ရွှေသာလျောင်း ရုပ်ပွားတော်ကြီး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ရွှေသာလျောင်းရုပ်ပွားတော်ကြီး
Bago-Shwethalyaung Buddha.JPG
ရွှေသာလျောင်း ရုပ်ပွားတော်ကြီး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေသာလျောင်း ရုပ်ပွားတော်ကြီး
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာပဲခူးမြို့
ကိုဩဒိနိတ်17°20′17″N 96°27′45″E / 17.337931°N 96.462409°E / 17.337931; 96.462409ကိုဩဒိနိတ်: 17°20′17″N 96°27′45″E / 17.337931°N 96.462409°E / 17.337931; 96.462409
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူမွန်ဘုရင် မဂ္ဂဒီပ
ပြီးစီး၉၉၄; ၁၀၂၆ နှစ် အကြာက (၉၉၄)

ရွှေသာလျောင်းရုပ်ပွားတော်ကြီး( [ʃwèθàljáʊɴ pʰəjá]) သည် ပဲခူးမြို့ အနောက်ဘက်တွင် တည်ရှိသော လျောင်းတော်မူ ရုပ်ပွားတော်ကြီးဖြစ်သည်။ ထိုဘုရားကြီး ထားဝယ်မြို့ရှိ လျောင်းတော်မူဘုရားကြီးပြီးလျှင် ကမ္ဘာပေါ်ရှိ ဒုတိယအကြီးဆုံး လျောင်းတော်မူ ဘုရားဖြစ်ပြီး အလျားအားဖြင့် ၅၅ မီတာ(၁၈၀ ပေ)နှင့် အမြင့် ၁၆ မီတာ( ၅၂ ပေ) ရှိသည်။ ထိုဘုရားကြီးကို မွန်ဘုရင် မဂ္ဂဒီပ က သက္ကရာဇ် ၉၉၄ ခုနှစ်တွင် တည်ထားခဲ့သည်ဟု ယုံကြည်ရသည်။ ၁၇၅၇ ခုနှစ်တွင် အင်္ဂလိပ်တို့က ပဲခူးမြို့အား ကိုလိုနီအဖြစ်သွတ်သွင်းပြီးနောက် ဘုရားကြီးမှာ ပျောက်ဆုံးနေခဲ့ရသည်။ ၁၈၈၀ ခုနှစ်တွင် ၎င်းအနီးတစ်ဝိုက်အား ရထားလမ်းဖောက်လုပ်ရန် တူးဖော်ခဲ့စဉ် ခြုံနွယ်မြက်ရိုင်းများအောက်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရသည်။ ၁၈၈၁ ခုနှစ်တွင် ပြန်လည်ပြုပြင်မွမ်းမံရေးများ စတင်ခဲ့ပြီး ဘုရားခေါင်းအုံးတော်(ဘယ်ဘက်အခြမ်း)အား ထပ်မံတည်ဆောက်ခဲ့ပြီး ရုပ်ပွားတော်အပေါ်မှ သွပ်မိုး၊ အကာများ ဆောက်လုပ်ခဲ့ရာ ၁၉၃၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ထိုပြုပြင်ရေးအတွက် အများပြည်သူများက အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။[၁]

တနည်း[ပြင်ဆင်ရန်]

ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကို ဟံသာဝတီဘုရင် သမလ၊ ဝိမလ မင်းဆက်မှ ၁၃ ဆက်မြောက်ဘုရင် မိဂါဒိပ္ပငယ်မင်းလက်ထက် ခရစ်နှစ် ၉၉၄ တွင် တည်ထားသည်။ ရုပ်ပွားတော်၏ မူလဘွဲ့မည်မှာ ကုသိနာရုံဘုရား ဖြစ်ပြီး၊ အလျား အတောင် ၃၀ ရှိကာ၊ အလျားအတောင် ၅၀၊ အနံအတောင် ၂၀ ရှိ သစ်သားတန်ဆောင်းအတွင်း ကိန်းဝပ်တော်မူသည်။ ခရစ်နှစ် ၁၃၂၈ တွင် ပုဂံဘုရင် စောနစ်မင်းက သီဟသူမင်း၏ သဘောတူခွင့်ပြုချက်ဖြင့် တန်ဆောင်းကြီးအား ရွှေချသည်။

မွန်ဘုရင်တိဿမင်း (၁၀၄၃-၁၀၅၇) လက်ထက်၌ ဘုရားကြီးအား လယ်ပယ် ၂၀ လှူသည်။ ဗညားဦးမင်း (၁၃၆၉-၁၃၈၃) လက်ထက်ဝယ် ဘုရား‌တန်ဆောင်းကို ပြုပြင်ကာ ရွှေချသည်။ ရာဇာဓိရာဇ် (၁၃၈၃-၁၄၂၃) လက်ထက် ၁၃၈၅ ခုတွင် ရုပ်ပွားတော်ကို ရွှေသင်္ကန်း ကပ်လှူသည်။ ထို့အတူ ရှင်စောပု (၁၄၅၂-၁၄၇၁) လက်ထက်တွင်လည်း တန်ဆောင်းဟောင်း ဖျက်သိမ်းကာ တင့်တယ်လှပသည့် တန်ဆောင်းသစ် တည်သည်။

ဘုရင့်နောင်မင်းလက်ထက်က မဟာစေတီတဝိုက်တွင် သုံ့ပန်းများ ထားရာ ယင်းတို့အကြီးအကဲက ဦးဆောင်လျက် ၁၅၆၄ တွင် တန်ဆောင်းကြီးကို မီးရှို့ဖျက်ဆီးသည်။ သို့ဖြင့် ဘုရင့်နောင်မင်းက မူလရုပ်ပွားတော်ကို ဖျက်သိမ်းကာ ရုပ်ပွားတော်သစ်တဆူ တည်ထားသည်။ အနောက်ဘက်လွန်မင်းက ပြုပြင်ပြီး ရွှေသင်္ကန်းလည်း ကပ်သည်။ ၁၇၈၆၊ ဘိုးတော်ဘုရားက အုတ်တိုင်နှင့် သစ်သားတန်ဆောင်း ဆောက်လှူသည်။ ဗြိတိသျှအုပ်စိုးစဉ် ပြုပြင်သူ မရှိဘဲ ချုံနွယ်ပိတ်ပေါင်းများ အကြား နှစ်ပေါင်းများစွာ တိမ်မြုပ်နေရာမှ ပြန်တွေ့ကာ ဗုဒ္ဓဘာသာဝင်များက ပြုပြင်သည်။[၂]


ရှင်ပင်မြတ်ဘုရား၏ ဉာဏ်တော်[ပြင်ဆင်ရန်]

  1. အလျားတော် ၁၈၀ပေ
  2. အမြင့်တော် ၅၂.၅ပေ
  3. မျက်နှာတော် ၂၂.၅ပေ
  4. နားတော် ၁၅ပေ
  5. မျက်လုံးတော် ၃.၅ပေ
  6. မျက်ခုံးတော် ၇.၅ပေ
  7. မျက်ခမ်းတော် ၇.၅ပေ
  8. နှာခေါင်းတော် ၇.၅ပေ
  9. နှုတ်ခမ်းတော် ၇.၅ပေ
  10. လည်တိုင်တော် ၇.၅ပေ
  11. ပခုံးတော်မှ ခါးတော်အထိ ၄၇.၅ပေ
  12. ခါးတော်မှ ဒူးတော်အထိ ၄၇.၅ပေ
  13. ဒူးတော်မှ ခြေဖဝါးတော်အထိ ၄၇.၅ပေ
  14. တထောင်ဆစ်မှ လက်ဖျားအထိ ၄၅ပေ
  15. လက်သန်းတော် ၁၀ပေ
  16. ခြေဖဝါးတော် ၂၅.၅ပေ
  17. ခြေမတော် ၆ပေ
  18. လက်ဖဝါးတော် ၂၂ပေ

တည်ဆောက်ပြုပြင်မှု[ပြင်ဆင်ရန်]

  • ၁၂၄၂-ခုနှစ် တွင်တောဖုံး၍ တောင်ကုန်းသဖွယ်စံပယ်ရာမှ ပေါ်တော်မူ၍ အသစ်တဖန် ပြန်လည်တည်ဆောက်ခဲ့သည်။
  • ၁၂၆၂-ခုနှစ် ဂန္ဓကုဋိတန်ဆောင်းတော်ကြီး တည်ဆောက်ခဲ့သည်။
  • ၁၂၇၀-ခုနှစ် မျက်နှာတော်ရှေ့ရှိ သံပန်းဝန်းရံဆောက်လုပ်ပြီးစီးသည်။
  • ၁၂၉၃-ခုနှစ် ဘုရားရင်ပြင်တော်၌ ကျောက်ပြားခင်းသည်။
  • ၁၂၉၈-ခုနှစ် နဖူးသင်းကျစ်နှင့် ခြေဖဝါးတော်စက်လက္ခဏာမှန်စီသည်။
  • ၁၂၉၉-ခုနှစ် ဘုရားအုန်းတော်ကြီးမှန်စီ၍ မျက်နှာကျက်ပြုလုပ်သည်။
  • ၁၃၁၆-ခုနှစ် ခေါင်းရင်း ဂန္ဓကုဋိသံတန်ဆောင်း တိုးချဲ့ပြုလုပ်သည်။
  • ၁၃၂၀-ခုနှစ် ခြေရင်းတော် သံတန်ဆောင်းနှင့် လှေခါးသံတန်ဆောင်းစသည်တို့ ဆောက်လုပ် ပြီးစီးသည်။
  • ၁၃၆၃-ခုနှစ် အရှေ့ဘက်မုခ်ဦးဆောင်နှင့် စောင်းတန်းတော်ကြီးအား အသစ်ပြန်လည်တည်ဆောက်ပြီးသည်။
  • ၁၃၇၂-ခုနှစ် ဝါခေါင်လပြည့်ကျော်(၄)ရက်(၂၉-၈-၂၀၁၀)နေ့တွင် ကိုယ်လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပြီးစီးသည်။


ဓာတ်ပုံပြခန်း[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.shumanyee.com/2011may/myanmars/bago.html
  2. တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၇၅။