ပင်းယခေတ်
| ပင်းယခေတ် ပင်းယဘုရင့်နိုင်ငံ | |
|---|---|
| သမိုင်းဝင် နေပြည်တော်နှင့် ခေတ် | |
| Pinya Kingdom | |
| အစိုးရ | |
| • အမျိုးအစား | သက်ဦးဆံပိုင်ဘုရင်စနစ် |
| • ပထမဆုံးမင်း | သီဟသူ (၁၃၁၀–၁၃၂၅) |
| • ထင်ရှားသောမင်း | ဥဇနာ (၁၃၂၅–၁၃၄၀) |
| • ထင်ရှားသောမင်း | ကျော်စွာ (၁၃၄၄–၁၃၅၀) |
| • နောက်ဆုံးမင်း | ဥဇနာပြောင် (၁၃၆၄) |
| လူဦးရေ | |
| • ယခင်ခေတ် | မြင်စိုင်းခေတ် / ပုဂံခေတ် |
| • ပြိုင်ဘက်ခေတ် | စစ်ကိုင်းခေတ် |
ပင်းယခေတ် (၁၃၁၃–၁၃၆၄) သည် ပုဂံခေတ် ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာသော၊ မြန်မာအလယ်ပိုင်းဒေသ ဧရာဝတီမြစ် အရှေ့ပိုင်းရှိ နိုင်ငံငယ်တစ်ခု ဖြစ်သည်။ ပင်းယသည် ဧရာဝတီမြစ် အနောက်ပိုင်းကို လွှမ်းမိုးသော စစ်ကိုင်းနှင့် နိုင်ငံပြိုင်ဖြစ်သည်။ ဤခေတ်ကို မြင်စိုင်းခေတ် ၏ အဆက်အနွယ်ဟူ၍လည်း ခေါ်ဆိုပါသည်။ သီဟသူသည် ၁၃၁၀ ခုနှစ်တွင် နောင်တော်ကြီး အသင်္ခယာကို လုပ်ကြံကာ တစ်ပါးသောမင်းပြုသည်။ ၁၃၁၃ ခုနှစ်တွင် ပင်းယမြို့ကို တည်ထောင်သည်။ ၁၃၁၅ ခုနှစ်တွင် သီဟသူ၏ သားတော်အငယ် အသင်္ခယာ စောယွန်းသည် စစ်ကိုင်းသို့ ပြောင်းရွှေ့ကာ မင်းပြိုင်ပြုသည်။ ၁၃၆၄ ခုနှစ်တွင် မောရှမ်းတို့ ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယနိုင်ငံများ ပျက်စီးခဲ့သည်။ ထိုနှစ်တွင်ပင် သီဟသူ၏ မြစ်တော် သတိုးမင်းဖျား က အင်းဝခေတ်ကို တည်ထောင်ခဲ့သည်။
မင်းနေပြည်တော်အဖြစ် တည်ရှိခဲ့ပုံ
[ပြင်ဆင်ရန်]ပင်းယမင်းနေပြည်တော်သည် ၁၃၁၃ မှ ၁၃၆၄ အထိ မြန်မာနိုင်ငံအလယ်ပိုင်းကို အုပ်စိုးခဲ့သော မင်းနေပြည်တော်တစ်ခုဖြစ်သည်။ ၎င်းသည် ၁၂၈၇ တွင် ပုဂံအင်ပါယာ ကျဆုံးပြီးနောက် ပေါ်ထွက်လာသော မင်းနေပြည်တော်အသေးစား အမြောက်အမြားအနက်မှ တစ်ခုဖြစ်သော မြင်စိုင်းမင်းနေပြည်တော်ကို ဆက်ခံသည့် တိုင်းပြည်တစ်ခုဖြစ်သည်။ ဗမာပုံစံသွင်းထားသော ရှမ်းဘုရင်များ၏ ဦးဆောင်မှုဖြင့် ပင်းယသည် မြစ်တစ်ဖက်ကမ်းရှိ ပြိုင်ဘက်ဖြစ်သော စစ်ကိုင်းမင်းနေပြည်တော်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းကို လွှမ်းမိုးထိန်းချုပ်ရန်အတွက် အခါအားလျော်စွာ ပဋိပက္ခဖြစ်လေ့ရှိသော်လည်း ၎င်းတည်ရှိနေသည့် ကာလတစ်လျှောက်တွင် မြောက်ပိုင်းမှ ရှမ်းတို့၏ စီးနင်းတိုက်ခိုက်ခြင်းများအား အဓိကအားဖြင့် ခုခံကာကွယ်ခြင်းကိုသာ ဆက်လက်၍ ပြုလုပ်ခဲ့သည်။ ၁၃၆၄ ခုနှစ်တွင် မိုးကောင်းမှ ရှမ်းစီးနင်းတိုက်ခိုက်သူများသည် ပင်းယနှင့် စစ်ကိုင်းမင်းနေပြည်တော်နှစ်ခုစလုံး၏ မြို့တော်များကို ဆက်တိုက်သိမ်းပိုက်ပြီးနောက် မင်းနေပြည်တော်နှစ်ခုစလုံးသည် ပြိုလဲပျက်စီးခဲ့ရသည်။
စစ်ကိုင်းမင်းသား သတိုးမင်းဖျား တည်ထောင်ခဲ့သော အင်းဝမင်းနေပြည်တော်သည် ပင်းယနှင့် စစ်ကိုင်းမင်းနေပြည်တော်နှစ်ခုစလုံးကို ၁၃၆၄ တွင် အစားထိုးပြီး မြန်မာနိုင်ငံအလယ်ပိုင်း၏ အဓိကမင်းနေပြည်တော်အဖြစ် နောင်နှစ်ပေါင်း ၁၅၀ ကျော်တိုင်အောင် တည်ရှိခဲ့သည်။
မူလအစ
[ပြင်ဆင်ရန်]ပင်းယမင်းနေပြည်တော်သည် မြင်စိုင်းမင်းနေပြည်တော်၏ အဆက်ဖြစ်ပြီး ၁၂၉၈ တွင် ရှမ်းညီနောင်သုံးဦး ဖြစ်ကြသော အသင်္ခယာ၊ ရာဇသင်္ကြန် နှင့် သီဟသူ တို့မှ တည်ထောင်ခဲ့သည်။ (စစ်ကိုင်းနေပြည်တော်မှာ ၁၃၁၅ ခုနှစ်ကျမှသာ ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။) ၁၃၁၂ ခုနှစ်တွင် နောင်တော်အလတ် ရာဇသင်္ကြန် သဘာဝအလျောက် ကွယ်လွန်ပြီးနောက်တွင် အငယ်ဆုံးညီတော်ဖြစ်သော သီဟသူသည် သူ၏ဩဇာအာဏာကို ခိုင်မြဲအောင်လုပ်သည့်အနေဖြင့် အစ်ကိုအကြီးဆုံး အသင်္ခယာကို အဆိပ်ခတ်သတ်ပြီး ထီးနန်းကို သိမ်းယူခဲ့သည်။
သီဟသူသည် အစဦးတွင် သူ၏မြို့တော်ကို ပင်လယ်အရပ်မှ ပို၍အချက်အချာကျသော ကျောက်ဆည်စပါးကျီနှင့်နီးသည့် ဧရာဝတီအရပ်သို့ ပြောင်းရွှေ့ရန် ကြံစည်ခဲ့သည်။ (ထိုအချိန်မှစ၍ မွန်ဂိုကျူးကျော်မှုမတိုင်မီ လူဦးရေ ၅၀၀၀၀ ခန့်ရှိခဲ့သော ပုဂံသည် အလွန်အမင်း တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်။) သီဟသူသည် နောင်အခါ အင်းဝနေပြည်တော်ဖြစ်လာမည့် ဧရာဝတီနှင့် မြစ်ငယ်မြစ်တို့အနီးရှိ နေရာကို မင်းနေပြည်တော်တည်ထောင်ရန် ရွေးချယ်ခဲ့သည်။ သို့သော် နန်းတွင်းဗေဒင်နက္ခတ်ကျွမ်းကျင်သူများက ထိုအရပ်သည် မကောင်းသောနိမိတ်ဖြစ်သည်ဟု အကြံပေးကြသဖြင့် ၎င်းအစား ပင်းယနေရာကို (ယနေ့ခေတ် မန္တလေးမြို့ ၏ တောင်ဘက်) ဧရာဝတီမြစ်အနီးတွင် ရွေးချယ်ခဲ့သည်။
သီဟသူသည် ရှေးခေတ်ပုဂံဘုရင်များ၏ ထုံးတမ်းစဉ်လာနှင့် ဘွဲ့များကို ခံယူခဲ့သည်။ သူ၏နန်းတက်ပွဲတွင် အနော်ရထာ (၁၀၄၄–၁၀၇၇) ဘုရင်လက်ထက်ကတည်းက မင်းမိဖုရား တော်ဝင်မိသားစုများအတွင်း လက်ဆင့်ကမ်းလာခဲ့သော ရွှေစလွယ်နှင့် ရွှေလင်ဗန်းအား နရသီဟပတေ့ ဘုရင် (နောက်ဆုံးပုဂံမင်း) ၏ မိဖုရားဖြစ်သော မိဖုရားစော မှ သီဟသူကို ပေးအပ်တော်မူခဲ့သည်။ သီဟသူသည် ယခုအခါတွင် မိမိသည် ပုဂံမင်းဆက်၏ အရိုက်အရာကို ဆက်ခံသူအဖြစ် တရားဝင်ယူဆခဲ့သည်။ သို့ဖြစ်၍ သူသည် ၁၃၁၅ တွင် နတ်ရွာစံတော်မူပြီးဖြစ်သော ဘုရင် ကျော်စွာ နှင့် မိစောဦး တို့၏ သားတော်တစ်ပါးဖြစ်သော ဥဇနာ မင်းသားအား အိမ်ရှေ့စံမင်းသားအရိုက်အရာ ခန့်အပ်ခဲ့သည်။ (၁၂၉၈ တွင် သီဟသူသည် မိဖုရား မိစောဦးအား သိမ်းယူစဉ် သူမတွင် ပုဂံကျော်စွာမင်း၏ ကိုယ်ဝန်ရှိနေခဲ့ပြီး ၁၂Tracking တွင် ဥဇနာအား ဖွားမြင်ခဲ့သည်။ သီဟသူသည် ဥဇနာကို သူ၏သားအရင်းအဖြစ် မွေးစားခဲ့ခြင်း ဖြစ်သည်။)
စစ်ကိုင်းခွဲထွက်ခြင်း
[ပြင်ဆင်ရန်]သီဟသူဘုရင်၏ သားတော်အစစ်ဖြစ်သော အသက် ၁၅ နှစ်အရွယ်ရှိ စောယွန်း သည် မိမိအားကျော်လွန်၍ မွေးစားသား ဥဇနာအား ရာထူးတိုးမြှင့်ပေးခြင်းကို လိုလိုလားလား မရှိခဲ့ပေ။ တောတွင်းနေထိုင်သော ရဟန်းတော်များ၏ အားပေးမှုဖြင့် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ သူ၏နောက်လိုက်နောက်ပါများနှင့်အတူ အနောက်ဘက်ကမ်းရှိ စစ်ကိုင်း သို့ ထွက်ခွာခဲ့သည်။ စောယွန်းမင်းသားသည် မည်သည့်အခါကမျှ တရားဝင် ပုန်ကန်ခဲ့ခြင်းမရှိဘဲ သူ၏ဖခင်အပေါ်တွင် သစ္စာရှိသယောင် အမည်ခံအဖြစ် နေခဲ့သည်။ သူ၏ညီအစ်ကိုများနှင့်သော်မှ ထီးနန်းစည်းစိမ်ကို မျှဝေမခံစားလိုသော သီဟသူသည် စောယွန်းအား သူ၏ဖုံးကွယ်ထားသော ပုန်ကန်ထကြွမှုအတွက် ထူးခြားစွာဖြင့် အပြစ်ပေးခဲ့ခြင်းမရှိပါ။ ၁၃၂၄ ခုနှစ် သီဟသူနတ်ရွာစံပြီးနောက်တွင် မင်းနေပြည်တော်နှစ်ခုသည် တရားဝင် နှစ်ခြမ်းကွဲသွားပြီး ပင်းယသည် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းကို၎င်း၊ စစ်ကိုင်းသည် အနောက်ဘက်ခြမ်းကို၎င်း ထိန်းချုပ်ခဲ့ကြသည်။
အလယ်ပိုင်းနှစ်များ
[ပြင်ဆင်ရန်]၁၃၂၄ ခုနှစ်တွင် သီဟသူနတ်ရွာစံသောအခါ ဥဇနာ သည် သီဟသူသတ်မှတ်ခဲ့သည့်အတိုင်း ထီးနန်းဆက်ခံခဲ့သည်။ ပုဂံမင်းဆက်၏ အကြွင်းအကျန်ဖြစ်သော ဥဇနာသည် ရှမ်းဝန်ကြီးများနှင့် ရှမ်းစစ်သူကြီးများ လွှမ်းမိုးသည့် ပင်းယနန်းတော်ထဲတွင် ထုံးနည်းများဖြင့် မလျော်ညီသူတစ်ဦး ဖြစ်ခဲ့သည်။ သူ၏အုပ်ချုပ်မှုသည် နှစ်ပေါင်း ၂၀ နီးပါးမျှ ကြာမြင့်ခဲ့သော်လည်း အခြေခံအားဖြင့် သူသည် နောက်တွင် ထီးနန်းဆက်ခံမည့် အမေတူညီအစ်ကို ငါးစီးရှင် ကျော်စွာ အတွက် ထီးနန်းကို စောင့်ရှောက်ပေးနေရသူတစ်ဦးသာ ဖြစ်ခဲ့သည်။
နရသီဟပတေ့၏ မြေးတစ်ဦးဖြစ်ပြီး သီဟသူ၏ သားအရင်းဖြစ်သူ ကျော်စွာမှာ အကောင်းဆုံးသော ရွေးချယ်မှုတစ်ရပ် ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ရှေးဟောင်း (ပုဂံ) နှင့် (ပင်းယ) မင်းဆက်အသစ်နှစ်ခုစလုံးမှ မျိုးရိုးအဆက်အနွယ်ကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ၁၃၄၃ ခုနှစ်တွင် ဥဇနာသည် ထီးနန်းစွန့်လွှတ်ခဲ့ပြီး ရသေ့ဝတ်ခဲ့သည်။ ပြိုင်ဘက်မင်းနေပြည်တော်နှစ်ခုမှာ နောက်ပိုင်းနှစ်များတွင် ရံဖန်ရံခါ စစ်မက်ဖြစ်ပွားခဲ့သော်လည်း ၎င်းတို့သည် မြောက်ပိုင်းမှ ရှမ်းကျူးကျော်သူတို့၏ရန်ကို စိုးထင့်နေကြရသဖြင့် မည်သည့်ဘက်ကမျှ အသာစီးမရခဲ့ပေ။ ၁၃၅၀ ခုနှောင်းပိုင်းနှစ်များတွင် ရှမ်းကျူးကျော်မှုများသည် ပိုမိုပြင်းထန်လာခဲ့သည်။
ပင်းယကျဆုံးခြင်း
[ပြင်ဆင်ရန်]၁၃၆၄ ခုနှစ်တွင် ပင်းယဘုရင် နရသူ သည် သူ၏အဓိကပြိုင်ဘက်ဖြစ်သော စစ်ကိုင်းနှင့် ဒုက္ခပေးနေသော မြောက်ပိုင်းမှ ရှမ်းကျူးကျော်သူတို့ကို နှိမ်နင်းရန်အတွက် အကြံစည်တစ်ခု ရခဲ့သည်။ သူသည် စစ်ကိုင်းကို ပူးပေါင်းတိုက်ခိုက်ရန် မိုးကောင်းစော်ဘွားနှင့် မဟာမိတ်ပြုခဲ့သည်။ မည်သို့ဖြစ်စေ မိုးကောင်းတပ်များ စစ်ကိုင်းကို တိုက်ခိုက်သောအခါ ပင်းယတပ်များသည် ရိုးရှင်းစွာဖြင့် အခြားတစ်ဘက်မှ စောင့်ကြည့်နေခဲ့သည်။
နရသူအတွက် ကံမကောင်းသည်မှာ သူ၏အစီအစဉ်သည် ရလဒ်ပြောင်းပြန် ထွက်ပေါ်ခဲ့သည်။ မိုးကောင်းတပ်များသည် စစ်ကိုင်းမြို့ကို သိမ်းပိုက်ပြီးနောက် နရသူ၏ သစ္စာဖောက်မှုအတွက် ၎င်းတို့၏ရန်လိုမှုကို ပင်းယသို့ လှည့်ခဲ့သည်။ ထို့နောက် ရှမ်းတပ်များသည် မြစ်ကိုဖြတ်ကျော်ပြီး ပင်းယမြို့ကို သိမ်းပိုက်ကာ နရသူကို အကျဉ်းသားအဖြစ် မိုးကောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် "မောပါမင်း" ဟု တွင်သည်။ ရှမ်းတို့သည် ဗမာပြည်အလယ်ပိုင်းကို အမြဲတမ်းအုပ်ချုပ်ရန် မသိမ်းပိုက်ခဲ့သော်လည်း ဤကျူးကျော်မှုများသည် ဗမာနိုင်ငံအလယ်ပိုင်းကို အစုတ်စုတ်အပြတ်ပြတ် ဖြစ်စေခဲ့သည်။ နရသူ၏နောက်တွင် ဥဇနာပြောင် သည် ပင်းယထီးနန်းကို ဆက်ခံခဲ့သော်လည်း ၃ လသာ ကြာမြင့်ခဲ့ပြီး အင်းဝပေါ်ထွန်းလာမှုနှင့်အတူ ပင်းယမင်းနေပြည်တော်ကြီး ပြီးဆုံးသွားခဲ့သည်။
မြင်စိုင်းမင်းဆက် (၁၂၉၈–၁၃၁၃)
[ပြင်ဆင်ရန်]- အသင်္ခယာ (၁၂၉၈–၁၃၁၀)
- ရာဇသင်္ကြန် (၁၂၉၈–၁၃၀၅)
- တစ်စီးရှင် သီဟသူ (၁၂၉၈–၁၃၁၃)
ပင်းယမင်းဆက် (၁၃၁၃–၁၃၆၄)
[ပြင်ဆင်ရန်]- (၁) တစ်စီးရှင် သီဟသူ (၁၃၁၃–၁၃၂၅)
- (၂) ဥဇနာ (ပင်းယ) (၁၃၂၅–၁၃၄၀)
- (၃) ငါးစီးရှင် ကျော်စွာ (၁၃၄၄–၁၃၅၀)
- (၄) ကျော်စွာငယ် (၁၃၅၀–၁၃၅၉)
- (၅) နရသူ (မောပါမင်း) (၁၃၅၉–၁၃၆၄)
- (၆) ဥဇနာပြောင် (ဇွန် – စက်တင်ဘာ ၁၃၆၄)
