ရိုဟင်ဂျာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ရိုဟင်ဂျာ
Ruáingga
Displaced Rohingya people in Rakhine State (8280610831).jpg
လူဦးရေ စုစုပေါင်း
၁,၅၄၇,၇၇၈[၁]–၂,၀၀၀,၀၀၀+[၂]
အများစု နေထိုင်သည့် နေရာ
မြန်မာနိုင်ငံ (ရခိုင်ပြည်နယ်)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမလေးရှားနိုင်ငံနီပေါနိုင်ငံပါကစ္စတန်နိုင်ငံဆော်ဒီအာရေဗျနိုင်ငံထိုင်းနိုင်ငံအင်ဒိုနီးရှားနိုင်ငံအိန္ဒိယနိုင်ငံ
 မြန်မာ ၁.၀[၃]–၁.၃ သန်း[၄][၅][၆]
 ဆော်ဒီအာရေဗျ ၄၀၀,၀၀၀[၇]
 ဘင်္ဂလားဒေ့ရှ် ၃၀၀,၀၀၀–၅၀၀,၀၀၀[၈][၉][၁၀]
 ပါကစ္စတန် ၂၀၀,၀၀၀[၁၁][၁၂][၁၃]
 ထိုင်း ၁၀၀,၀၀၀[၁၄]
 မလေးရှား ၄၀,၀၇၀[၁၅]
 အိန္ဒိယ ၃၆,၀၀၀[၁၆]
 အင်ဒိုနီးရှား ၁၁,၉၄၁[၁၇]
 နီပေါ ၂၀၀[၁၈]
ဘာသာစကား
ရိုဟင်ဂျာ
ကိုးကွယ်မှု
အစ္စလာမ်

ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းတွင် အများဆုံး အခြေချနေထိုင်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ၎င်းတို့၏ နိုင်ငံသားများ မဟုတ်ကြောင်း ငြင်းဆိုကြကာ နိုင်ငံမဲ့ဖြစ်နေသည့် လူမျိုးတစ်စုဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် မောင်တောမြို့ဘူးသီးတောင်မြို့ရသေ့တောင်မြို့ကျောက်တော်မြို့ နှင့် စစ်တွေမြို့တို့တွင် အများစုနေထိုင်ကြသည်။ ၂၀၁၂ ခုနှစ်ထိ ရိုဟင်ဂျာပေါင်း (၈)သိန်းနီးပါး မြန်မာနိုင်ငံတွင် နေထိုင်နေသည်ဟုဆိုသည်။ ကုလသမဂ္ဂမှ ၎င်းတို့သည် ကမ္ဘာပေါ်တွင် အဖိအနှိပ်ခံရဆုံး လူနည်းစုများတွင် ပါဝင်နေသည်ဟုဆိုသည်။ [၁၉] နိုင်ငံမဲ့ဖြစ်နေသောရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများနှင့် ဆင်းရဲမွဲတေနေသည့်ရွာများသို့ ပြောင်းရွှေ့ နေထိုင်ကြရပြီး၊ ထိုင်းမြန်မာနယ်စပ်များတွင်လည်း ရှိသည်။

ရိုဟင်ဂျာ လူမျိုးစုကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးစု ၁၃၅ ခုတွင် ထည့်သွင်း သတ်မှတ် ထားခြင်း မရှိသဖြင့် မြန်မာလူမျိုးစုများတွင် ပါဝင်ခြင်း ရှိမရှိ ဆိုသော အချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေသည်။ ရိုဟင်ဂျာကို လူမျိုးစု အဖြစ် မသတ်မှတ်သူများက ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်း ယခင်ကတည်းက နေထိုင်သော လူမျိုးစု မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ဝင်ရောက်လာသူများ အဖြစ် ငြင်းဆိုကြသည်။ ရိုဟင်ဂျာများမှလည်း ဝန်ကြီးချုပ်ဟောင်း ဦးနု နှင့် မြန်မာနိုင်ငံ သမ္မတဟောင်း စဝ်ရွှေသိုက်တို့မှ ပြောကြားချက်များကို ကိုးကား၍ ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်အတွင်းမှ လူမျိုးစု ဖြစ်ကြောင်း ငြင်းဆိုကြသည်။

မာတိကာ

လူမျိုးအမည် အသုံးအနှုံး

"ရိုဟင်ဂျာ"ဆိုသည့် အသုံးအနှုံး၏ မူလပေါ်ပေါက်လာပုံကို ငြင်းဆိုကြဆဲဖြစ်သည်။

သင်္ဘောပျက် ဒုက္ခသည်များ

"ရိုဟင်ဂျာ"ဆိုသည့် အသုံးအနှုံး၏ မူလပေါ်ပေါက်လာပုံကို ငြင်းဆိုကြဆဲဖြစ်သည်။ ရိုဟင်ဂျာသမိုင်းပညာရှင်များထဲမှ ခလီလော ရာ့ဟ်မန်(Khalilur Rahman)သည် ရိုဟင်ဂျာ အမည်ဆင်းသက်လာခဲ့ခြင်း၏ အစမှာအာရဘစ်စကားလုံးဖြစ်သည့် ရာ့ဟ်မာ(သနားကရုဏာ) ဆိုသည့် အဓိပ္ပါယ်သက်ရောက်ပြီး၊[၂၀] ၈ရာစုနှစ်တွင် ပျက်စီးခဲ့သည့် သင်္ဘောတစ်စီးဖြစ်ရပ်အပေါ် ပြောဆိုခြင်းဖြစ်သည်။ ရမ်းဗြဲကျွန်းအနီးတွင် အာရဘ် သင်္ဘောတစ်စီးပျက်စီးနစ်မြုတ်ပြီးနောက်ပိုင်း၊ အာရဘ်ကုန်သည်များအားလုံးကို ရခိုင်ဘုရင်မင်းမှ သုတ်သင်ရှင်းလင်းရန် မှာကြားခဲ့သည်ဟုဆိုသည်။ ကြောက်လန့်နေသည့် ကုန်သည်များမှ ရာ့ဟ်မာ(သနားကရုဏာ)ပြုပါဟု၍ အော်ကြပြီးနောက်ပိုင်း၊ ၎င်းတို့ကို ရာဟမ် များဟု၍ ရခိုင်တို့မှ ခေါ်ကြသည်။ ခေတ်အဆက်ဆက် ရာဟမ် မှ ရိုဟမ် နှင့် နောက်ဆုံးတွင် ရိုဟင်ဂျာသို့ ပြောင်းလည်းသွားခြင်းဖြစ်သည်ဟုဆိုသည်။[၂၀][၂၁] သို့သော် ရခိုင်မူစလင်ဆွေးနွေးဖလှယ်ပွဲ အတွင်းရေးမှုးနှင့် သမ္မတဟောင်းဖြစ်သူ ဂျာဟီရူဒင် အာဟ်မဒ် နှင့် နာဇယ်အာဟ်မဒ် တို့မှ ၎င်းအဆိုကို ငြင်းဆိုပြီး၊[၂၀] သင်္ဘောပျက်မှ အာရဘ်ကုန်သည် မူစလင်များကို "သဗ္ဗူကျ" ဟု ယခုခေါ်ဆိုလျက်ရှိပြီး၊ လက်ရှိတွင် ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် နေထိုင်ကြသူများဟု ဆိုသည်။ အကယ်၍ ရိုဟင်ဂျာစကားလုံးသည် ထိုကုန်သည်များမှ ဆင်းသက်လာသည်ဆိုပါက၊ "သဗ္ဗူကျ"များသည် ပထမဦးဆုံး ရိုဟင်ဂျာများသာ ဖြစ်ပါလိမ့်မည်ဟုဆိုသည်။ ၎င်းတို့မှ ရိုဟင်ဂျာများသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ရုဟာလူမျိုးမှ ဆင်းသက်လာသူများဖြစ်သည်ဟုဆိုသည်[၂၀]။ သမိုင်းပညာရှင်နောက်တစ်ယောက်ဖြစ်သူ MA Chowdhury မှ မြန်မာနိုင်ငံရှိ မူစလင်လူဦးရေ အကြားတွင် 'မရိုဟောင်း' (ရှေးရခိုင်ဘုရင်) ဆိုသည့်စကားလုံးသည် ရိုဟန်းဟူ၍ ပြောင်းလည်းသွားခြင်းဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် ထိုနေရာမှ လာသူများကို ရိုဟင်ဂျာဟု ခေါ်ဆိုခြင်းဟုဆိုသည်။[၂၀]

၁၈ရာစုတွင် စတင်အသုံးပြုဟု

သို့သော် ရခိုင်သမိုင်းကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂျကွေ့ပီလိန်ဒါမှ ရိုအင်ဂါဆိုသည့် အသုံးအနှုံးကို ဗြိတိသျှ ဆေးဆရာဝန်ဖရန်စစ် ဘူချာနန်-ဟာမီလ်တန်မှ (၁၈)ရာစု နောက်ပိုင်းတွင် အသုံးပြုခဲ့ခြင်းရှိသည်။[၂၂] သူ၏ ၁၇၉၉ ခုနှစ်ထုတ် ဗမာအင်ပါယာတွင် သုံးနှုံးပြောဆိုခဲ့ကြသည့် ဘာသာစကားများမှ စကားလုံးဝေါဟာရများ ဆိုသည့် စာတမ်းတွင် ဘူချာနန် ဟာလ်မီတန်မှကျွန်တော်အခု ဘာသာသုံးခုထပ်မံထည့်လိုက်ပါတယ်၊ ဗမာအင်ပါယာ လက်ထပ်မှာ အသုံးပြုသည့်စကားများဖြစ်သော်လည်း၊ ဟိန္ဒူဘာသာစကားမှ ဆင်းသက်လာတဲ့ စကားမျိုးနွယ်တွေဖြစ်ပါတယ်။ ပထမဘာသာမှာ ရခိုင်တွင် ကြာမြင့်စွာ နေထိုင်ခဲ့ကြတဲ့ မိုဟာမဒ္ဒန်တွေ သုံးတဲ့စကားဖြစ်ပြီး၊ သူတို့ကိုသူတို့ ရိုအင်ဂါလို့ ခေါ်ဆိုကြပြီး၊ ရခိုင်ပြည်နယ်ရဲ့ မူရင်းလူမျိုးများဖြစ်ပါတယ် [၂၃] လိဒ္ဒါမှ ထိုစကားလုံး၏ အဓိပ္ပါယ်မှာ နိုင်ငံရေးနှင့် လုံးဝသက်ဆိုင်သည့် စကားလုံးမဟုတ်ဘဲ၊ ၂၀ ရာစုခေါတ်က ကိုယ်မည်သူမည်ဝါဖြစ်သည်ကို နိုင်ငံရေးကိစ္စများတွင် ဖော်ပြနိုင်ရန် အသုံးပြုကြခြင်းဖြစ်သည်ဟုဆိုသည်။ ၁၉၅၀မှ စ၍ အဘယ့်ကြောင့် စတင်အသုံးပြုခဲ့သနည်းဆိုသည် မေးခွန်း၏အဖြေမှာ၊ ထိုလူများမှ အမည်ကို အသုံးပြု၍ ကိုယ်မည်သူမည်ဝါဖြစ်သည်ကို အသိအမှတ်ပြုကြစေရန် အသုံးပြုခဲ့ခြင်းဖြစ်ပေမည်။"[၂၂]

၁၉၅၀မတိုင်မီတွင် သုံးနှုံးမှုမရှိခြင်း

မြန်မာ့သမိုင်းပညာရှင်များဖြစ်သည့် ဦးခင်မောင်စောမှ ရိုဟင်ဂျာဆိုသည့် စကားလုံးသည် ၁၉၅၀ မတိုင်မီတွင် လုံးဝဖော်ပြခြင်းမျိုးမရှိခဲ့ဟုဆိုသည်။[၂၄] သမိုင်းပညာရှင် ဒေါက်တာမောင်မောင် မှ ၁၈၂၄ခုနှစ်တွင် ဗြိတိသျှတို့မှ လူမျိုးစစ်တမ်းကောက်ယူခဲ့ရာတွင် ရိုဟင်ဂျာအသုံးအနှုံး မပါရှိခဲ့ဟုဆိုသည်။[၂၅]အပြည်ပြည်ဆိုင်ရာ သင်ကြားလေ့လာရေး ကန်ဒါသက္ကသိုလ်မှ သမိုင်းပညာရှင် အေးချမ်းမှ ရိုဟင်ဂျာဆိုသည့် စကားလုံးသည် ဘင်္ဂလီလူမျိုးများမှ ဆင်းသက်လာသူများဖြစ်ပြီး၊ ၁၉၅၀ခုနှစ်နှောင်းပိုင်းများတွင် ကိုလိုနီလက်ထက် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်လာကြသူများဟုဆိုသည်။ ၁၉၅၀အစောပိုင်းကာလများတွင် ဘာသာစကားပေါင်းစုံများတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုံးကိုမူ လုံးဝမတွေ့ရှိနိုင်ဟု ထပ်မံငြင်းဆိုခဲ့သူဖြစ်သည်။ ထိုသို့ စကားလုံးအသုံးအနှုံး မတွေ့ရှိခြင်းကိုမူတည်၍ ၁၈၂၄ခုနှစ်မတိုင်မီကာလများ၌ မြန်မာနိုင်ငံတွင် မူစလင်များမရှိခဲ့ဟု ဆိုလို၍မရဟုဆိုသည်။

ရိုဟင်ဂျာသည် ရခိုင်အခေါ်အဝေါ်တွင် မရှိသကဲ့သို့ ဘင်္ဂလီအသုံးအနှုန်းတွင်လည်း မရှိခြေ။ နာမည်ကြီး ရခိုင်ဒေသစာပေပြုစုသူ မော်ရစ်ကော်လစ်သည်ပင် သူ၏ စာတမ်းများတွင် ရိုဟင်ဂျာအသုံးအနှုန်းမပါသည်ကို တွေ့ရှိနိုင်သည်။ ၁၉၂၁ ဂျီဂျီ ဂရေဟမ်ပြုစုတင်ပြခဲသည့် ရခိုင်ဒေသ တိုင်းရင်းသားများ စာရင်းတွင်လည်း ရိုဟင်ဂျာ အမည်မပါရှိခဲ့ပေ။

မူဂျာဟစ် မှ ရိုဟင်ဂျာ

၁၉၄၉ ခုနှစ်ပိုင်း ရခိုင်ပြည်နယ်တွင် ပြောက်ကြားစစ်အုပ်စုအများအပြားရှိခဲ့ပြီး၊ ၎င်းတို့အထဲတွင် မီရာကာဆင် ခေါင်းဆောင်သည့် မူဂျာဟစ်ခေါ် စစ်အုပ်စုတဖွဲ့လည်းပါဝင်သည်။ မူဂျာဟစ်တပ် အတွင်းပါဝင်ကြသည့် သူများမှာ ရခိုင်ပြည်နယ်တွင် တရားမဝင်နေထိုင်ခဲ့ကြသူများဖြစ်ကြသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းကို မွတ်ဆလင်နယ်မြေအဖြစ် အသွင်ပြောင်းပြီး၊ အရှေ့ပါကစ္စတန် နှင့် ပူးပေါင်းရန်ရည်ရွယ်ခဲ့ကြသည်။

ယူမီယာတူ အိုလာမိုင်း အဖွဲ့ဝင်တချို့သည် ကရာချီမြို့သို့ သွားရောက်၍ ဘူးသီးတောင်၊ မောင်တော နှင့် ရသေ့တောင်တို့ကို ပါကစ္စတန်တို့နှင့် ပူးပေါင်းရန် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ဦးနုအစိုးရမှ မီရာကာဆင်အား သေသေရှင်ရှင် ဖမ်း၍ ပို့ဆောင်နိုင်ပါက ငွေကြေးကျပ် ၂၀ ၀၀၀ ဆုချမည်ဟု ကြေငြာခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် မြန်မာ့စစ်တပ်မှ မူဂျာဟစ်များကို ခြေမှုန်းနှိမ်နင်းခဲ့သည်။ ကာဆင်သည် အရှေ့ပါကစ္စတန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး၊ ၁၉၆၆ ခုနှစ်တွင် အမည်မသိသူ တစ်ဦး၏ ပစ်သတ်မှုဖြင့် ကော့ဘဇားနယ်စပ်မြို့တွင် သေဆုံးခဲ့သည်။ ၎င်းသေဆုံးပြီးနောက် လက်နက်ချထားကြသည့် မူဂျာဟစ်တို့သည့် ၎င်းတို့ကိုတိုင် ရိုဟင်ဂျာအမည်အဖြစ် အသွင်ပြောင်းခဲ့သည်။

၁၉၆၀ ခုနှစ်ရွေးကောက်ပွဲတွင် ဦးနုမှ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်ကို အသိအမှတ်ပြုရန် ကတိပေးခဲ့သည်။ ဦးနုဝန်ကြီးချုပ်ဖြစ်ပြီးနောက် ၎င်းကတိအတိုင်း ဖော်ဆောင်ပေးခဲ့သည်၊ ထိုအချိန်တွင် ဘင်္ဂါလီ မွတ်ဆလင် ခေါင်းဆောင်များမှလည်း ရခိုင်ဆန့်ကျင်ရေးများ ပြုလုပ်ခဲ့ပြီး၊ ရခိုင်လူမျိုးများအတိုင်း ၎င်းတို့ကိုလည်း အသိအမှတ်ပေးရန် တောင်းဆိုခဲ့သည်။ တိုင်းရင်းသားမဟုတ်သဖြင့် တောင်းဆိုချက်များ ပယ်ချလိုက်ပြီးနောက်၊ ပညာတတ် ဘင်္ဂါလီမွတ်ဆလင်တို့သည် သမိုင်းအကြောင်းများကို လိမ်လည်ဖန်တီးကာ ရခိုင်မွတ်ဆလင်များဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ၎င်းတို့၏ အာရပ်မျိုးဆက်များသည် ရခိုင်ပြည်နယ်တွင် သင်္ဘောပျက်ပြီးနောက် ရမ်းဗြဲကျွန်းတွင် (၈) ရာစုမှ စတင်နေထိုင်ခဲ့ကြသည်ဟုဆိုသည်။

မြန်မာလူမျိုးဟုတ်သည်၊ မဟုတ်သည် ပဋိပက္ခ

မြန်မာတိုင်းရင်းသား မဟုတ်ဟု ငြင်းဆိုကြခြင်း

အေဒီ ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်သိမ်းပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသရှိ ဂေါလ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဂေါလ်က ကောင်းမွန်စွာ လက်ခံခဲ့သည်။ ဘင်္ဂလားဂေါလ် ဆူလတန်ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့တည်၍ မြောက်ဦးခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရပ်မှစစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါအမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ်သည်တော် မျိုးဆက်အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းတို့ကိုရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်းသား မျိုးနွယ်စုအဖြစ် အသိ အမှတ်ပြုထားပါသည်။ ယင်းမူဆလင် ဘာသာဝင် ကမန်လူမျိုးတို့သည် ရခိုင်ပြည်၌ ပြဿနာဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိကရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြုလုပ်ခြင်းမရှိဘဲ၊ ရခိုင်ပြည်နှင့်ရခိုင် လူမျိုး အပေါ် သစ္စာရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသောလူမျိုး တမျိုးဖြစ်သော ကြောင့် ရခိုင်ပြည်၌ ဤကဲ့သို့ မူဆလင် ဘာသာကိုးကွယ်သော ရခိုင်တိုင်းရင်းသား ကမန်လူမျိုး ရှိသည်ကိုပင်သတိပြု မိကြဖူးမည် မဟုတ်ပေ။ သို့သော် မိမိကိုမိမိ ရိုဟင်ဂျာဟု ကြွေးကြော်နေသူများမှာ ၁၈၂၅-နောက်ပိုင်း ရခိုင်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ဝင်ရောက်လာသော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် စစ်တကောင်းတောင်းတန်းနေ ဘင်္ဂါလီများသာ ဖြစ်သည်။

၁၈၂၅-တွင် ရခိုင်ပြည်၌ မူဆလင်ဦးရေ ၃၀,ဝ၀ဝ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀ဝ-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေစုံစမ်းရန် ၁၉၃၉ ၌စုံစမ်းရေးကော်မရှင် တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအားလုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ ပြည်တွင်းသို့ဝင်ပြီး၊ တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂျ်ပူသို့ထွက်ပြေးခဲ့ကြရ သည်။

၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေးအသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်း ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဋ္ဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များ အဖွဲ့သည် အနောက် ပါကစ္စတန်မှ အော်လနာမူဟာမတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်း တို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ပါကစ္စတန်နယ်သို့ ရခိုင်ပြည်ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခုကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။

သို့သော် ၁၉၅၁- ဇွန်လတွင်ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ဗမာ မူဆလင် ကဲ့သို့ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တို့က ငါတို့ရခိုင်တွင် အစ္စလာမ်ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာ လာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာကျောင်းသားအသင်းထိ လှုပ်ရှားလာခဲ့ကြသည်။ ၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခုဖြစ်ပွား ခဲ့သည်။ ကုလား ၅၀ဝ၀ဝ-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ဝိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ် ရန်ချီတက်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက် တနေ့နံနက် ၃-နာရီခွဲအထိ ကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျတိုက်ပွဲဝင်ကြ၊ မင်းတို့ တိုင်းပြည်ငါတို့ တိုင်းပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြ သည်။

၁၉၄၂ မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆ ရွာသာ ကျန်ပါတောသည်။ ကျန်ရွာများအား မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟင်ဂျာ ဆိုသူများပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ်သည်။

ရခိုင်ပညာရှင် ဒေါက်တာအေးကျော် အား ကိုးကားခြင်း

ကိုလိုနီခေတ်တွင် ဘင်္ဂါလီများသည် ရခိုင်ပြည်တွင် စပါးရိတ်၊ လယ်ထွန် အလုပ်လာလုပ်ပြီး ပြန်သွားကြသည်။ လွတ်လပ်ရေးရပြီး ဦးနု၏ ဖဆပလ ခေတ်တွင် ရခိုင်ပြည်၌ အဓိက လွှမ်းမိုးသော ပါတီကြီးနှစ်ခုရှိသည်။ ဖဆပလနှင့် ရတည (ရခိုင် စည်းလုံးညီညွတ်ရေး ပါတီ)တို့ ဖြစ်သည်။ ရတည၏ ခေါင်းဆောင်သည် ဦးကျော်မင်းဖြစ်သည်။ သန့်ရှင်း ဖဆပလ ခေါင်းဆောင်ဖြစ်သည့် ဦးနုသည် တိုင်းပြည်၏ အကျိုးထက် သူ့ပါတီအကျိုးကို ကြည့်သည့်အနေဖြင့် မေယုခရိုင်ကို သတ်မှတ်ပေးခဲ့သည်။ မေယုခရိုင်အတွင်းသို့ ဘင်္ဂါလီ များအား ဝင်ခွင့်ပြုပြီး မဲရရှိနိုင်ရန် အတွက် မျက်နှာသာပေး၍ မှတ်ပုံတင် ပြုလုပ်ပေးခဲ့သည်။ ဦးနု မဲရရန် အတွက် မျက်နှာသာပေးသောအခါ ဘင်္ဂါလီများသည် နိုင်ငံရေးအဆင့်ထိ တိုးတက်လုပ်ဆောင် လာသည်ကို တွေ့ရှိရသည်။ ၎င်းမှာ ရိုဟင်ဂျာဆိုသည့် ပြဿနာကို ဖြစ်ပေါ်စေသော အကြောင်းအရင်း ဖြစ်သည်။

အစ္စလာမ် ဝါဒပြန့်ပွားရေး ပြဿနာ

ရိုဟင်ဂျာဆိုသည်မှာ အပေါ်ယံ ပြဿနာသာဖြစ်သည်။ အရင်းခံအကြာင်းက “အစ္စလာမ်ဝါဒ လွှမ်းမိုးပြန့်ပွားရေး”ဆိုသော ပြဿနာသာ ဖြစ်သည်။ ထိုလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုပေးသည်မှာ အာဖရိကတိုက် မြောက်ပိုင်းမှ တိုင်းပြည်များ၊ အရှေ့အလယ်ပိုင်းမှ နိုင်ငံများမှ ငွေကြေး၊ လက်နက် စသဖြင့် လိုအပ်သည်များအား ထုနဲ့ ထည်နဲ့ ပံ့ပိုးပြီး လုပ်ဆောင်နေခြင်းဖြစ်သည်။ "အရှေ့တောင်အာရှကဆိုရင် မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေက ဒါကို အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့ နယ်မြေရရှိစေဖို့ အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို့ဟာ ရိုဟင်ဂျာအမည် ကို သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား ဖြစ်ဖို့ အားထုတ်လာတယ်၊ တကယ်တော့ ရိုဟင်ဂျာဆိုတာ လူမျိုးလည်းမဟုတ်ဘူး၊ မြန်မာတိုင်းရင်းသားလည်း မဟုတ်ဘူး။"[ကိုးကားချက်လိုသည်]

အရေးပါသော ပုဂ္ဂိုလ်များအား ကိုးကားခြင်း

မြန်မာနိုင်ငံအတွင်း အရေးပါသော နိုင်ငံရေး အဖွဲ့အစည်း တစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင် ဦးတင်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ အတွင်းမှ လူမျိုးစုမဟုတ်ဘဲ ဘင်္ဂါလီ လူမျိုးသာလျှင် ဖြစ်ကြောင်း ငြင်းဆိုကြသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် နှင့် အင်တာဗျူးကို ကိုးကား၍လည်း ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသား လူမျိုးစုတွင် မပါဝင်ကြောင်း ငြင်းဆိုကြသည်။

မြန်မာစာအုပ်များတွင် အသုံးအနှုံး မပါခြင်း

မြန်မာတိုင်းရင်းသား ဖြစ်ကြောင်း ငြင်းဆိုချက်များ

ရိုဟင်ဂျာများမှလည်း သူတို့သည် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လူမျိုးစု ဖြစ်ကြောင်း ငြင်းဆိုမှုများ ရှိသည်။ ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အပါအဝင် တိုင်းရင်းသား လူမျိုးစု ၁၄၀ ကျော် ရှိခဲ့သော်လည်း ဦးနေဝင်း လက်ထက်တွင် ပသျှူး (မလေး) ၊ ရိုဟင်ဂျာ အစရှိသည့် လူမျိုးစုများကို ပယ်ဖျက်ပြီး တိုင်းရင်းသား လူမျိုးစု ၁၃၅ စု အဖြစ် လျော့ချလိုက်ခြင်း ဟု ဆိုကြသည်။ ထို့အပြင် ရခိုင်ဒေသရှိ မရမာကြီး ဆိုသော လူမျိုးစုသည် ရိုဟင်ဂျာများနှင့် ဘာသာစကား တူညီပြီး ဟိန္ဒူဘာသာ ကိုးကွယ် သူများ ဖြစ်သည့် အတွက် တိုင်းရင်းသား လူမျိုးစုများ အဖြစ် သတ်မှတ်ခြင်းခံရသော်လည်း ရိုဟင်ဂျာများမှာ မွတ်စလင် ဘာသာ ကိုးကွယ်သူများ ဖြစ်သည့် အတွက် တိုင်းရင်းသား လူမျိုးစု အဖြစ်မှ ပယ်ဖျက်ခြင်း ခံခဲ့ရကြောင်း ပြောဆိုကြသည်။ ထို့အပြင် ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ရိုဟင်ဂျာ ဘာသာ အသံလွှင့်ဌာန ရှိခဲ့ခြင်း၊ မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတ စဝ်ရွှေသိုက်က ရိုဟင်ဂျာဆိုသည်မှာ မြန်မာပြည်တွင်းမှ လူမျိုးစု ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးခြင်း၊ မြန်မာနိုင်ငံ၏ ၁၉၇၈ ခုနှစ်ထုတ် ပထဝီ ဖတ်စာအုပ် အဟောင်းတွင် ရိုဟင်ဂျာ လူမျိုးဟု ထည့်သွင်း ဖော်ပြ ဖူးခြင်း များကို ကိုးကား ပြောဆိုကြသည်။ ထို့အပြင် ဘူးသီတောင်၊ မောင်တော အစရှိသည့် ဒေသများတွင် ရိုဟင်ဂျာများ စုရုံးနေရခြင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်လာခြင်း ကြောင့်မဟုတ်ပဲ ရခိုင်လူမျိုးတို့၏ တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ် အခြားဒေသများမှ ထိုဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ [၂၆]

လူ့အခွင့်အရေးချိုးဖောက်ခံရမှု နှင့် ဒုက္ခသည်များ

Amnesty International၏ ထုတ်ပြန်ချက်အရ မူစလင် ရိုဟင်ဂျာများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံ စစ်အစိုးရ လက်အောက်တွင် ၁၉၇၈ ခုနှစ်မှ စ၍ ဆက်လက် ခံစားနေကြရပြီး၊ အနီးနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းလျှောင်ရကြရသည်။[၂၇]

"ရိုဟင်ဂျာများ၏ လွတ်လပ်စွာသွားလာခွင့်ကို ထိမ်းချုပ်ထားမှုများရှိပြီး၊ အများအားဖြင့် မြန်မာနိုင်ငံသားခံယူခွင့်မရရှိခြေ။ ၎င်းတို့သည် မသမာမှုများ နှင့် မတရားကောက်ခံသော အခွန်ငွေများပေးဆောင်ရခြင်း၊ အိမ်များဖျက်စီးခံရခြင်း၊ လက်ထပ်ထိမ်းမြားခြင်း ပြုရန် ငွေကြေးများကန့်သက်ထားခြင်းတို့ရှိသည်။ ရိုဟင်ဂျာများအား ဆက်လက်၍ လမ်းများ၊ စစ်တပ်စခန်းများ ဆောက်လုပ်ရာတွင် အဓၶမအလုပ်စေခိုင်းခံရခြင်းတို့ရှိသော်လည်း၊ ရခိုင်မြောက်ပိုင်းတွင်မူ လွန်ခဲ့သည့် ဆယ်စုနစ်အတွင်း အဓၶမ အလုပ်စေခိုန်းမှုမှာ လျှော့နည်းလာခဲ့သည်။ "[ကိုးကားချက်လိုသည်]

၁၉၇၈ ခုနှစ်တွင် စစ်အစိုးရ၏ နဂါးမင်း စစ်ဆင်ရေးစပြီးနောက်ပိုင်း ရိုဟင်ဂျာပေါင်း ၂၀၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့နိုင်ငံသို့ ထွက်ပြေးကြရသည်။ ထိုစစ်ဆင်ရေးသည် နိုင်ငံအတွင်းတွင် တရားမဝင် ဝင်ရောက်နေထိုင်သူများကို နိုင်ငံမှ ပယ်ထုတ်နိုင်ရန်ရည်ရွယ်ခဲ့သည်။ ထိုစစ်ဆင်ရေးသည် အရပ်သားများအား တိုက်ရိုက်ရည်ရွယ်ထားပြီး၊ သက်ဖြတ်မှုများ၊ မဒိမ်းကျင့်မှုများ၊ ဘာသာရေးကျောင်းဆောင်များဖျက်စီးခြင်း နှင့် ဘာသာရေးအကြောင်းပြကာ အရေးယူမှုများ ရှိခဲ့သည်။

၁၉၉၁ - ၉၂ ခုနှစ်တွင် ထပ်မံ၍ ရိုဟင်ဂျာပေါင်း ၂၅၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့နိုင်ငံသို့ ထွက်ပြေးရပြန်သည်။ ၎င်းတို့သည် စစ်အစိုးရမှ အဓမအလုပ်စေခိုင်းခံရခြင်း၊ ဖိနှိပ်ခံရခြင်း၊ မဒိမ်းကျင့်ခံရခြင်း တို့ရှိခဲ့သည်ဟု ဆိုသည်။ ရိုဟင်ဂျာများသည် စစ်အစိုးရ၏ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများတွင် အလုပ်ကြမ်းများဖြင့် အခကြေးမရရှိဘဲ အဓၶမ ခိုင်းစေခံရမှုများရှိသည်ဟုဆိုသည်။

ရိုဟင်ဂျာများသည် ရခိုင်မြောက်ပိုင်းတွင် ရှိနေသည့် နိုင်ငံမဲ့မူစလင်များဖြစ်ပြီး၊ ၂၈,၀၀၀ ရိုဟင်ဂျာများအား ဒုက္ခသည်အဖြစ် ဘင်္ဂလားဒေ့ရှိ ကုလသမဂ္ဂဒုက္ခသည် စခန်းတွင် အသိအမှတ်ပြုထားပြီး၊ အခြား ၂၀၀,၀၀၀ မှာ စခန်း၏ ပြင်ပတွင် နေထိုင်နေကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံမှ (သို့) ဘင်္ဂလားဒေ့နိုင်ငံမှ သေးငယ်သည့် သဗ္ဗာန်များကိုစီး၍ အသက်ကိုရင်းကာ ပင်လယ်ကိုဖြတ်ကူး၍၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် အင်ဒိုးနီးရှားနိုင်ငံအထိ ရောက်ရှိကြသည်။ [၂၈] မကြာခဏ သင်္ဘောဖြင့် ရောက်ရှိလာကြသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံမှ အစားအသောက်များထောက်ပံ့၍ ခုတ်မောင်းနိုင်သည့် စက်ပစ္စည်းများဖြုတ်၍ ထိုင်းပင်လယ်ရေပိုင်နက်အတွင်းမှ ထွက်ခွာစေသည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက် နှင့် ၂၃ ရက်တွင် ပြည့်ကျပ်နေသည့် သဗ္ဗာန်ဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာပေါင်း ၁၅၈ဦးသည်၊ ၂၀၀၉ ခုနှစ်မှ စ၍ ထိမ်းစည်းထားသည့် အခြား ရိုဟင်ဂျာ ၅၃ ဦးနှင့်အတူ ဖမ်းစီးချုပ်နှောင်ခံရသည်။ ထိုင်းအာဏာပိုင်များမှ အဖမ်းခံရသူများနှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့မှုကို ခွင့်မပြုခဲ့ခြေ။

၂၀၁၀ မတ်လတွင် မလေးရှားနိုင်ငံသို့ သဗ္ဗာန်ဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာ ၉၃ ဦးကို၊ အာဏာပိုင်များမှ ဖမ်းစီးခဲ့ပြီး၊ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးဌာနမှ တွေ့စုံနိုင်ရန် တောင်းဆိုခဲ့မှုကို မလေးရှားအာဏာပိုင်များမှ ခွင့်ပြုခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးဌာနမှ ၎င်းတို့အားလုံးကို ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်းတွင် မလေးရှားအာဏာပိုင်များမှ ဖမ်းစီးထိမ်းသိမ်းထားခြင်းကို ရုပ်သိမ်းပေးခဲ့သည်။ [၂၉]

မြန်မာနိုင်ငံအာဏာပိုင်များမှလည်း ပထမဦးဆုံးအကြိမ်၂၀၁၁ ဒီဇင်ဘာလတွင်၊ မလေးရှား နိုင်ငံသို့သွားရောက် အလုပ်လုပ်ရန်၊ ဘင်္ဂလား မြန်မာ နယ်စပ်ပင်လယ်မှ ထွက်ခွာလာသည့် ရိုဟင်ဂျာ ခြောက်ဆယ့် သုံးယောက်တို့အား ဖမ်းစီးခဲ့သည်။၎င်းတို့သည် လူကုန်ကူးပွဲစားအား တစ်သိန်းမှ သုံးသိန်းအထိ အခကြေးပေးဆောင်ခဲ့ပြီး၊ ၎င်းတို့စီးနင်းလာသည့် သဗ္ဗာန်သည် ကော့သောင်းမြို့နယ် ဆယ်မိုင် ကမ်းစပ်တွင် ခေတ္တ ရပ်နားချိန်အတွင်း မြို့အာဏာပိုင်များမှ ဖမ်းစီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဌာန်း ချက် အက်အမှတ် (၃၁) ပုဒ်မ ၆ ပုဒ်မခွဲ ၂ အရ၊ ထောက်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့သည်။ [၃၀]

ဘာသာစကား

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရိုဟင်ဂျာ ဘာသာစကား
ရခိုင်လူမျိုးများ အသုံးပြုခဲ့သည့် ငွေကြေးပြား in Great Bengal minted 1554/5

ရိုဟင်ဂျာ ဘာသာစကားသည် ရခိုင်ပြည်နယ်ရှိ ခေတ်သစ် ဘာသာစကားတစ်ခုဟု ဆို၍ ရသော်လည်း အထောက်အထားခိုင်လုံမှုမရှိခြေ။ မြန်မာနိုင်ငံနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းရှိ စစ်တကောင်းဘာသာစကား နှင့် ဆင်တူသည်။ ရိုဟင်ဂျာ စာပေပြုစုသူများမှ ဘာသာစကားကို အာရပ်ဘာသာ အက္ခရာ၊ ဟနာဖီ နှင့် အူးရ်ဒူး၊ ရောမ နှင့် မြန်မာ အက္ခရာများ အသုံးပြုခဲ့ကြပြီး၊ ဟနာဖီသည် အာရပ် နှင့် အက္ခရာ လေးခုကို လာတင် နှင့် မြန်မာဘာသာရပ်တို့မှ ကူးယူ အသုံးပြုထားသည်။

လက်ရှိတွင် လာတင်အက္ခရာကို အသုံးပြုတီထွင်ခဲ့ပြီး၊ အင်္ဂလိပ် အက္ခရာ ၂၆ လုံးအား A မှ Z အထိ အသုံးပြုထားပြီး၊ ထပ်မံ၍ အက္ခရာ နှစ်လုံးကို လာတင် အက္ခရာဖြစ်သည့် Ç နှင့် Ñ တို့လည်းပါသည်။ ဘာသားစကာ အသံထွက်ကို ပိုမိုတိကျစေရန် အသံထွက် အက္ခရာဖြစ်သည့် (áéíóú)ကိုလည်း အသုံးပြုသည်။ ၎င်းကို ISO စံနှုန်းအဖြစ် with ISO 639-3 "rhg" ကုဒ်ဖြင့် အသိအမှတ်ပြုထားသည်။[၃၁]

ကိုးကွယ်သည့်ဘာသာ

ရိုဟင်ဂျာများအတွက် ဘာသာရေးသည် အရမ်းအရေးပါပြီး၊ အများစုမှာ မွတ်စလင် များဖြစ်ကြသည်။ ဗလီကျောင်းနှင့် ဘာသာရေးဆိုင်ရာကျောင်းများမှာ ရွာတိုင်းလိုလိုတွင်ရှိပြီး၊ ယောက်ျားများသည် ဘလီတက်၍ အမျိုးသမီးများသည် အိမ်တွင် ဘာသာရေးဆိုင်ရာ ရှိခိုးခြင်းများ ပြုလုပ်ကြသည်။

ရိုဟင်ဂျာ နှင့် ရခိုင်လူမျိုးများ အဓိကရုဏ်း

ရည်ညွှန်း

  1. "The Rohingya people of Myanmar: health, human rights, and identity" (fee required) (2016). Lancet: 1–10. doi:10.1016/S0140-6736(16)00646-2. PMID 27916235. 
  2. (2009) Perilous Plight: Burma's Rohingya Take to the Seas. Human Rights Watch, 3. ISBN 9781564324856. 
  3. Kevin Ponniah (5 December 2016)။ Who will help Myanmar's Rohingya?BBC
  4. Will anyone help the Rohingya people?BBC News
  5. Dapice၊ David (October 2014)။ Fatal Distraction from Federalism: Religious Conflict in Rakhine။ Harvard Ash Center။ Archived from the original on 5 January 2015။ 8 February 2015 တွင် ပြန်စစ်ပြီး။
  6. Who Are the Rohingya?။ About Education (2014)။ Archived from the original on 18 November 2012။ 8 March 2015 တွင် ပြန်စစ်ပြီး။
  7. Saudi Arabia entry at Ethnologue။ Ethnologue။ 6 February 2015 တွင် ပြန်စစ်ပြီး။
  8. "Bangladesh's Rohingya camps - promise or peril?"၊ The Daily Star၊ 2 December 2014။ 19 May 2015 တွင် ပြန်စစ်ပြီး 
  9. "Myanmar Rohingya refugees call for Suu Kyi's help"၊ 13 June 2012။ 9 July 2012 တွင် ပြန်စစ်ပြီး 
  10. "Bangladesh for permanent solution to Burmese Rohingya refugee problem"၊ Bangladesh Business News။ 19 May 2015 တွင် ပြန်စစ်ပြီး 
  11. Homeless In Karachi | Owais Tohid, Arshad Mahmud။ Outlookindia.com (29 November 1995)။ 18 October 2013 တွင် ပြန်စစ်ပြီး။
  12. Box 5925 Annapolis, MD 21403 info@srintl။ Burmalibrary.org။ 18 October 2013 တွင် ပြန်စစ်ပြီး။
  13. Derek Henry Flood။ "From South to South: Refugees as Migrants: The Rohingya in Pakistan"၊ 31 December 1969။ 11 February 2015 တွင် ပြန်စစ်ပြီး 
  14. Husain၊ Irfan။ "Karma and killings in Myanmar"၊ 30 July 2012။ 10 August 2012 တွင် ပြန်စစ်ပြီး 
  15. Figure At A GlanceUNHCR Malaysia (2014)။ Archived from the original on 30 December 2014။ 30 December 2014 တွင် ပြန်စစ်ပြီး။
  16. WorldLink: The plight of Rohingyas in India (29 July 2016)။
  17. Jalimin (19 May 2015)။ Jumlah Pengungsi Rohingya di Indonesia Capai 11.941 Orang (in Indonesian)။ Aceh Tribun News။ Archived from the original on 11 October 2015။ 11 October 2015 တွင် ပြန်စစ်ပြီး။
  18. 200 Rohingya Refugess are not accepted as Refugees and Nepal Government considers them illegal migrants။ Archived from the original on 4 June 2016။ “An estimated 36,000 Rohingya Refugess living in India”
  19. "Myanmar, Bangladesh leaders 'to discuss Rohingya'"၊ AFP၊ 2012-06-29။ Archived from the original on 2012-07-18။ 
  20. ၂၀.၀ ၂၀.၁ ၂၀.၂ ၂၀.၃ ၂၀.၄ (MA Chowdhury 1995, pp. 7–8)
  21. (Khin Maung Saw 1993, pp. 93)
  22. ၂၂.၀ ၂၂.၁ Leider၊ Jacques P.။ "Interview: History Behind Arakan State Conflict"၊ The Irrawaddy၊ July 9, 2012။ 9 July 2012 တွင် ပြန်စစ်ပြီး 
  23. Buchanan-Hamilton, Francis (1799). "A Comparative Vocabulary of Some of the Languages Spoken in the Burma Empire". Asiatic Researches 5: 219-240. The Asiatic Society. Retrieved on 9 July 2012. 
  24. (Khin Maung Saw 1993, p. 90)
  25. KYAW ZWA MOE။ Why is Western Burma Burning?။ The Irrawaddy။ July 26, 2012 တွင် ပြန်စစ်ပြီး။
  26. ရိုဟင်ဂျာ လူမျိုးနွယ်စုသည် နိုင်ငံသား တိုင်းရင်းသားနှင့် မြန်မာမျိုးနွယ်စု ဟုတ်မဟုတ် ဓာတ်ခွဲစမ်းသပ်ခြင်း။ ကုလားတန်သတင်း (November 3,2011)။ November 11, 2011 တွင် ပြန်စစ်ပြီး။
  27. Myanmar - The Rohingya Minority: Fundamental Rights Denied, Amnesty International, 2004.
  28. http://www.unhcr.org/cgi-bin/texis/vtx/search?page=search&docid=4975b4e44&query=rohingya
  29. http://www.hrw.org/news/2011/02/02/thailand-give-un-access-rohingya-boat-people
  30. http://www.bbc.co.uk/burmese/burma/2011/12/111206_rohinja.shtml
  31. ISO 639 Code Tables - SIL International