ကရင်အမျိုးသားပါတီ
| ကရင်အမျိုးသားပါတီ | |
|---|---|
| အင်္ဂလိပ် အမည် | Karen National Party |
| အထွေထွေ အတွင်းရေးမှူး | မန်းကျော်ငြိမ်း |
| ဥက္ကဋ္ဌ | မန်းသိမ်းရွှေ |
| ဆောင်ပုဒ် | အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ ကရင်အမျိုးသားပါတီကို မဲပေးစို့[၁] |
| တည်ထောင်ခြင်း | အောက်တိုဘာ ၂၄၊ ၂၀၁၄[၁] |
| ဌာနချုပ် | အနောက် ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
| အဖွဲ့ဝင် | ၅,၀၀၀[၂] |
| နိုင်ငံရေး သဘောတရား | ဖက်ဒရယ်ပြည်ထောင်စုစနစ် |
| အရောင် | အနီ၊ အဖြူ၊ အပြာ |
| ပါတီအလံ | |
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
ကရင်အမျိုးသားပါတီ (အင်္ဂလိပ်: Karen National Party၊ အတိုကောက် KNP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ပါတီတည်ထောင်ရန် လျှောက်ထားခဲ့ပြီး ဇူလိုင် ၁၆ ရက်နေ့တွင် တည်ထောင်ခွင့် ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့တွင် ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ရာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပါတီအမှတ်စဉ် ၇၈ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုခဲ့သည်။[၃]
ပါတီ၏မူဝါဒမှာ တိုင်းရင်းသားများ တန်းတူအခွင့်အရေးများ ရရှိရေး၊ စစ်မှန်သည့် ဒီမိုကရက်တစ်ပြည်ထောင်စုပေါ်ပေါက်လာရေး၊ ကရင်တိုင်းရင်းသားအပါအဝင် ပြည်သူများဘဝ လုံခြုံမှုရရှိစေမည့် တရားဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ပြည်သူများ၏ လိုအပ်ချက်များ၊ ရပိုင်ခွင့်များတောင်းဆိုနိုင်ရေးတို့ ဖြစ်သည်။ ပါတီဝင်အရေအတွက် ငါးထောင်ကျော်ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး (ပန်းတနော်၊ ကျောင်းကုန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ မြောင်းမြ)၊ ရန်ကုန်တိုင်းဒေသကြီး (မှော်ဘီ၊ ထန်းတပင်)၊ ကရင်ပြည်နယ် (သံတောင်)၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပယ်ဖျက်ခြင်း
[ပြင်ဆင်ရန်]ကရင်အမျိုးသားပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ကရင်အမျိုးသားပါတီ။ ၇ ရက်သတင်းဂျာနယ် (၃၀ စက်တင်ဘာ ၂၀၁၅)။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ကရင်အမျိုးသားပါတီ။ Vote4Myanmar။ 18 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ကရင် အမျိုးသား ပါတီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၁၅ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ 2025-6-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-11 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |