မာတိကာသို့ ခုန်သွားရန်

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်

ဝီကီပီးဒီးယား မှ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရှိ
ပြည်နယ်နှင့် တိုင်းဒေသကြီးများ ၏

ဝန်ကြီးချုပ်


တိုင်းဒေသကြီးဝန်ကြီးချုပ်
ပြည်နယ်ဝန်ကြီးချုပ်
ပုံစံကောင်းသောကျက်သရေရှိသော H.E.
အဖွဲ့ဝင်ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
အဆိုပြုသူမြန်မာနိုင်ငံ၏ သမ္မတ
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သက်တမ်း၅ နှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေမြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ဖွဲ့စည်းခြင်း၂၀၁၁

တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးချုပ် သည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့တွင် အမြင့်ဆုံး ဝန်ထမ်း ဖြစ်သည်။ အခြေခံဥပဒေ အခန်း (၅)၊ ပုဒ်မ (၂၄၇) အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်၏ အုပ်ချုပ်ရေး အကြီးအမှူးဖြစ်သည်။[]

ဝန်ကြီးချုပ်တစ်ဦး၏ ရာထူးသက်တမ်းမှာ ပုံမှန်အရ နိုင်ငံတော်သမ္မတ၏ သက်တမ်းအလိုက် (၅)နှစ်ဖြစ်သည်။ ဝန်ကြီးချုပ်နေရာတွင် လစ်လပ်သွားပြီး နောက်ထပ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သူ၏ သက်တမ်းမှာ နိုင်ငံတော်သမ္မတ၏ လက်ကျန်သက်တမ်းအတိုင်းသာဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များမှ အတည်ပြုသည့် ဥပဒေများကို လက်မှတ်ထိုး ထုတ်ပြန်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

၁၉၈၈ခုနှစ် နောက်ပိုင်းတွင် တိုင်းနှင့် ပြည်နယ်များအား တိုင်း (သို့မဟုတ်) ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများမှ အုပ်ချုပ်သည်။ ထိုကောင်စီများ၏ အကြီးအမှူးများမှာ ကောင်စီဥက္ကဋ္ဌဖြစ်ကာ သက်ဆိုင်ရာ တပ်မတော်တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တပ်မတော်မှ အရာရှိများက ဆောင်ရွက်ကြသည်။ ၂၀၀၈အခြေခံဥပဒေကို ပြဋ္ဌာန်းပြီးနောက် တိုင်း (၇)တိုင်းကို တိုင်းဒေသကြီးဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့နောက် ၂၀၁၁ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီများကို ဖျက်သိမ်းခဲ့သည်။[] ၂၀၁၁ခုနှစ် အစောပိုင်းတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်များ ခေါ်ယူကာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်များကို ရွေးချယ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့များ ဖွဲ့စည်း၍ ဝန်ကြီးချုပ်များက အကြီးအမှူးအဖြစ် ဆောင်ရွက်ကာ စတင်အုပ်ချုပ်ခဲ့သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ (၁၄)ဖွဲ့အား တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများအဖြစ် ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးချုပ်များ၏ နေရာတွင် ကောင်စီဥက္ကဋ္ဌများဖြင့် အစားထိုးခဲ့သည်။[] သို့သော် ၂၀၂၁ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းခြင်းနှင့်အတူ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို ပြန်လည်ဖွဲ့စည်းကာ ဝန်ကြီးချုပ် ရာထူးများကိုပါ ပြန်လည်ခန့်အပ်ခဲ့သည်။[]

ခန့်အပ်ခြင်း

[ပြင်ဆင်ရန်]

ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ရာထူးအတွက် အသက် ၃၅ နှစ်အထက် ရှိရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းများနှင့် ပြည့်စုံရမည် ဖြစ်သည်။[]အခြေခံဥပဒေ ပုဒ်မ (၁၂၁) ပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိစေသည့် အချက်များဖြင့် ငြိစွန်းခြင်း မရှိသူဖြစ်ရမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအနက် သင့်လျော်သူများကို ရွေးချယ်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်​တော်သို့ သဘောတူညီချက် တောင်းခံရမည်ဖြစ်သည်။ လွှတ်တော်များသည် သတ်မှတ်ထားသော အရည်အချင်း မပြည့်စုံကြောင်း အထောက်အထား ခိုင်လုံစွာ မပြနိုင်ပါက နိုင်ငံတော်သမ္မတမှတင်သွင်းသောသူအား ငြင်းပယ်ခြင်း မပြုရပေ။ အထောက်အထားခိုင်လုံခဲ့ပါက နိုင်ငံတော်သမ္မတမှ အမည်စာရင်းအသစ်ကို တင်သွင်းရမည်ဖြစ်သည်။

အခွင့်အာဏာ

[ပြင်ဆင်ရန်]

အစိုးရအဖွဲ့ဖွဲ့စည်းခြင်း

[ပြင်ဆင်ရန်]

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်သည် မိမိ၏ အစိုးရအဖွဲ့တွင် ပါဝင်မည့် ပုဂ္ဂိုလ်များကို သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များမှဖြစ်စေ၊ ပြင်ပမှဖြစ်စေ ရွေးချယ်ရမည်ဖြစ်သည်။ ထို့နောက် အမည်စာရင်းအား သက်ဆိုင်ရာလွှတ်တော်သို့ တင်သွင်းရမည်။ ဝန်ကြီးချုပ်မှတင်သွင်းသော အမည်စာရင်းအား အရည်အချင်း မပြည့်စုံကြောင်း အထောက်အထား ခိုင်လုံစွာ မပြနိုင်ပါက လွှတ်တော်သည် ငြင်းပယ်ခြင်း မပြုရပေ။ ထို့နောက် သဘောတူညီချက် ရရှိလာသော အမည်စာရင်းအား နိုင်ငံတော်သမ္မတထံတင်သွင်းကာ ခန့်အပ်စေရမည်ဖြစ်သည်။ ထိုဝန်ကြီးများ တာဝန်ယူမည့် ဝန်ကြီးဌာနများအား နိုင်ငံတော်သမ္မတနှင့် ညှိနှိုင်းရွေးချယ်ရမည်ဖြစ်သည်။

ဝန်ကြီးချုပ်သည် အမည်စာရင်းတင်သွင်းရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ မိမိ၏ဒေသတွင် တိုင်းရင်းသားမဲဆန္ဒနယ်များရှိလျှင် သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများကို မိမိကိုယ်တိုင်ရွေးချယ်နိုင်ခွင့်မရှိပေ။ ထိုဝန်ကြီးနေရာများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲရလဒ်၊ သက်ဆိုင်ရာ ဦးစီးအဖွဲ့များထံမှ အမည်စာရင်း ရယူပြီးမှသာ တင်သွင်းရမည်ဖြစ်သည်။

ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်များဖြစ်​သော တိုင်း​​ဒေသကြီး (သို့မဟုတ်) ပြည်နယ် ဥပ​ဒေချုပ်နှင့် စာရင်းစစ်ချုပ်များအား ခန့်အပ်နိုင်ရန် သက်ဆိုင်ရာ လွှတ်​တော်ကိုယ်စားလှယ်များမှဖြစ်​စေ၊ အ​​ခြေခံဥပ​ဒေနှင့်ညီညွတ်​သော ပြင်ပပုဂ္ဂိုလ်များကိုဖြစ်​စေ အမည်စာရင်းတင်သွင်းရမည်။

အစိုးရအဖွဲ့ရုံး

[ပြင်ဆင်ရန်]

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့်အတူ ရုံးစိုက်လေ့ရှိသည်။ ထိုအစိုးရအဖွဲ့ရုံးများတွင် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တာဝန်ထမ်းဆောင်လေ့ရှိကြသည်။

လက်ရှိဝန်ကြီးချုပ်များ

[ပြင်ဆင်ရန်]
အမှတ်စဉ် အမည် ဒေသ စတင်ရက် နိုင်ငံ​ရေးပါတီ
(၁) ဦးခက်ထိန်နန် ကချင်ပြည်နယ် ၁ ဩဂုတ် ၂၀၂၁ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၂) ဦးအံ့မော် ကယားပြည်နယ် ၁၀ ​ဧပြီ ၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၃) ဦးစောမြင့်ဦး ကရင်ပြည်နယ် ၁ ဩဂုတ် ၂၀၂၁ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၄) ​ဒေါက်တာ ဝုန်ဆွန်းထန် ချင်းပြည်နယ်‌ ၁၉ ဩဂုတ် ၂၀၂၂ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၅) ဦးကိုလေး စစ်ကိုင်းတိုင်းဒေသကြီး ၁၀ ​ဧပြီ ၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၆) ဦးဇော်နိုင်ဦး တနင်္သာရီတိုင်းဒေသကြီး ၁၀ ​ဧပြီ ၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၇) ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး ၁ ဩဂုတ် ၂၀၂၁ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၈) ဦးတင်ကိုကို မကွေးတိုင်းဒေသကြီး ၁၀ ​ဧပြီ ၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၉) ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး ၁ ဖေဖော်ဝါရီ ၂၀၂၃ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၁၀) ဦးအောင်ဝင်းသန်း မွန်ပြည်နယ် ၁၀ ​ဧပြီ ၂၀၂၆ တပ်မတော်
(၁၁) ဦးနိုင်ဦး ရခိုင်ပြည်နယ် ၁၀ ​ဧပြီ ၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၁၂) ဦးအောင်နိုင်သူ ရန်ကုန်တိုင်းဒေသကြီး ၁၀ ​ဧပြီ ၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၁၃) ဦးစိုင်းထိန်စိုး ရှမ်းပြည်နယ် ၁၀ ​ဧပြီ ၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
(၁၄) ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး ၁၀ ​ဧပြီ ၂၀၂၆ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ဝန်ကြီးချုပ်များစာရင်း

[ပြင်ဆင်ရန်]
အရောင်သင်္ကေတ
(နိုင်ငံရေး ပါတီများအတွက်)
  ပြင်ပ (သို့မဟုတ်) နိုင်ငံ​ရေးပါတီအ​နေဖြင့် ခန့်အပ်ထားခြင်းမဟုတ်

ကချင်ပြည်နယ်

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း နိုင်ငံရေးပါတီ သမ္မတ
ဦးလဂျွန်ငန်ဆိုင်း ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဒေါက်တာ ခက်အောင် ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးခက်ထိန်နန် ၁ ဩဂုတ် ၂၀၂၁ လက်ရှိ  နှစ်၊ ၂၈၉ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ကယားပြည်နယ်

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း နိုင်ငံရေးပါတီ သမ္မတ
ဦးခင်မောင်ဦး (ခ) ဦးဘူးရယ် ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

(၂၀၁၅ ထိ)

ဦးသိန်းစိန်
ဦးအယ်လ်ဖောင်းရှို ၃၀ မတ် ၂၀၁၆ ၃ စက်တင်ဘာ ၂၀၂၀  နှစ်၊ ၁၅၇ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးခင်မောင်ဦး (ခ) ဘူးရယ် ၁ ဩဂုတ် ၂၀၂၁ ၃၁ ဇန်နဝါရီ ၂၀၂၂ ၁၈၃ ရက် ဦးမြင့်ဆွေ (ယာယီ)
ဦးဇော်မျိုးတင် [] ၁ ဖေဖော်ဝါရီ ၂၀၂၂ ၃၀ ဒီဇင်ဘာ ၂၀၂၅  နှစ်၊ ၃၃၂ ရက် တပ်မတော်
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးစိန်ဦး ၃၀ ဒီဇင်ဘာ ၂၀၂၅ ၁၀ ဧပြီ ၂၀၂၆ ၁၀၁ ရက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးအံ့မော် ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမင်းအောင်လှိုင်

ကရင်ပြည်နယ်

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း နိုင်ငံရေးပါတီ သမ္မတ
ဦး​ဇော်မင်း ၃၀ မတ် ၂၀၁၁ ၂၅ သြဂုတ် ၂၀၁၅  နှစ်၊ ၁၄၈ ရက် တပ်မတော် ဦးသိန်းစိန်
ဒေါ်နန်းခင်ထွေးမြင့် ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
​ဦးစောမြင့်ဦး ၁ ဩဂုတ် ၂၀၂၁ လက်ရှိ  နှစ်၊ ၂၈၉ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ချင်းပြည်နယ်

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း နိုင်ငံရေးပါတီ သမ္မတ
ဦးဟုန်းငိုင်း ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဦးဆလိုင်းလျန်လွယ် ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးငွန်ဆန်း​အောင် ၁ ဩဂုတ် ၂၀၂၁ ၁၉ ဩဂုတ် ၂၀၂၂  နှစ်၊ ၁၈ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမြင့်ဆွေ (ယာယီ)
ဒေါက်တာ ဝုန်ဆွန်းထန်[] ၁၉ ဩဂုတ် ၂၀၂၂[] လက်ရှိ  နှစ်၊ ၂၇၁ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

စစ်ကိုင်းတိုင်း​ဒေသကြီး

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း နိုင်ငံရေးပါတီ သမ္မတ
ဦးသာအေး ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဒေါက်တာ မြင့်နိုင် ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးမြတ်​ကျော် ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးကိုလေး ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမင်းအောင်လှိုင်

တနင်္သာရီတိုင်း​ဒေသကြီး

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း နိုင်ငံရေးပါတီ သမ္မတ
ဦးခင်ဇော် ၃၀ မတ် ၂၀၁၁ ၆ ဇန်နဝါရီ ၂၀၁၂ ၂၈၂ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဦးမြတ်ကို ၂၇ ဇန်နဝါရီ ၂၀၁၂ ၃၀ မတ် ၂၀၁၆  နှစ်၊ ၆၃ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဒေါက်တာ လဲ့လဲ့မော် ၃၀ မတ် ၂၀၁၆ ၁၁ မတ် ၂၀၁၉  နှစ်၊ ၃၄၆ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးမြင့်မောင် ၂၂ မတ် ၂၀၁၉ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၁၆ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဝင်းမြင့်
ဦးမြတ်​ကို ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးဇော်နိုင်ဦး ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမင်းအောင်လှိုင်

ပဲခူးတိုင်း​ဒေသကြီး

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်​ပေါင်း နိုင်ငံ​ရေးပါတီ သမ္မတ
ဦးဉာဏ်ဝင်း ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဦးဝင်းသိန်း ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးမျိုးဆွေဝင်း ၁ ဩဂုတ် ၂၀၂၁ လက်ရှိ  နှစ်၊ ၂၈၉ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

မ​ကွေးတိုင်း​ဒေသကြီး

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်​ပေါင်း နိုင်ငံ​ရေးပါတီ သမ္မတ
ဦးဘုန်း​​မော်ရွှေ ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဒေါက်တာ ​အောင်မိုးညို ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးတင့်လွင် ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးတင်ကိုကို ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမင်းအောင်လှိုင်

မန္တ​လေးတိုင်း​ဒေသကြီး

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း နိုင်ငံရေးပါတီ သမ္မတ
ဦးရဲမြင့် ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဒေါက်တာ ဇော်မြင့်မောင် ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦး​မောင်ကို ၁ ဩဂုတ် ၂၀၂၁ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃  နှစ်၊ ၁၈၄ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမြင့်ဆွေ (ယာယီ)
ဦးမျိုးအောင် ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃ လက်ရှိ  နှစ်၊ ၁၀၅ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

မွန်ပြည်နယ်

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်​ပေါင်း နိုင်ငံ​ရေးပါတီ သမ္မတ
ဦးအုန်းမြင့် ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဦးမင်းမင်းဦး ၃၀ မတ် ၂၀၁၆ ၂၃ ​ဖေ​ဖော်ဝါရီ ၂၀၁၇ ၃၃၀ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးထင်​ကျော်
ဒေါက်တာ အေးဇံ ၁ မတ် ၂၀၁၇ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၂၉ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦး​ဇော်လင်းထွန်း ၁ ဩဂုတ် ၂၀၂၁ ၁ ဖေဖော်ဝါရီ ၂၀၂၃  နှစ်၊ ၁၈၄ ရက် ဦးမြင့်ဆွေ (ယာယီ)
ဦးအောင်ကြည်သိန်း ၁ ဖေဖော်ဝါရီ ၂၀၂၃ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၆၈ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူး​ကြီး မင်းအောင်လှိုင် (ယာယီ)
ဦးအောင်ဝင်းသန်း ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် တပ်မတော် ဦးမင်းအောင်လှိုင်

ရခိုင်ပြည်နယ်

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်​ပေါင်း နိုင်ငံ​ရေးပါတီ သမ္မတ
ဦးလှ​မောင်တင် ၃၀ မတ် ၂၀၁၁ ၂၀ ဇွန် ၂၀၁၄  နှစ်၊ ၈၂ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဦးမောင်​မောင်အုန်း ၁ ဇူလိုင် ၂၀၁၄ ၂၅ သြဂုတ် ၂၀၁၅  နှစ်၊ ၅၅ ရက် တပ်မတော်
ဦးညီပု ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
​ဒေါက်တာ ​အောင်​ကျော်မင်း ၁ ဩဂုတ် ၂၀၂၁ ၁ ဖေဖော်ဝါရီ ၂၀၂၃  နှစ်၊ ၁၈၄ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမြင့်ဆွေ (ယာယီ)
ဦးထိန်လင်း ၁ ဖေဖော်ဝါရီ ၂၀၂၃ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၆၈ ရက်
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးနိုင်ဦး ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမင်းအောင်လှိုင်

ရန်ကုန်တိုင်း​ဒေသကြီး

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်​ပေါင်း နိုင်ငံ​ရေးပါတီ သမ္မတ
ဦးမြင့်​ဆွေ ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဦးဖြိုးမင်းသိန်း ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးလှစိုး ၁ ဩဂုတ် ၂၀၂၁ ၃၁ ဇန်နဝါရီ ၂၀၂၂ ၁၈၃ ရက် ဦးမြင့်ဆွေ (ယာယီ)
ဦးစိုးသိန်း ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၂ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၆၈ ရက်
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးအောင်နိုင်သူ ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမင်းအောင်လှိုင်

ရှမ်းပြည်နယ်

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်​ပေါင်း နိုင်ငံ​ရေးပါတီ သမ္မတ
ဦးအောင်မြတ် (ခ) စဝ်အောင်မြတ် ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
​ဒေါက်တာ လင်းထွဋ် ၃၀ မတ် ၂၀၁၆ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၃၀၈ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
​ဒေါက်တာ ​ကျော်ထွန်း ၁ ဩဂုတ် ၂၀၂၁ ၁ ဖေဖော်ဝါရီ ၂၀၂၃  နှစ်၊ ၁၈၄ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမြင့်ဆွေ (ယာယီ)
ဦးအောင်ဇော်အေး ၁ ဖေဖော်ဝါရီ ၂၀၂၃ ၃၁ ဇန်နဝါရီ ၂၀၂၄ ၃၆၄ ရက် ဦးမြင့်ဆွေ (ယာယီ)
ဦးအောင်အောင် ၃၁ ဇန်နဝါရီ ၂၀၂၄ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၆၉ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးစိုင်းထိန်စိုး ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမင်းအောင်လှိုင်

ဧရာဝတီတိုင်း​ဒေသကြီး

[ပြင်ဆင်ရန်]
No. အမည် ပုံ စတင်ရက် ပြီးဆုံးရက် ရက်​ပေါင်း နိုင်ငံ​ရေးပါတီ သမ္မတ
ဦးသိန်း​အောင် ၃၀ မတ် ၂၀၁၁ ၃၀ မတ် ၂၀၁၆  နှစ်၊  ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်
ဦးမန်း​ဂျော်နီ ၃၀ မတ် ၂၀၁၆ ၉ ဇန်နဝါရီ ၂၀၁၈  နှစ်၊ ၂၈၅ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးထင်​ကျော်
ဦးလှမိုး​အောင် ၁၈ ဇန်နဝါရီ ၂၀၁၈ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁  နှစ်၊ ၁၄ ရက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ဦးတင်​မောင်ဝင်း ၁ ဩဂုတ် ၂၀၂၁ ၁၀ ဧပြီ ၂၀၂၆  နှစ်၊ ၂၅၂ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
  • ဦးမြင့်ဆွေ (ယာယီ)
  • ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယာယီ)
ဦးအေးကျော် ၁၀ ဧပြီ ၂၀၂၆ လက်ရှိ ၃၇ ရက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးမင်းအောင်လှိုင်

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 Constitution of the Republic of the Union of Myanmar Ministry of Information (2008)။ 9 July 2015 တွင် ပြန်စစ်ပြီး။
  2. "မြန်မာ့အလင်းသတင်းစာ (၃၁.၃.၂၀၁၁)"။
  3. "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း" 5 February 2022 တွင် ပြန်စစ်ပြီး Archived from the original on 5 February 2022။
  4. "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး ကော်မတီကို အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်း"။
  5. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း MWD Webportal (၁ ဖေဖော်ဝါရီ ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ချင်းပြည်နယ်ဝန်ကြီးချုပ်အား တာဝန်မှအနားယူခွင့်ပြု Eleven Media Group (၁၉ ဩဂုတ် ၂၀၂၂)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၅၆ / ၂၀၂၂"။