နေပြည်တော်ကောင်စီ
| နေပြည်တော် ပြည်ထောင်စုနယ်မြေအစိုးရအဖွဲ့အစည်း | |
|---|---|
| Nay Pyi Taw Council | |
| အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
| အဖွဲ့အစည်းအမျိုးအစား | ကောင်စီ |
| ဌာနချုပ် | နေပြည်တော် |
| ဌာနအကြီးအမှူးများ | ကံမြင့်သန်း၊ ဥက္ကဋ္ဌ |
| မိခင်အဖွဲ့အစည်း | နိုင်ငံတော် သမ္မတရုံး |
| ဝက်ဘ်ဆိုက် | nptdc.gov.mm |
နေပြည်တော်ကောင်စီ (အင်္ဂလိပ်: Nay Pyi Taw Council) သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၈/၂၀၁၀ ဖြင့် ဖွဲ့စည်းထားပြီး၊ နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသည့် နေပြည်တော် ပြည်ထောင်စုနယ်မြေကို စီမံအုပ်ချုပ်သည့် အစိုးရအဖွဲ့ ဖြစ်သည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]နေပြည်တော်ကောင်စီကို နိုင်ငံတော်သမ္မတက အနည်းဆုံး အဖွဲ့ဝင် ၅ ဦးမှ အများဆုံး ၁၀ ဦးအထိဖြင့် ဖွဲ့စည်းရပြီး အဆိုပါအဖွဲ့တွင် အရပ်သားနှင့် တပ်မတော်ကိုယ်စားလှယ်များ ပါဝင်ပါသည်။
ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်၏ မြို့တော်ဝန်ဖြစ်ကာ နိုင်ငံတော်သမ္မတထံ တိုက်ရိုက်အစီရင်ခံရသည့် တာဝန်ရှိသူဖြစ်ပါသည်။ ထို့အပြင် နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူးသည် ရာထူးအလျောက် ကောင်စီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူရပြီး ယင်းကောင်စီသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် (၁၀/၂၀၂၆) ဖြင့် ကောင်စီဝင်တစ်ဦးအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်နိုင်သည်ဟု နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
ကောင်စီဥက္ကဋ္ဌများ
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်သက်တမ်း | တာဝန်ထမ်းဆောင်မှုကာလ | သမ္မတ |
|---|---|---|---|---|
| ၁။ | ဦးသိန်းညွန့် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | ဦးသိန်းစိန် |
| မှတ်ချက် - ဦးသိန်းညွန့်သည် သမ္မတရုံးဝန်ကြီးအဖြစ်ပါ ပူးတွဲထမ်းဆောင်ခဲ့သည်။ | ||||
| ၂။ | ဒေါက်တာမျိုးအောင်[၂] | ၁ ဧပြီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | ၄ နှစ်၊ ၃၀၆ ရက် | ဦးထင်ကျော် ဦးဝင်းမြင့် |
| ၃။ | ဒေါက်တာမောင်မောင်နိုင်[၃] | ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | ၁ နှစ်၊ ၁၉၈ ရက် | - |
| ၄။ | ဦးတင်ဦးလွင် | ၁၉ ဩဂုတ် ၂၀၂၂ – ၃ ဩဂုတ် ၂၀၂၃ | ၃၄၉ ရက် | - |
| ၅။ | ဦးသန်းထွန်းဦး[၄][၅] | ၃ ဩဂုတ် ၂၀၂၃ – ၁၀ ဧပြီ ၂၀၂၆ | ၂ နှစ်၊ ၂၅၀ ရက်[၆] | - |
| ၆။ | ဦးကံမြင့်သန်း | ၁၀ ဧပြီ ၂၀၂၆ – လက်ရှိ | ၁၄၆ ရက် | ဦးမင်းအောင်လှိုင် |
ကောင်စီဝင်များ
[ပြင်ဆင်ရန်]ဦးကံမြင့်သန်းကောင်စီ (၂၀၂၆-လက်ရှိ)
[ပြင်ဆင်ရန်]| စဉ် | အမည် | ရာထူး | စတင်ရက် | ပြီးဆုံးရက် | တာဝန်ထမ်းဆောင်မှုကာလ | သမ္မတ |
|---|---|---|---|---|---|---|
| ၁။ | ဦးကံမြင့်သန်း | ဥက္ကဋ္ဌ | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၄၆ ရက် | ဦးမင်းအောင်လှိုင် |
| ၂။ | ဗိုလ်မှူးကြီး ရဲမိုး | ကောင်စီဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၄၆ ရက် | |
| ၃။ | ဦးမင်းဦး | ကောင်စီဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၄၆ ရက် | |
| ၄။ | ဦးခင်မောင်လတ် | ကောင်စီဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၄၆ ရက် | |
| ၅။ | ဦးဝင်းမိုးခိုင် | ကောင်စီဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၄၆ ရက် | |
| ၆။ | ဦးထွန်းထွန်း | ကောင်စီဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၄၆ ရက် | |
| ၇။ | ဦးအောင်ဇေယျ | ကောင်စီဝင် | ၁၀ ဧပြီ ၂၀၂၆ | လက်ရှိ | ၁၄၆ ရက် |
ဦးသိန်းညွန့်ကောင်စီ (၂၀၁၁-၂၀၁၆)
[ပြင်ဆင်ရန်]| စဉ် | အမည် | ရာထူး | တာဝန်သက်တမ်း | တာဝန်ထမ်းဆောင်မှုကာလ | သမ္မတ |
|---|---|---|---|---|---|
| ၁။ | ဦးသိန်းညွန့် | ဥက္ကဋ္ဌ | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | ဦးသိန်းစိန် |
| ၂။ | ဦးသန်းဌေး | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | |
| ၃။ | ဦးသန်းအောင် | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | |
| ၄။ | ဗိုလ်မှူးကြီး မြင့်အောင်သန်း | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | |
| ၅။ | ဦးကံချွန် | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | |
| ၆။ | ဒေါက်တာ ပိုင်စိုး | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | |
| ၇။ | ဦးစောလှ | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | |
| ၈။ | ဦးမြင့်ဆွေ | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | |
| ၉။ | ဦးမြင့်ရွှေ | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် | |
| ၁၀။ | ဦးမျိုးညွန့် | ကောင်စီဝင် | ၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆ | ၅ နှစ်၊ ၀ ရက် |
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ၂၀၂၆ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် (၁၀/၂၀၂၆) ဖြင့် နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Constitution of the Republic of the Union of Myanmar။ Ministry of Information (September 2008)။ 27 June 2015 တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာ မျိုးအောင်ကို ခန့်အပ် တာဝန်ပေး (in en-US)။ 8 October 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-03-05 တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information။ 2026-03-05 တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်စစ်ဆင်ရေးအထူးအဖွဲ့မှူး အပါအဝင်တိုင်းမှူးတွေ အပြောင်းအလဲဖြစ် (၂၆ ဩဂုတ် ၂၀၂၃)။ ၁၂ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-03-05 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၇ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။