မာတိကာသို့ ခုန်သွားရန်

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

ဝီကီပီးဒီးယား မှ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
မြန်မာနိုင်ငံရှိ သံဃာများအစိုးရအဖွဲ့အစည်း
ကောင်စီ အကျဉ်းချုပ်
ဖွဲ့စည်းခြင်း၂၄ မေ ၁၉၈၀; ၄၅ နှစ် အကြာက (၁၉၈၀-၀၅-24)
ယခင်အဖွဲ့အစည်းသာသနာပိုင်
အဖွဲ့အစည်းအမျိုးအစားကော်မတီ
ဌာနချုပ်ကမ္ဘာအေးကုန်းမြေရန်ကုန်မြို့
16°51′29″N 96°09′15″E / 16.85798°N 96.15422°E / 16.85798; 96.15422ကိုဩဒိနိတ်: 16°51′29″N 96°09′15″E / 16.85798°N 96.15422°E / 16.85798; 96.15422
ဌာနအကြီးအမှူးများစန္ဒိမာဘိဝံသ (သန်လျင် မင်းကျောင်းဆရာတော်)၊ ဥက္ကဋ္ဌ
မိခင်ဌာနသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mahana.org.mm

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (အတိုကောက် မဟန) သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် နိုင်ငံတော်အစိုးရက ခန့်အပ်ထားသည့် အဆင့်အမြင့်ဆုံး သံဃအဖွဲ့အစည်းဖြစ်သည်။ တနည်း "သာသနာပိုင်အဖွဲ့"ဖြစ်သည်။[] ရတနာပုံခေတ်တွင် မင်းဧကရာဇ်ခန့်အပ်သည့် သာသနာပိုင်ဆရာတော်က ဦးဆောင်သည့် သုဓမ္မခေါ်ဆရာတော်များက ဝိနယကိစ္စများ ဖြေရှင်းခဲ့သည့် မူရှိသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၄၂ ခု၊ နယုန်လ (ခရစ်နှစ် ၁၉၈၀ ပြည့်နှစ် မေလ) တွင် တစ်နိုင်ငံလုံးရှိ သံဃဂိုဏ်းပေါင်းစုံမှ သံဃာတော် အပါး ၁၂၀၀ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူတော်အတွင်း၌ စတင်ဖွဲ့စည်းခဲ့သည်။

သံဃာ့ကိုယ်စားလှယ် အပါး ၁၂၀၀ အနက်မှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အပါး ၃၀၀ ကို ကနဦး ရွေးချယ်ခဲ့သည်။ ၎င်းတို့အနက်မှ သံဃမဟာနာယက ဆရာတော် ၃၃ ပါး (နောက်ပိုင်းတွင် ၄၇ ပါး) ကို ထပ်မံရွေးချယ်ကာ ရန်ကုန်မြို့၌ ရုံးထိုင်စေခဲ့သည်။

အဖွဲ့ဝင်များ

[ပြင်ဆင်ရန်]

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို သာသနာရေးဝန်ကြီးဌာနက ခန့်အပ်သည့် ဥက္ကဋ္ဌဆရာတော် တစ်ပါး၊ ဒုတိယဥက္ကဋ္ဌဆရာတော် ခြောက်ပါး၊ အကျိုးတော်ဆောင်ချုပ် တစ်ပါး၊ တွဲဖက်အကျိုးတော်ဆောင် ခြောက်ပါး၊ အဖွဲ့ဝင် ၃၃ ပါး၊ စုစုပေါင်း သံဃာတော် ၄၇ ပါးဖြင့် ဖွဲ့စည်းထားရှိသည်။ အဖွဲ့ဝင်သက်တမ်းမှာ ၁၉၉၅ မတိုင်ခင်ထိ ငါးနှစ်ဖြစ်သော်လည်း၊ ၁၉၉၅ ခုနှစ်မှစ၍ သုံးနှစ်ဖြစ်သည်။

စတုတ္ထမြောက်ဥက္ကဋ္ဌမှာ နဝမမြောက်ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ ဖြစ်ပြီး လက်ရှိ ပဉ္စမမြောက်ဥက္ကဋ္ဌမှာ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ စန္ဒိမာဘိဝံသ (သန်လျင် မင်းကျောင်းဆရာတော်)သည်။

သာသနာပိုင်နယ်မြေဝန်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရှိ သံဃမဟာနာယကအဖွဲ့၏ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ပုံစနစ်ကို အလွန်ရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်သည်။[]

ဗုဒ္ဓဘာသာတွင် ခရစ်ယာန်ဘာသာ၏ "Archdiocese" (ဂိုဏ်းချုပ်သာသနာ့နယ်) နှင့် သဘောတရားချင်း ဆင်တူသော်လည်း မြန်မာနိုင်ငံ၏ သံဃာ့အဖွဲ့အစည်းသည် အစိုးရ၏ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဖွဲ့စည်းထားခြင်းမှာ စိတ်ဝင်စားစရာကောင်းပါသည်။[]

အုပ်ချုပ်ပုံကို အနှစ်ချုပ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရှိရသည် -[]

သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းပုံ

အခြေခံအဆင့်တွင် အုပ်ချုပ်သည့် အဖွဲ့အစည်း ( ဆရာတော်)၏ သာသနာပြုနယ် နယ်မြေအကျယ်အဝန်း []

ပထမအဆင့်တွင် ကျေးရွာ / ရပ်ကွက်နယ်မြေ တရွာ/တရပ်ကွက်သာလျှင် သတ်မှတ်အုပ်ချုပ်သာသနာပြုနိုင်သော ဘုန်းကြီးကို ကျောင်းထိုင်ဆရာတော်ဟု ခေါ်ကြသည်။ []

ဒုတိယအဆင့်တွင် တိုက်နယ်/ရွာများမှ ဘုန်းကြီးကျောင်းအရေအတွက် ၁၉ကျောင်းခန့်ကို သတ်မှတ်အုပ်ချုပ်သာသနာပြုရသော (တိုက်နယ်အဆင့်) ဘုန်းတော်ကြီးကို ဆရာတော်ကြီး (ဆတော်ကြီး)ဟုခေါ်ကြသည်။ []

တတိယအဆင့်တွင် မြို့နယ်သံဃမဟာနာယကအဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ တိုက်နယ်များမှ ဦးဆောင် ဆရာတော်ကြီးများ (ဆတော်ကြီး)မှ ဥက္ကဋ္ဌတပါးရွေးချယ်၍ ထိုဆရာတော်ကို မြို့နယ်သာသနာပိုင်ဆရာတော်ဟု ခေါ်ဝေါ်သမုတ်သည်။ |[]

စတုတ္ထအဆင့်တွင် ခရိုင်ရှိ မြို့နယ်များမှ သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများမှ တပါးရွေးချယ်၍ ခရိုင်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ခရိုင်သာသနာပိုင်ဆရာတော်ဟု ခေါ်သည်။[]

ပဉ္စမအဆင့်တွင် တိုင်းဒေသကြီး/ပြည်နယ်တခုရှိ ခရိုင်အလိုက် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ဘုရားကြီးမှားမှ တပါးရွေးချယ်၍ တိုင်း/ပြည်နယ် သံဃမဟာနာယကဥက္ကဋ္ဌ တိုင်း/ပြည်နယ် သာသနာပိုင်ဆရာတော်ဘုရားကြီးဟု ခေါ်သည်။ |[၁၀]

အမြင့်ဆုံးအဆင့်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ (ဥက္ကဋ္ဌ ဆရာတော်ကြီး)တပါးရွေးချယ်၍ တနိုင်ငံလုံးရှိ သံဃာထုတစ်ရပ်လုံးကို သံဃဝိနိစ္ဆယ စည်းကမ်းတပျ အုပ်ချုပ်သာသနာပြု၍ သာသနာပိုင်ဆရာတော်ဘုရားကြီး (ဆရာတော်အသျှင်မြတ်ခင်ကြီးဘုရား)ဟုခေါ်သည်။[၁၁]

အဓိက မှတ်သားဖွယ်အချက်များ

* သံဃာ့စည်းမျဉ်း: ဤဖွဲ့စည်းပုံသည် ၁၉၈၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော "ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး" မှစတင်ကာ ယနေ့တိုင် ခိုင်မာစွာ ကျင့်သုံးလာသည့် စနစ်ဖြစ်သည်။[၁၂]

* သာသနာပိုင် (သို့မဟုတ်) သံဃရာဇာ: မြန်မာနိုင်ငံတွင် ရှေးမင်းအဆက်ဆက်က "သာသနာပိုင်" ခန့်အပ်သည့် အစဉ်အလာရှိခဲ့သော်လည်း ယနေ့ခေတ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဗဟို) က အမြင့်ဆုံး အဆုံးအဖြတ်ပေးသည့် အဖွဲ့အစည်းအဖြစ် တာဝန်ယူသည်။[၁၃]

* အုပ်ချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု: ဤစနစ်ကြောင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝိနည်းဓမ္မကံ အငြင်းပွားမှုများကို အဆင့်ဆင့် ဖြေရှင်းနိုင်ရုံသာမက အစိုးရနှင့် သံဃာထုကြား ဆက်သွယ်ဆောင်ရွက်ရာတွင်လည်း လွယ်ကူချောမွေ့စေပါသည်။[၁၄]

မဟနဥက္ကဋ္ဌစာရင်း

[ပြင်ဆင်ရန်]
စဉ် အဆောင်အယောင် ပုံတော် ဘွဲ့တော် အကြိမ် တာဝန်စတင် တာဝန်ပြီးဆုံး
ဘဒ္ဒန္တဣန္ဒာစာရ (ပဲခူးမြို့မ ဆရာတော်) ပထမ ၁၉၈၀ ၁၉၉၃
ဘဒ္ဒန္တသောဘိတ (မြင်းခြံဆရာတော်) ဒုတိယ ၁၉၉၄ ၂၀၀၄
ဘဒ္ဒန္တကုမာရ (မကွေးဆရာတော်) တတိယ ၂၀၀၄ ၂၀၁၀
ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်) စတုတ္ထ ၂၀၁၀ ၂၀၂၄
စန္ဒိမာဘိဝံသ (သန်လျင် မင်းကျောင်းဆရာတော်) ပဉ္စမ ၂၀၂၄ မတ်လ ၈ရက်

ဆောင်ရွက်ချက်များ

[ပြင်ဆင်ရန်]

ဓမ္မဝါဒ အဓမ္မဝါဒဆိုင်ရာအဓိကရုဏ်းများ

[ပြင်ဆင်ရန်]

ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေသော အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့သည်။

  1. ကျောက်သင်္ဘောဝါဒ၊
  2. လူသေလူဖြစ်ဝါဒ၊
  3. ကျောက်ပုံတောရဝါဒ၊
  4. ကြောင်ပန်းတောရဝါဒ၊
  5. ဓမ္မနီတိဝါဒ၊
  6. မိုးညိုဆရာတော်ဝါဒ (မြောက်ဥက္ကလာ)၊
  7. ဦးမာလာဝါဒ (ရေတာရှည်) စသည့် မတူကွဲပြားသော ဝါဒများကို ဓမ္မ၊ အဓမ္မ စိစစ်ဆုံးဖြတ်ခဲ့သည်။ သာသနာတော်တွင်း သို့လော သို့လော ဖြစ်ပေါ်နေသည့် ဝါဒများကို မှန်ကန်စွာ ဖြေရှင်းပေးသည့်အတွက် အဓမ္မဝါဒများ အထိုက်အလျောက် ငြိမ်သွားကာ သာသနာတော်အတွက် အကျိုးရှိခဲ့သည်။

ဝိနည်းဆိုင်ရာအဓိကရုဏ်းများ

[ပြင်ဆင်ရန်]

ရဟန်းတော်များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ဝိနည်းဆိုင်ရာ အဓိကရုဏ်း၊ ကျောင်းပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော အဓိကရုဏ်းများကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ဗဟို သံဃမဟာနာယက အဖွဲ့အဆင့်ဆင့်က စီမံဆုံးဖြတ်ရသည်။

သို့သော် ထိုသို့ စီမံဆုံးဖြတ်ရာ၌ ပြည်ကျောင်းအမှု၊ ကောလင်းကျောင်းအမှုကဲ့သို့ လာဘ်စားမှုများတွင် လက်မှတ်အတုများသုံးကာ မမှန်မကန် ဘက်လိုက် ဆုံးဖြတ်ခဲ့မှုများ ရှိခဲ့သည်။

မင်းကွန်း တိပိဋကဓရဆရာတော် က “ ဒါလား သံဃမဟာနာယကအဖွဲ့ ” ဟု ပြစ်တင်ရှုတ်ချခဲ့ဖူးသည်။



  1. ဗုဒ္ဓဘာသာဘုန်းတော်ကြီးများတွင် သာသနာတော်တည်မြဲစေရန် ထေကြီးဝါကြီးဆရာတော်များကို ကိုးကွယ်ကြစမြဲဖြစ်၍ အဆိုပါထေကြီးဝါကြီးများတွင် ဝါဖြင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးရသော်လည်းကောင်း သာသနာတော်၏ မဏ္ဍိုင်အုပ်ချုပ်ရေးအတွက် အာဏာ ခန့်အပ်ခြင်းခံရသောသူတို့ကို သာသနာပိုင်အဖွဲ့ ဝါ သံဃမဟာနာယကအဖွဲ့ဝင်များဟုခေါ်သည်။
  2. သံဃမဟာနာယအဖွဲ့၏ ကျေးရွာ၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသဆင့်ဆင့် အကြီးအကဲခန့်အပ်ခြင်း။
  3. သာသာနာပိုင်နယ်မြေ ပိုင်းခြားခြင်းနှင့် နယ်မြေအလိုက် သံဃအုပ်ချုပ်ပုံ။
  4. ကိုးကား
  5. အုပ်ချုပ်ဖွဲ့စည်းပုံအဆင့်ဆင့်
  6. အခြေခံ သံဃအုပ်ချုပ်မှု။
  7. ဒုတိယအဆင့် အုပ်ချုပ်ပုံ
  8. တတိယအဆင့် အုပ်ချုပ်ပုံ
  9. စတုတ္ထအဆင့်
  10. ပဉ္စမအဆင့်
  11. အမြင့်ဆုံး သာဃမဟာနာယကအဖွဲ့
  12. သံဃဥပဒေ
  13. သာသနာပိုင်အဖွဲ့
  14. အစိုးရဥပဒေဖြင့်ပူးပေါင်းခြင်း