အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
State seal of Myanmar.svg
Union Minister Kyaw Tin.jpg
ပြည်​ထောင်စုဝန်ကြီး
ဝန်ကြီးဌာန အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်နိုဝင်ဘာ ၂၄၊ ၂၀၁၇; ၂ နှစ် အကြာက (၂၀၁၇-၁၁-24)
ယခင်အဖွဲ့အစည်းအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် ၉၊နိုင်ငံခြားရေးဝန်ကြီးဌာန၊နေပြည်တော်
ဝန်ကြီးများဦးကျော်တင်

အပြည်ပြည်ဆိုင်ရာပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား​ရေးဆိုင်ရာဝန်ကြီးဌာန၂ခုအနက်မှ တစ်ခုဖြစ်သည်။၂၀၁၇ခုနှစ်အတွင်းက နိုင်ငံခြား​ရေးဝန်ကြီးဌာနမှ ခွဲထုတ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် နိုင်ငံတကာရေးရာများတွင်တက်ကြွစွာပါဝင်နေသည့်အားလျော်စွာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ဆောင်ရွက်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ပါ ယူထားရ၍ ၎င်းကိုယ်စား အချို့သော နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ရန်လည်း ရည်ရွယ်သည်။ ထို့အပြင် နိုင်ငံခြားရေးသာမက စီးပွားရေး အမြင်ဖြင့်ပါ ဆောင်ရွက်ရန် ဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဝန်ကြီးဌာနကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန မှဝန်ထမ်းများဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ၌ပင် ဖွဲ့စည်းထားသည်။

ဝန်ကြီးများ[ပြင်ဆင်ရန်]

  1. ဦးကျော်တင် (၂၄.၁၁.၂၀၁၇-ယနေ့ထိ)[၁]

ကိုးကား[ပြင်ဆင်ရန်]