မင်းကွန်းပုထိုးတော်ကြီး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မင်းကွန်းပုထိုးတော်ကြီး

၁၇၉၀ ပြည့်က သူ့နန်းဌာနသို့ အလည်ရောက်လာ စိနတိုင်း ဘုရင် ကိုယ်စားလှယ်တော် တမန်အဖွဲ့က ပဏ္ဏပါးသည့် ဗုဒ္ဓစွယ်တော် တစ်ဆူ ဌာပနာတော် မူရန် ကမ္ဘာ့အကြီးဆုံး ပုထိုးတစ်ဆူ တည်တော်မူရန် ဘိုးတော်ဘုရား ရည်သန်တော် မူခဲ့သည်။ ရည်ရွယ်ရင်းက သူမည်မျှ ဘုန်းတန်ခိုး အာနုဘော် တော်တော်တန်တန် မျှမဟုတ်ကြောင်း ပြသဖို့ ဖြစ်လေသည်။ ဘိုးတော်ဘုရားနန်းတက်ပြီး (၉)နှစ်အကြာ ၁၇၉၀ ခုနှစ်တွင် မန္တရာကြီး သို့မဟုတ် မင်းကွန်းပုထိုးကြီးကို စတင် တည်ဆောက်တော်မူသည်။ ကိုယ်တိုင် ကြီးကြပ်တည်ဆောက်နိုင်ရန် အလို့ငှာ စံနန်းမှ ဧရာဝတီ မြစ်အတွင်း ကျွန်းတစ်ခုပေါ် ၁၉၇၉ ခုနှစ် တိုင်အောင် ပြောင်းရွှေ့စံနေခဲ့သည်။ ထိုအချိန်တွင် ငွေကုန်လူပန်း နှင့် ပုထိုးတည်အလုပ် ကိုဆက်လုပ်ရန် ခက်ခဲလာတော့သည်။

အမြင့်ပေ ၅၀၀ အထိ တည်ထားရန် ရည်ရွယ်သော်လည်း ပထမပစ္စယံ ၁၆၅' အပြီးတွင် တဘောင်စနည်းတို့အား မလွန်ဆန်ရဲ၍ ဘုရားတည်ခြင်းကို ရပ်ဆိုင်းခဲ့ရသည်။ လုံးပတ်မှာ စတုရန်းပေ ၄၅၀ တိတိ ကြီးမားကျယ်ဝန်းသည်။ လေးဘက်မျက်နှာတွင် မုဒ်ပေါက်ငယ် တစ်ခုစီ ပြုလုပ်ထားသည်။

ဘိုးတော်ဘုရားအနေဖြင့် အဆိုပါ ပုထိုး ကို ၁၅၂ မီတာ သို့မဟုတ် ၄၉၉ ပေ အမြင့် ဆောက်ရန် ရည်ရွယ်သည်။ သို့သော် ပုထိုးတည်မှု ဆိုင်းလိုက်ရသည့်အခါ တည်လက်စမှာ ဉာဏ်တော် မီတာ ၆၀ သို့မဟုတ် ၁၉၈ ပေသာ ရှိသေးသည်။ သူ့၏ အောက်ဆုံးဆင့် စင်္ကြန်သည်ပင် ပေ ၄၅၀ သို့မဟုတ် ၁၃၇ မီတာစတုရန်း အရွယ်ရှိသည်။ အလျား ၄ ရပ် တဖက်စီမှ မုဒ်ဦးပေါ်ထွက်လာ ကြပြီး ဘုရားဆောင်တို့ကလည်း အသင့်ရှိပေသည်။ ဘိုးတော်ဘုရားသည် ဘုရားအဆောင်တို့ ကိုခဲနားသတ်၍ ယင်းအတွင်းဝယ် ရွှေဆင်းထု ၁၅၀၀ ငွေဆင်းထု ၂၅၃၄ အပြင် အခြား ဌာပနာ ၃၇၀၀၀ သို့သွတ်သွင်းရာတွင် ထိုစဉ်ကာလ တီထွင်စစဦး ဆော်ဒါရည် ဖေါက်စက် နမူနာတလုံး ပင်ပါသေးသည်ဟု ဘိုးတော်ဘုရား နန်းတော်သို့ ဗြိတိသျှသံ ဟီရန်ကောက်စ် ပြောသည်မှာ အဆန်းအပြား ပင်ဖြစ်နေသေးသည်။

မြန်မာသက္ကရာဇ် ၁၁၈၁-ခု (အေဒီ-၁၈၁၉)ခုနှစ်တွင် ဘိုးတော်ဘုရား နတ်ရွာစံခဲ့သဖြင့် ဘုရားကြီးမှာလည်း ယနေ့တိုင် အပြီးမသတ်နိုင် ဖြစ်ခဲ့ရသည်။ အကယ်၍ ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့လျှင် ပုထိုးတော်ကြီးသည် မြန်မာပြည်တွင် အမြင့်ဆုံး ဘုရားတစ်ဆူ ဖြစ်ပေလိမ့်မည်။ အပြီးသတ် မတည်ဆောက်နိုင်ရုံသာမက မြန်မာသက္ကရာဇ် ၁၂၀၀-ပြည့်နှစ် နှင့် ၁၃၁၈-ခုနှစ် တို့တွင် လှုတ်ခဲ့သော မြေငလျင်ဒဏ်များကြောင့် ကွဲအက်ပျက်စီးလျက်ပင် ၍ှိနေပေသည်။ နမူနာပုံစံ စေတီတစ်ဆူကို ဘုရားကြီး၏ တောင်ဘက် (၄)ဖာလုံခန့်အကွာတွင် တည်ထားလျက် ရှိပြီး ပုံတော်စေတီဟု အမည်တွင်သည်။ [၁]

၁၈၃၈ ခုငလျင်ကြောင့် ပုထိုးကြီး၏ ပထမအဆစ်မှာ အောက်ဘုရားဆောင် အတွင်း ပစ်လဲပြိုလဲ၍ မြစ်မျက်နှာပြင် တင်ကြိုကာကွယ်ထားသော ခြင်္သေ့ကိုယ်နှင့် ဂဠုန် နှုတ်သီး နှင့် ဂဠုန်တောင်ကြီး များတစုံ လည်းပျက်ပြား ဆုံးရှုံးရလေသည်။ သို့ပင်သော်ငြားလည်း မင်းကွန်းဘုရားသည် မပြီးမပြတ်ကျန်လျက်နှင့် ၁၈၁၉ ခုနှစ်အတွင်း သူအနိစ္စရောက်သည့် နောက်၌ပင် သူ့အားဆက်ခံ စိုးစံခဲ့သော မည်သည့်သားမြေးဆက်ကမှ ဆက်လက်၍ဆောက်လုပ်ခြင်း မဆက်ကြတော့ချေ။ အပျက်အစီး အပုံကြီးသည် ၃၂၈ ပေအထိ ခေါင်းလောင်းကြီး ၏ တောင်ဘက်တွင် ယခုတိုင် ခန့်ခန့်ထည်ထည် ရပ်တည်လျက်ရှိပါသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. လွင်မောင်၊ မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း၊ ၁၉၇၃-ခု၊ ဇွန်လ