော အတားအဆီးတစ်ခုသဖွယ် ဖြစ်နေပြီး ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့ မြန်မာနိုင်ငံတွင်းသို့ မဏိပူရနှင့် တောင်အာရှ သင်္ဘာကုန်သည်များမှ တဆင့် တဖြည်းဖြည်း ပျံ့နှံဝင်ရောက်လာခဲ့သည်။ ဟိန္ဒူအယူဝါဒသည် ကိုလိုနီခေတ်မတိုင်မီ မြန်မာဘုရင်ခေတ်များတွင် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးခဲ့ခြင်းကို ပုဂံကဲ့သို့သော မြို့များ၏ ဗိသုကာလက်ရာများမှ တဆင့် တွေ့မြင်နိုင်သည်။ အလားတူ မြန်မာဘသာစကားသည်လည်း ဘာသာရေးနှင့် ဆက်စပ်နေသာ သင်္သကရိုက်ဘာသာစကား နှင့် ပါဠိဘာသာစကားတို့မှ စကားလုံးများကို ရယူထားသည်။ ၁၉ ရာစုနှင့် ၂၀ ရာစုတို့တွင် စိုက်ခင်းများနှင့် မိုင်းတွင်းများ၌ လုပ်ကိုင်ရန် ဟိန္ဒူအလုပ်သမား တစ်သန်းကျော်ခန့်တို့ကို ဗြိတိသျှကိုလိုနီအစိုးရက ခေါ်ဆောင်လာခဲ့သည်။ ဥရောပသားများအား အိန္ဒိယသားများ ဝန်းရံထားခြင်းဖြင့် ဒေသခံများနှင့် ကြားခံဆက်သွယ်နိုင်ရေးအတွက်သာမက လုံခြုံရေးအနေဖြင့် ထားရှိခြင်းကို ဗြိတိသျှတို့ ခံစားခဲ့ကြသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့ လူဦးရေ၏ ၅၅% သည် အိန္ဒိယရွေ့ပြောင်းလုပ်သားများ ဖြစ်ကြပြီး အများစုမှာ ဟိန္ဒူဘာသာဝင်များ ဖြစ်သည်။[၁၀] ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရပြီးနောက်၁၉၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အကြား ဦးနေဝင်း ခေါင်းဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် အိန္ဒိယလူမျိုး ၃၀၀,၀၀၀ (ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ)၊ တရုတ်လူမျိုး ၁၀၀,၀၀၀ တို့ကို နှင်ထုတ်ခဲ့သည်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံအားပေးသော အိန္ဒိယနိုင်ငံ၏မူဝါဒသည် ဟိန္ဒူဘာသာဝင်များကို ပိုမို နှိပ်ကွပ်စေခဲ့သလို အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များတွင် လက်ဝဲယိမ်းသော သူပုန်အုပ်စုများကို ထောက်ခံမှုများ ဖြစ်ပေါ်စေခဲ့သည်။[၁၀] ၁၉၉၀ ဆယ်စုနှစ်မှစ၍ မြန်မာနိုင်ငံ၏ တံခါးဖွင့်ဝါဒနှင့် စီးပွားရေးအခွင့်အလမ်းများကြောင့် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာနှင့် အခြား ဘာသာများကို လက်ခံလာခဲ့ကြသည်။

ယနေ့ခေတ် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများအပါအဝင်တွင် ဆက်လက်ပါဝင်နေလျက်ရှိသည်။ ဥပမာ သိကြားမင်းကိုးကွယ်မှုသည် ဟိန္ဒူနတ်ဘုရား ဣန္ဒာမှ စတင်ခဲ့သည်။ ရာမဇာတ်တော်သည် ရာမာယဏကို မှီငြမ်းထားခြင်းအပါအဝင် မြန်မာ့စာပေတွင်လည်း ဟိန္ဒူယဉ်ကျေးမှုသည် များစွာပါဝင်နေလျက်ရှိသည်။ စာမေးပွဲမဖြေမီ ဆည်းကပ်လေ့ရှိကြသော ဗဟုသုတနတ်သမီး သူရဿတီ အပါအဝင် ဟိန္ဒူနတ်ဘုရားများစွာတို့ကို မြန်မာလူမျိုးတို့ ကိုးကွယ်ကြသည်။[၁၁]

ယနေ့ခေတ် မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာဝင် အများစုကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၏ မြို့တွင်းတို့တွင် တွေ့ရသည်။ ရှေးဟောင်းဟိန္ဒူဘုရားကျောင်းများကို မြန်မာနိုင်ငံ၏ နေရာအချို့တွင် တွေ့နိုင်ပြီး ပုဂံရှိ ၁၁ ရာစု နတ်လှောင်ကျောင်း သည် ဗိဿနိုးနတ်ကို ရည်ညွှန်းတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဂျူးဘာသာ[ပြင်ဆင်ရန်]

တချိန်က မြန်မာနိုင်ငံရှိ ဂျူးဦးရေသည် ထောင်ကျော်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် နိုင်ငံ၏ တစ်ခုတည်းသော ဝတ်ပြုဘုရားကျောင်းရှိရာ ရန်ကုန်မြို့တွင် ဂျူး နှစ်ဆယ်ဝန်းကျင်ခန့်သာ ရှိသည်။ ဒုတိယကမ္ဘာစစ် စတင်ချိန်နှင့် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းချိန်တို့တွင် မြန်မာနိုင်ငံမှ ဂျူးလူမျိုးအများစု ထွက်ခွာသွားခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာ[ပြင်ဆင်ရန်]

နောက်ထပ် အချက်အလက်များ။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာ
ရန်ကုန်မြို့ရှိ ဘန်ဂါလီစူနီဈာမေဗလီ

အစိုးရ၏ သန်းခေါင်စာရင်းအရ နိုင်ငံ၏ လူဦးရေ ၄.၃% သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပြီး ဆွန်နီမူဆလင် အများဆုံး ဖြစ်သည်။[၁]

မြန်မာမွတ်ဆလင်အုပ်စုများ[ပြင်ဆင်ရန်]

  • နိုင်ငံအဝှမ်းတွင် မွတ်ဆလင်များသည် အစုငယ်များအနေဖြင့် ပျံ့နှံ့နေထိုင်ကြသည်။ အိန္ဒိယမှ ဆင်းသက်လာသော မွတ်ဆလင်များသည် ရန်ကုန်တွင် အဓိက နေထိုင်ကြသည်။ မြန်မာအိန္ဒိယ မွတ်ဆလင်များ ကို ကြည့်ပါ။
  • ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အနောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင် လူမျိုးစုတစ်ခု ဖြစ်သည်။ ရိုဟင်ဂျာလူဦးရေသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ငါးခုဖြစ်သော မောင်တောဘူးသီးတောင်ရသေ့တောင်သံတွဲ နှင့် ကျောက်တော်မြို့နယ်များတွင် အဓိကနေထိုင်ကြသည်။
  • ပန်းသေး၊ မြန်မာတရုတ် မွတ်ဆလင်များ။
  • မလေးနွယ်ဖွား မွတ်ဆလင်များသည် ကော့သောင်းမြို့တွင် နေထိုင်ကြသည်။ မလေးနွယ်ဖွားများကို ပသျှုး ဟူ၍လည်း ခေါ်ဆိုကြသည်။
  • Zerbadi မွတ်ဆလင်များသည် နိုင်ငံခြား မွတ်ဆလင် (တောင်အာရှနှင့် အရှေ့အလယ်ပိုင်း) နွယ်ဖွား အမျိုးသားများ၊ အမျိုးသမီးများနှင့် လက်ထပ်ပေါင်းသင်းရာမှ ဆင်းသက်လာသည်။[၁၂]
  • ကမန်လူမျိုး

ရိုဟင်ဂျာ ပဋိပက္ခ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့် နေထိုင်ကြပြီး ၈၀% မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံ အနောက်ပိုင်းတွင် အစ္စလာမ်ပြည်နယ် ရရှိရေးအတွက် ရိုဟင်ဂျာစစ်သွေးကြွအချို့သည် ၁၉၄၀ ဆယ်စုနှစ်မှ စတင်ကာ မကြာခဏ တိုက်ခိုက်လျက်ရှိသည်။[၁၃] မူဂျာဟစ် လှုပ်ရှားမှုကာလ (၁၉၄၇-၁၉၆၁) အတွင်း သူတို့၏ ကနဦး ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ဒေသရှိ ရိုဟင်ဂျာ အများစုနေထိုင်ကြသော မယူမြစ်နယ်ခြားဒေသကို ခွဲထုတ်ကာ အသစ်ဖွဲ့စည်းထားသော အိမ်နီးချင်း အရှေ့ပါကစ္စတန် (လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ) သို့ သိမ်းသွင်းရန် ဖြစ်သည်။[၁၄]

လှုပ်ရှားမှုများသည် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲကာလအတွင်းတွင် ထပ်မံထကြွလာခဲ့သည်။ မကြာမီက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခတွင် မီဒီယာများ၏ အဆိုအရ ရိုဟင်ဂျာ စစ်သွေးကြွအုပ်စုများ၏ ရည်မှန်းချက်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းအား လွတ်လပ်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် ဖန်တီးရန် ဖြစ်သည်။[၁၅][၁၆]

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ၂၀၀၉ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာမဟုတ်သူများ၏ လူဦးရေကို သန်းခေါင်စာရင်းတွင် လျော့ပေါ့တွက်ချက်ထားသည်ဟု ဆိုသည်။ အစ္စလာမ်ပညာရှင်များက မြန်မာနိုင်ငံ၏ မွတ်ဆလင်လူဦးရေသည် နိုင်ငံလူဦးရေ၏ ၆% မှ ၁၀% ခန့်အထိ ရှိသည်ဟု ဆိုကြသည်။[၁၇] မွတ်ဆလင်များကို အိန္ဒိယနွယ်ဖွားများ၊ အင်ဒို-ဗမာများ၊ ပါရှားများ၊ အာရပ်များပန်းသေးများနှင့် တရုတ်ဟိုင်လူမျိုးများ အဖြစ် ခွဲခြားနိုင်သည်။

နှိပ်ကွပ်မှုများ[ပြင်ဆင်ရန်]

မွတ်ဆလင်လူဦးရေများသည် မြန်မာနိုင်ငံတွင် နှိပ်ကွပ်မှုများ ကြုံနေရသည်။ လွတ်လပ်ရေးရပြီးချိန်မှစ၍ အစိုးရ (စစ်အစိုးရနှင့် ဒီမိုကရေစီအစိုးရ နှစ်ရပ်စလုံး) သည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်ဆလင်များအား နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ထားပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပိတ်ပင်ထားသည်။ ရိုဟင်ဂျာများသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အခြား အစ္စလာမ်နိုင်ငံများသို့ ထွက်ခွာသွားရန် တွန်းအားပေးခြင်း ခံနေရသည်။

နိုင်ငံသားဖြစ်ခွင့်ကို ဗုဒ္ဓဘာသာသာဝင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ထားကြသည်။ ဤသည်မှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ရိုဟင်ဂျာများသည် ဂျပန်တပ်များကို ခုခံရမည့်အစား ရခိုင်ကျေးရွာများအား ဖျက်ဆီးခဲ့ခြင်း၏ အကျိုးဆက်ဟု ကန်ဒါတက္ကသိုလ်မှ သမိုင်းပညာရှင် ဦးအေးချမ်းက ရေးသားထားသည်။[၁၈] ၂၈ မတ် ၁၉၄၂ တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ ရိုဟင်ဂျာမွတ်ဆလင်များသည် ရခိုင်လူမျိုး ၂၀,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကြသည်။ အပြန်အလှန်အဖြစ် မင်းပြားနှင့် မြောက်ဦးမြို့နယ်များရှိ မွတ်ဆလင် ၅,၀၀၀ ခန့်ကို ရခိုင်အမျိုးသားရေးလှုပ်ရှားသူများနှင့် ကရင်နီများက သတ်ဖြတ်ခဲ့ကြသည်။[၁၉]

မှတ်စုများ[ပြင်ဆင်ရန်]

  1. Based on the estimated overall population, including both the enumerated and non-enumerated population (51,486,253), and on the assumption that the non-enumerated population in Rakhine State affiliate with the Islamic faith.

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (ဇူလိုင် ၂၀၁၆). ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂ (ဂ). ပြည်သူ့အင်အား ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၁၂–၁၅။ 
  2. ၂.၀ ၂.၁ 2008 Human Rights Report: Burma။ State.gov (25 February 2009)။ 29 May 2015 တွင် ပြန်စစ်ပြီး။
  3. The World Factbook။ Cia.gov။ 29 May 2015 တွင် ပြန်စစ်ပြီး။
  4. Burma—International Religious Freedom Report 2009။ U.S. Department of State (26 October 2009)။ 11 November 2009 တွင် ပြန်စစ်ပြီး။
  5. Cone & Gombrich, Perfect Generosity of Prince Vessantara, Oxford University Press, 1977, page xxii
  6. Burma—International Religious Freedom Report 2009။ U.S. Department of State (2009-10-26)။ 2009-11-11 တွင် ပြန်စစ်ပြီး။
  7. The World Factbook။ Cia.gov။ 29 May 2015 တွင် ပြန်စစ်ပြီး။
  8. Table: Religious Composition by Country, in Numbers | Pew Research Center။ Pewforum.org (18 December 2012)။ 29 May 2015 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ Toʻ Cinʻ Khu, Elementary Hand-book of the Burmese Language, p. 4, at Google Books, pp. iv-v
  10. ၁၀.၀ ၁၀.၁ Donald M. Seekins (2006), Historical Dictionary of Burma, ISBN 978-0810854765, pp. 216-220
  11. Thant Myint-U (2001), The Making of Modern Burma, Cambridge University Press, ISBN 978-0521799140, pp. 27-47
  12. Islam in South-East Asia။ 29 May 2015 တွင် ပြန်စစ်ပြီး 
  13. "Myanmar, Bangladesh leaders 'to discuss Rohingya'"၊ 29 June 2012။ 
  14. Yegar, Moshe (1972). Muslims of Burma. Wiesbaden: Verlag Otto Harrassowitz, 96။ 
  15. টার্গেট আরাকান ও বাংলাদেশের কয়েকটি জেলা স্বাধীন রাষ্ট্রের স্বপ্ন জঙ্গিদের (Some Arakan and Bangladeshi militants target of Independent State)။ Dainik Purbokone Bangladesh။ 22 October 2012 တွင် ပြန်စစ်ပြီး။
  16. নতুন রাষ্ট্র গঠনে মিয়ানমারের ১১ টি বিচ্ছিন্নতাবাদী গ্রুপ সংগঠিত হচ্ছে (11 secessionist group is organizing to create a new state in Burma)။ The Editor, Bangladesh။ 22 October 2012 တွင် ပြန်စစ်ပြီး။
  17. Burma—International Religious Freedom Report 2009။ U.S. Department of State (26 October 2009)။ 11 November 2009 တွင် ပြန်စစ်ပြီး။
  18. Aye Chan (2005)။ The Development of a Muslim Enclave in Arakan (Rakhine) State of Burma (Myanmar)။ SOAS။ 1 November 2011 တွင် ပြန်စစ်ပြီး။
  19. Kyaw Zan Tha, MA (July 2008). "Background of Rohingya Problem".