မင်္ဂလာ ၁၂ ခန်း
အောက်ပါ အကြောင်းအရာအခန်းဆက်၏ တစိတ်တပိုင်း |
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု |
---|
![]() |
List |
ဒဏ္ဍာရီနှင့် ရှေးရိုးစဉ်လာအယူများ |
စာပေ |
အထင်ကရနေရာများ |
|
မင်္ဂလာ (၁၂) ခန်းဟူသည် လောကီမင်္ဂလာသာဖြစ်သည်။ လောကီမင်္ဂလာဆိုသည်မှာ ရှေးအစဉ်အလာအရ ပြုလုပ်လာသည့် လောကီမှုကိစ္စများသာဖြစ်သည်။ သို့ရာတွင် မြန်မာတို့က ယင်းလောကီမှုကိုပင် ဘာသာရေးအသွင်သို့ဆွဲယူကာ ကလေးအတွက် ကုသိုလ်ကောင်းမှု့ပြုသည့်အနေဖြင့် လှူဒါန်းကျွေးမွေးခြင်း ပြုလုပ်လေ့ရှိသည်။ ဤသို့ မိဖများက ကလေးအတွက် ကုသိုလ်ကောင်းမှု့ပြုလျှင် ကလေးလဲ ကုသိုလ်ရသည်ဟု ယုံကြည်ကြသည်။
၁။ အာဝါဟမင်္ဂလာ[ပြင်ဆင်ရန်]
သူ့သမီးကို မိမိသားအတွက် ဆောင်ယူခြင်း မင်္ဂလာ။
၂။ ဝိဝါဟမင်္ဂလာ[ပြင်ဆင်ရန်]
မိမိသမီးကို သူ့သားအတွက် သူ့အိမ်သို့ပို့ခြင်း မင်္ဂလာ။
၃။ ဝိဇာယနမင်္ဂလာ[ပြင်ဆင်ရန်]
သားသမီးဖွားမြင်သဖြင့် လူအများကို သိစေအပ်သော မင်္ဂလာ။
၄။ နန္ဒီမုခဒဿနမင်္ဂလာ[ပြင်ဆင်ရန်]
ကလေးအား အဖိုးအဖွား အမေအဖေတို့ကို ဒါသင့်အဖိုး၊ ဒါ သင့်အဖွား စသည်ဖြင့်ပြုသော မင်္ဂလာ၊ ဖွားပြီး ၃ ရက်ရသောအခါ လုပ်ရသည်။
၅။ ကေသစ္ဆေဒနမင်္ဂလာ[ပြင်ဆင်ရန်]
ဆံပင်ရိတ်သောမင်္ဂလာ၊ ဖွားပြီး ၇ ရက်ရသောအခါ လုပ်ရသည်။
၆။ ဒေါဠာကရဏမင်္ဂလာ[ပြင်ဆင်ရန်]
ပုခက်တင်မင်္ဂလာ၊ ဖွားပြီး ၂ လအတွင်း လုပ်ရသည်။
၇။ တမ္ဗုလာဟာရမင်္ဂလာ[ပြင်ဆင်ရန်]
ကွမ်းခွံ့မင်္ဂလာ၊ ဖွားပြီး ၇၅ ရက်ရသောအခါ လုပ်ရသည်။
၈။ ရဝိန္ဒုဒဿနမင်္ဂလာ[ပြင်ဆင်ရန်]
နေလပြသောမင်္ဂလာ၊ ၃ လသားအရွယ်တွင် လုပ်ရသည်။
၉။ နာမကရဏမင်္ဂလာ[ပြင်ဆင်ရန်]
နာမည်ပေးမင်္ဂလာ၊ ဖွားပြီးရက် ၁၀၀ ပြည့်သောနေ့၌ လုပ်ရသည်။
၁၀။ ဘတ္တာဟာရမင်္ဂလာ[ပြင်ဆင်ရန်]
ပထမဆုံးထမင်းခွံ့သောမင်္ဂလာ၊ ၆ လသားအရွယ်တွင် လုပ်ရသည်။
၁၁။ ကေသဗန္ဓနမင်္ဂလာ[ပြင်ဆင်ရန်]
ဆံထုံးသောမင်္ဂလာ၊ သင့်လျော်သောအခါတွင် လုပ်ရသည်။
၁၂။ ကဏ္ဏဝိဇ္ဈနမင်္ဂလာ[ပြင်ဆင်ရန်]
နားသမင်္ဂလာ၊ သင့်လျော်သောအခါတွင် လုပ်ရသည်။
၁၃။ ပဗ္ဗဇ္ဇမင်္ဂလာ[ပြင်ဆင်ရန်]
ရှင်ပြုမင်္ဂလာ၊ သင့်လျော်သောအခါတွင် လုပ်ရသည်။
မှတ်စု[ပြင်ဆင်ရန်]
မြန်မာတို့သည် ၁ နှင့် ၂ ကိုပေါင်း၍ အာဝါဟ ဝိဝါဟမင်္ဂလာဟု လုပ်ကြသဖြင့် မင်္ဂလာ ၁၂ ခန်းဟု ဆိုကြသည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ဒဂုန်ဦးထွန်းမြင့်။ ကလေးများအတွက် ဗုဒ္ဓယဉ်ကျေးမှု့။