ကုန်းဘောင်ခေတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤဆောင်းပါးသည် မြန်မာ့သမိုင်း
တစိတ်တဒေသဖြစ်သည်။
WikiProject Burma (Myanmar) peacock.svg
ခေတ်ဦးမြန်မာ့သမိုင်း
ပျူမြို့ပြနိုင်ငံများ ( ဘီစီ ၁၀၀ - အေဒီ ၈၄၀)
မွန်တိုင်းပြည်များ (၉ ရာစု - ၁၁ ရာစု၊ ၁၃ရာစု - ၁၆ ရာစု၊ ၁၈ ရာစု)
ပုဂံခေတ် (၈၄၉-၁၂၈၇ ပထမမြန်မာနိုင်ငံတော်)
အင်းဝခေတ် (၁၃၆၄-၁၅၅၅)
ပဲခူး (၁၂၈၇-၁၃၅၉၊ ၁၇၄၇-၁၇၅၇)
မြောက်ဦး (၁၄၃၄-၁၇၈၄)
တောင်ငူ-ဟံသာဝတီခေတ် (၁၄၈၆-၁၇၅၂ ဒုတိယမြန်မာနိုင်ငံတော်)
ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅ တတိယမြန်မာနိုင်ငံတော်)
အင်္ဂလိပ်မြန်မာစစ်ပွဲများ (၁၈၂၄-၁၈၂၆, ၁၈၅၂, ၁၈၈၅)
British Arakan (1824–1852)
British Tenasserim (1824–1852)
British Lower Burma (1852–1886)
British Upper Burma (1885–1886)
ကိုလိုနီခေတ် (၁၈၂၄–၁၉၄၂, ၁၉၄၅-၁၉၄၈)
တို့ဗမာအစည်းအရုံး (၁၈၈၆ နောက်ပိုင်း)
ဒေါက်တာဘမော်
ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်ကိုလိုနီခေတ် (၁၉၄၂-၁၉၄၅)
လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၂)
ဦးနုနှင့် ဦးသန့်
မဆလခေတ် (၁၉၆၂-၁၉၈၉)
ဗိုလ်ချုပ်ကြီးနေဝင်း
ရှစ်လေးလုံးအရေးအခင်း (၁၉၈၈)
ဒေါ်အောင်ဆန်းစုကြည်
နအဖခေတ် (၁၉၈၉–ယခု)
ရွှေဝါရောင်တော်လှန်ရေး (၂၀၀၇)
နာဂစ်မုန်တိုင်း (၂၀၀၈)
[ဤဇယားအားပြင်ဆင်ရန်]
ကုန်းဘောင်ခေတ် မြန်မာနိုင်ငံတော် မြေပုံ(၁၈၂၄)
အမရပူရမြို့တွင်းရှိ နန်းတော်၊ ၁၇၉၅ ခုနှစ်
မြန်မာနိုင်ငံအလံ
မင်းတုန်းမင်း
Konbaung period frieze.jpg

ကုန်းဘောင်ခေတ်သည် မြန်မာတို့၏ နောက်ဆုံးကိုယ်ပိုင်အုပ်ချုပ်ရေးကို ရခဲ့သည့်ခေတ်နှင့် ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရန် အကောင်းဆုံး အခွင့်အရေး ရခဲ့သည့်ခေတ်လည်း ဖြစ်ခဲ့သည်။ အောက်ပြည်အရပ်တွင် မွန်တို့ကို အောင်နိုင်ပြီး ပင်လယ်ထွက်ပေါက်ရရှိခဲ့ခြင်း၊ ရခိုင်ကိုသိမ်းပိုက်ပြီး အနောက်ဖက် မဏိပူရ အထိ အာဏာကြီးခြင်း (ထို့ကြောင့် အိန္ဒိယနှင့် ပိုမိုတိုးတက်သည့် သံတမန်ဆက်ဆံရေး ရနိုင်ရန် အခွင့်အရေးရှိခဲ့သည်။) တို့ကို ကောင်းစွာအသုံးမချနိုင်ခဲ့ဘဲ နန်းတွင်း အရှုပ်တော်ပုံများ၊ အာဏာလုပွဲများ၊ အာဏာသိမ်းပွဲများ အစရှိသည့် ပြဿနာများဖြင့်သာ လုံးပန်းအချိန်ကုန်ခဲ့ရသည့်အတွက် ထူးချွန်သည့် ပညာရှင်များ၊ မင်းညီမင်းသားများ(ကနောင်မင်းသား အပါအဝင်) ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်း လက်ထက်အရောက်တွင် အင်္ဂလိပ်တို့ ကိုလိုနီအတွင်း သိမ်းပိုက်သွပ်သွင်းခံခဲ့ရတော့သည်။

ကုန်းဘောင်ခေတ်တွင် အုပ်ချုပ်မင်းပြုခဲ့သော မင်းဆက်မှာ ၁၁-ဆက်ရှိသည်။

  1. အလောင်းမင်းတရား (သို့) ဦးအောင်ဇေယျ (၁၇၅၂ - ၁၇၆၀)
  2. နောင်တော်ကြီးမင်း (သို့) ဒီပဲယင်းမင်း (၁၇၆ဝ - ၁၇၆၃)
  3. မြေဒူးမင်း (သို့) ဆင်ဖြူရှင်‌မင်း (၁၇၆၃ - ၁၇၇၇)
  4. စဉ့်ကူးမင်း
  5. ဖောင်းကားစား မောင်မောင်
  6. ဘိုးတော်ဘုရား (သို့) ဗဒုံမင်း
  7. ဘကြီးတော်(စစ်ကိုင်းမင်း)‌ (၁၈၁၉-၁၈၃၇)
  8. သာယာဝတီမင်း
  9. ပုဂံမင်း
  10. မင်းတုန်းမင်း
  11. သီပေါမင်း (၁၈၇၈-၁၈၈၅)

အတိုကောက်အားဖြင့် - လောင်း ၊ နောင် ၊ ဆင် ၊ စဉ့် ၊ မောင် ၊ ဘိုး ၊ ဘ ၊ သာ ၊ ပု ၊ မင်း ၊ သီ။

ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်းလက်ထက်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်နဝါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။

နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး[ပြင်​ဆင်​ရန်​]

ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး ခရီး မည်မျှ ပေါက်ရောက် ခဲ့သည်ကို ဆန်းစစ်လျှင် ထိုခေတ် ရောင်းဝယ်ရေး အခြေအနေကို နားလည်နိုင်စရာ အကြောင်း ရှိလေသည်။ ၁၇၈၃ ခုနှစ်တွင် ရန်ကုန်သို့ ရောက်လာသော အင်္ဂလိပ် လူမျိုး တဦးက ကုန်းဘောင်ခေတ် ကူးသန်း ရောင်းဝယ်ရေးသည် ကျယ်ပြန့် ရှုပ်ထွေးခြင်း မရှိဟု မှတ်ချက် ချခဲ့သည်။ ဤဒေသတွင် အရင်းငွေ အနည်းငယ်မျှဖြင့်ပင် အရောင်းအဝယ် ပြုပါက အမြတ်အစွန်း များများရရန် လွယ်ကူသည်ဟု သူ ဧကန် သိနေဟန် တူသောကြောင့် ဖြစ်လေသည်။

ထိုခေတ်က ပြောကြ ဆိုကြသည်မှာ မည်သူမဆို အိန္ဒိယရှိ ကိုရိုမန်ဒယ် ကမ်းခြေ၌ ရွက်သင်္ဘောငယ် တစင်းကို ဝယ်ယူနိုင်သည့် အခြေရှိလျှင် ထိုသင်္ဘော၌ ဆေးရွက် အနည်းငယ်၊ ချည်ထည်နှင့် အိမ်သုံး သံထည် အချို့ကို နဂဘာရီကျွန်းသို့ တင်ဆောင် သွားနိုင်သည်။ ထို့နောက် ထိုကုန်များကို နဂဘာရီ အုန်းသီးများနှင့် လဲလှယ်၍ သင်္ဘော အပြည့်တင်ကာ ပဲခူးသို့ ယူလာနိုင်သည်။ ထိုနောက် ပဲခူးဒေသ (ရန်ကုန်ကို ဆိုလိုသည်) တွင် ကျွန်းသစ်များနှင့် တဖန် လဲလှယ်၍ ထို ကျွန်းသစ်တို့ကို ကိုရိုမန်ဒယ် ကမ်းခြေ၌ ဖြစ်စေ၊ ဘင်္ဂလား၌ ဖြစ်စေ ရောင်းချပါက၊ အမြတ်အစွန်း ကြီးစွာ ရနိုင်သည်ဟု အပြောအဆို ရှိခဲ့လေသည်။

မြန်မာ့ဒေါင်းအလံ(၁၈၆၈ ခုနှစ်)

ကျွန်းသစ်သည် စင်စစ်အားဖြင့် နိုင်ငံခြားသား ကုန်သည်များ လွန်စွာ တပ်မက် လိုလားကြသော ကုန်ပစ္စည်းပင် ဖြစ်လေသည်။ အများအားဖြင့် ကျွန်းသစ်ကို နိုင်ငံခြားသို့ ရောင်းချရာ၌ သင်္ဘော ဆောက်လုပ်ရန် အတွက် ရည်ရွယ်သည် ဖြစ်ရာ ကျွန်းသစ်များကို တဆင့် တင်ပို့ နေခြင်းဖြင့် စရိတ်စက ကုန်ကျခြင်းကို သက်သာရာ ရစေရန် ကျွန်းသစ်ထွက်သည့် နေရာ ဌာန၌ပင် သင်္ဘောများ ဆောက်လုပ်ရန် ကြိုးစားကြမည်မှာ မလွဲပေ။ ကျွန်းသစ်ကို လိုရာသို့ တင်ပို့၍ သင်္ဘော ဆောက်လုပ်သည့် စရိတ်နှင့် မြန်မာ့ ပင်လယ် ကမ်းခြေ၌ပင် သင်္ဘော ဆောက်လုပ်သည့် စရိတ်ကို ယှဉ်ကြည့်လျှင် မြန်မာ့ ကမ်းခြေ၌ ဆောက်လုပ်၍ ကုန်ကျသည့် စရိတ်က လွန်စွာ သက်သာနေသည့် အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများကို ဆွဲဆောင် နေသကဲ့သို့ ဖြစ်သည်။

ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော တစင်း ဆောက်လုပ်၍ အစုံအလင် တပ်ဆင်ပြီးနောက် ရေချရန် အသင့်ရှိသော အခါ သင်္ဘော တစင်း၏ ကုန်ကျစရိတ်သည် တတန်လျှင် စတာလင်ပေါင် ၁၂ မှ ၁၃ အထိသာ ဖြစ်လေသည်။ ကလကတ္တားတွင် ဆောက်လုပ်လျှင် သင်္ဘောတစင်း၏ ကုန်ကျငွေသည် တတန်လျှင် ပေါင် ၁၆ မှ ၁၇ ဖြစ်၍၊ ဘုံဘေတွင် ပေါင် ၁၉ မှ ၂ဝ အထိ ကုန်ကျသည်။ မြန်မာ ဆိပ်ကမ်းတွင် သင်္ဘော ဆောက်လုပ်ရာ၌ အခက်အခဲများ ရှိသည်။ ထို အခက်အခဲများမှာ ပထမတွင် ရန်ကုန်၌ ကျွမ်းကျင်စွာ ကြီးကြပ်မည့်သူ လိုခြင်း ဖြစ်သည်။ ဒုတိယတွင် မြန်မာ့ ကမ်းခြေသို့ ရောက်လာသော ကုန်သည်များနှင့် သင်္ဘောများကို လွတ်လပ်စွာ ဆိုက်ကပ်ခွင့် ပေးသည်ဟု မြန်မာဘုရင်က အမိန့် ထုတ်ပြန် ထားသည်ဟု ဆိုသော်လည်း၊ ရန်ကုန်ရှိ မြန်မာ မင်းမှုထမ်းတို့က ကောက်ခံ စည်းကြပ်သော အခွန်ငွေသည် များပြားခြင်း ဖြစ်လေသည်။

ရန်ကုန် ဆိပ်ကမ်းတွင် သင်္ဘော ကျောက်ချ ပြီးသည်နှင့် တပြိုင်နက် သင်္ဘော၌ ပါသော သင်္ဘောသားဦးရေ၊ ပစ်ခတ် ကာကွယ်ရန် ယူဆောင်လာသည့် လက်နက်များ၊ ကုန်ထုပ်များ မည်မျှ ပါကြောင်း အစီရင် ခံရသည်။ သင်္ဘောပါ ပစ္စည်းများကို စစ်ဆေးပြီးသော အခါ၌ အားလုံးကို ကုန်လှောင်ရုံ အတွင်းသို့ ပို့ဆောင်ရသည်။ ထိုကိစ္စများ ပြီးစီးသော အခါ ဝတ္တရား အရ မြို့ဝန် ဖြစ်သူက သင်္ဘောပေါ်သို့ တက်ရောက် စစ်ဆေးသည်။ မြို့ဝန် ကြွရောက် ကြည့်ရှု ပြီးသည့်နောက် ပေးဆပ်နေကြ လက်ဆောင် ပစ္စည်းများ ဖြစ်သည့် ကြွေပန်းကန်များ၊ သကြားနှင့် လဘက်ခြောက် သေတ္တာများကို ပေးအပ်ရသည်။

ထိုနောက်မှ ရောင်းဝယ်ရေးကို စတင် လေတော့သည်။ ကုန်များကို ရောင်းဝယ်ခြင်း မပြုသေးမီ စစ်ဆေး ကြည့်ရှု၍ အခွန်တော် ကောက်ရန် ကုန်ထုတ်များကို ဖွင့်လှစ်၍ ပြရသည်။ ဘုရင်မင်းမြတ် အတွက် ၁ဝ ရာခိုင်နှုန်း ကောက်ခံ၍ စာရေးများ၊ ကုန်ရုံစောင့်များ နှင့် တံဆိပ်တော် ခပ်နှိပ်သူတို့က ၂.၅ ရာခိုင်နှုန်း အစု ခွဲယူကြသည်။ မင်းတုန်းမင်း လက်ထက် မတိုင်မီကသော် အရာရှိ အရာခံများအား လစာ မှန်မှန်ပေးသော စနစ် မရှိခဲ့သဖြင့် မြန်မာ ဆိပ်ကမ်း အရာရှိ အချို့တို့သည် ပစ္စည်း အမျိုးမျိုးကို တံစိုး လက်ဆောင် အဖြစ်ဖြင့် ယူလို ကြသည်မှာ သဘာဝပင် ဖြစ်လေသည်။

တစ်ဦး၏ ထုံးတမ်းစဉ်လာများကို တစ်ဦးက နားလည်မှု နည်းပါးသောကြောင့် ပေါ်ပေါက်ခဲ့သော အထင်လွဲမှုများမှ အပ၊ နိုင်ငံခြား ကုန်သည်များ အဖို့ ကျေနပ်လောက်ဖွယ် ရှိလေသည်။ မကြာခဏ အခက်အခဲ ပေါ်ပေါက်တတ်ခြင်းမှာ အတွေ့အကြုံ နဲသော မာလိန်မှူးနှင့် ကုန်သည်တို့သည် သင်္ဘောဆိပ် လူလိမ် လူကောက်တို့နှင့် ဆက်သွယ်၍ မိမိတို့ ကုန်ကို ရောင်းချရာ၌ ဖြစ်လေသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် လုံးဝ အားကိုး အားထား ပြုနေရသော ဆန်သည် ကုန်းဘောင်ခေတ်တွင် လွန်စွာ ဈေးပေါသည့် ကုန်ဖြစ်လေသည်။

ဘိုးတော်ဘုရား ပုံတူ ပန်းချီကား-၁၇၉၅ ခုနှစ်( မိုက်ကယ် စီမိစ်၏ ဗြိတိသျှသံရုံး)

ယခုခေတ်တွင် ဆန်ဈေးသည် တတန်လျှင် ကျပ် ၆ဝဝ ရှိ၍ ထိုခေတ် အခါကသော် တတန်လျှင် ၁၄ ကျပ်သာ ရှိလေသည်။ သို့ရာတွင် ထိုခေတ်ကသော် ဆန်ကို ပြည်တွင်းသုံး အဖြစ်ဖြင့်သာ အဓိက စိုက်ပျိုးစေ၍ နိုင်ငံခြားသို့ တင်ပို့ရန် တားမြစ် ထားလေသည်။ ကျွန်းသစ် အပြင် ရန်ကုန်မှ တင်ပို့သော ကုန်းဘောင်ခေတ်ထွက် ကုန်များသည် ရေနံချောင်းမှ ထွက်သော ရေနံချေး ဖြစ်၍ တတန်လျှင် ၃ဝ ကျပ်ခန့် ပေးရသည်။ ရှားစေးကို တနှစ်လျှင် ပိဿာ ၄ဝဝ,ဝဝဝ မက တင်ပို့ ရလေသည်။ ထိုနောက် ဖာလာစေ့ကိုလည်း တင်ပို့ ရောင်းချ၍ တခါတရံ ဆင်စွယ်နှင့် ငွေသားများကို ခိုးထုတ်လေ့ ရှိသည်။ ငမန်းတောင်၊ ငှက်သို့က်၊ ချိပ်၊ ထန်းလျက်၊ ခဲ၊ သံဖြူ၊ ပယင်း၊ မဲနယ်၊ ပုရပိုက်၊ စက္ကူနက်နှင့် ထီးများကိုလည်း ရောင်းချလေသည်။

မြန်မာနိုင်ငံထွက် အဖိုးတန် ကျောက်မျက် ရတနာများကို နိုင်ငံခြားသား ကုန်သည်များက အထူးသဖြင့် တပ်မက် ကြလေသည်။ ပတ္တမြားနှင့် ကျောက်စိမ်းကို လွန်စွာ လိုလားကြ သော်လည်း ဘုရင်က ကူးသန်း ရောင်းဝယ်ခြင်း မပြုရဟု တားမြစ်ထားသည်။ နိုင်ငံခြားသား ကုန်သည်များ အထူးသဖြင့် အင်္ဂလိပ် လူမျိုးများ လိုလားသော အခြား ထွက်ကုန်သည် ဝါဂွမ်း ဖြစ်လေသည်။ ဗြိတိန်နိုင်ငံရှိ လန်ကက်ရှားယား ဒေသတွင် ထူထောင် ဖွင့်လှစ်ထားသော ချည်စက်ရုံကြီးများ ကလည်း မြန်မာ့ ဝါဂွမ်းကို လွန်စွာ လိုလားကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းတွင်သာ ဝါဂွမ်းထွက်၍ တရုတ်တို့က ထွက်သမျှသော ဝါဂွမ်းကို ဝယ်ယူ ကြလေသည်။ အပြန်အလှန် အားဖြင့် မြန်မာနိုင်ငံက ပိုးရိုင်း၊ ပိုးထည်၊ ကတ္တီပါ၊ ရွှေခြည်ထိုး အထည်များ၊ ရွှေခြည်၊ ရွှေဆိုင်း၊ ကော်ဇော၊ ဆေး၊ ကြေးနီ၊ ရောင်စုံစက္ကူ၊ သစ်သီးခြောက်၊ လက်ဖက်ရည်အိုး၊ သံထည်နှင့် ကစားစရာ အရုပ်များကို တရုတ်တို့ထံမှ ဝယ်ယူ ကြလေသည်။

ပြင်သစ် မြန်မာ ဆက်ဆံရေး[ပြင်​ဆင်​ရန်​]

သီပေါမင်းက မစ်ရှင် အဖွဲ့ စေလွှတ်သော ကာလသည် အမေရိကန်နှင့် ဥရောပ နိုင်ငံကြီးများမှ တပါး ကျန်ရှိသော နိုင်ငံ မှန်သမျှကို ဥရောပ တိုက်သားတို့၏ နယ်ချဲ့ စားကျက် ဒေသ ဟူ၍ ယုံကြည် ယူဆနေသော ဥရောပသားတို့၏ နယ်ချဲ့ ဝါဒ ထွန်းကားနေသော ကာလနှင့် တိုက်ဆိုင် နေလေသည်။ အထူးသဖြင့် ပြင်သစ်တို့သည် နိုင်ငံ ချဲ့ထွင်ရန် လွန်စွာ စိတ်ထက်သန်လျက် ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် ဥရောပတွင် တတိယမြောက် နပိုလီယံ၏ ဆောင်ရွက်ချက်များသည် အောင်မြင်မှု မရှိခဲ့သည့် အတွက် အာရှဘက်သို့ လှည့်၍ အာရှ နိုင်ငံများကို သိမ်းပိုက် နယ်ချဲ့ခြင်းဖြင့် ပြင်သစ်တို့၏ အသရေကို ပြန်လည် ဆယ်တင် နိုင်လိမ့်မည်ဟု ယူဆကောင်း ယူဆသောကြောင့် ဖြစ်ပေလိမ့်မည်။ ထိုအခါကသော် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဂျူလဖေရီ၏ နယ်ချဲ့ လမ်းစဉ် အရ ပြင်သစ်တို့သည် အင်ဒိုချိုင်းနား အရေးတွင် စွက်ဖက်ခဲ့ပြီး ဖြစ်လေရာ မြန်မာနိုင်ငံတွင် စွက်ဖက်နိုင်ခွင့် ရလာလျှင် လက်လွှတ်ခံမည် မဟုတ်သည်မှာ သဘာဝ ကျလှသည်။

ပြင်သစ်နှင့် မြန်မာ ဆက်ဆံမှု လွန်စွာ ရင်းနှီးလာလျှင် အရေးအခင်းများ ပိုမို ရှုပ်ထွေး လာမည်ကို ဗြိတိသျှတို့က ကောင်းစွာ သိမြင်ပြီး ဖြစ်လေသည်။ ထို့ကြောင့် မူလ ကထဲက အထက်အောက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဗြိတိသျှတို့တွင် အထူး အခွင့်အရေးများ ရှိကြောင်းကို ဥရောပ နိုင်ငံကြီးများအား သတိ ပေးထားခဲ့သည်။ သဘောမှာ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို လက်ဝါးကြီး အုပ်ရန် ဆုံးဖြတ်ပြီး ဖြစ်လေသည်။ မြန်မာနိုင်ငံသည်လည်း ဗြိတိသျှ အင်ပါယာတွင်းသို့ ကျရောက်ရန် နီးကပ်လျက် ရှိနေပေပြီ။ ပြင်သစ်တို့သည် ဗြိတိသျှတို့ကို အတိအလင်း ဆန့်ကျင်ခြင်း မပြုနိုင်ချေ။ ဖေရီသည် မြန်မာ မစ်ရှင် အဖွဲ့၏ လိုလားချက်နှင့် မည်ရွေ့ မည်မျှအထိ ပြင်သစ်က ဝင်ရောက် စွက်ဖက်နိုင်သည် ဟူသော အချက်တို့ကို လျှို့ဝှက် ထားလေသည်။ ဗြိတိသျှတို့က အဖန်တလဲလဲ အတင်းအကြပ် မေးမြန်းသည့် အခါကျမှ ဖေရီသည် မြန်မာတို့က ပြင်သစ်နှင့် စာချုပ် ချုပ်ဆိုရန် လိုလားကြောင်းကို ဖွင့်ဟ ဝန်ခံခြင်း ပြုလေသည်။ ၁၈၈၅ ခုနှစ်ဦး၌ ဖေရီသည် ဗြိတိသျှ သံအမတ်အား ပြင်သစ် မြန်မာ စာချုပ် အကယ်ပင် ချုပ်ဆိုပြီးခဲ့ကြောင်း၊ စာချုပ်သည် ကူးသန်း ရောင်းဝယ်ရေး စာချုပ် သက်သက်မျှသာ ဖြစ်၍ နိုင်ငံရေး၊ စစ်ရေး၊ လုံးဝ မပါကြောင်း ပြောဆိုသည်။ သို့ရာတွင် ထိုစာချုပ်နှင့် အတူ မြန်မာတို့ထံသို့ လျှို့ဝှက် သဝဏ်လွှာ တစောင် ပါးလိုက်သည်။ ထိုစာ၌ အကယ်၍ အင်ဒိုချိုင်းနားရှိ ပြင်သစ် စစ်အရာရှိများကို ဖြစ်နိုင်မည်ဟု ယူဆလျှင် မြန်မာတို့ထံသို့ တုံကင်းနယ် မှတဆင့် လက်နက် ခဲယမ်း မီးကျောက်များ သွင်း၍ ပေးမည်ဖြစ်ကြောင်း ပါလေသည်။

မြန်မာ ထီးနန်းသည် ပြင်သစ်တို့၏ မရောရာလှသော ကတိ စကားကို အားကိုး အားထားကြီး ပြုမိလေသည်။ ပြင်သစ်တို့သည် ထိုအချိန်က မြန်မာနိုင်ငံတွင်းသို့ ခဲယမ်းမီးကျောက် သွင်းပေးရန် အကယ်ပင် ရည်ရွယ်ကောင်း ရည်ရွယ် ခဲ့လိမ့်မည်။ သို့ရာတွင် တကြိမ်တခါမျှ မသွင်းဖြစ်ခဲ့ချေ။ ပြင်သစ် မြန်မာ စာချုပ် ချုပ်ဆိုပြီးသည်နှင့် တပြိုင်နက် ပြင်သစ်တို့၏ ကူညီမှုသည် အားကိုးလောက်ဖွယ် မရှိကြောင်း သိရတော့သည်။ ပြင်သစ်တို့ လက်နက် အားကိုးဖြင့် နယ်ချဲ့မှုသည် ပြင်သစ်နိုင်ငံ ဘဏ္ဍာရေး အရ စရိတ် ကြီးလွန်း၍ နိုင်ငံရေး အရလည်း မတတ်နိုင်သောကြောင့် ပြင်သစ်တွင် မတ်လ၌ ဖေရီသည် ရာထူးမှ လျှောကျ လေတော့သည်။ ထိုအချိန်၌ပင် ဗြိတိသျှပိုင် ဘုံဘေ ဘားမား ကုမ္ပဏီကို မြန်မာ အစိုးရက သစ်ခိုး ထုတ်သည်ဟု စွပ်စွဲ၍ ၁၈၈၅ ခုနှစ်၊ ဩဂုတ်လဆန်း၌ ကုမ္ပဏီကို သစ်ဖိုး စတာလင်ပေါင် ၁၄၆,၆၆၆ နှင့် မြန်မာ သစ်တော အရာရှိများအား လျော်ကြေးငွေ စတင်လင်ပေါင် ၃၃,ဝဝဝ ပေးဆပ်ရမည်ဟု ဒဏ်တပ်လိုက်သည်။ ဗြိတိသျှတို့သည် ဖေရီနှင့် မြန်မာတို့၏ လျှို့ဝှက် အစီအစဉ်ကို သိပြီး ခဲ့ပေပြီ။ မန္ဈလေးရှိ ပြင်သစ် ကောင်စစ်ဝန် ဟတ်စ်၏ ဇနီး အင်္ဂလိပ် ကပြား ဖြစ်သူသည် လျှို့ဝှက်စာ၏ မိတ္ထူကို ခိုးကာ ဗြိတိသျှ အာဏာပိုင်သို့ ပေးအပ် လိုက်လေသည်။ ဤ မိတ္ထူစာကို လက်တွင်း ရလျှင်ပင် ဗြိတိသျှ နိုင်ငံခြားရေးရုံးသည် ပြင်သစ်တို့ကို အဖန်တလဲလဲ ခြိမ်းခြောက် လေတော့သည်။ ပြင်သစ်တို့သည် အခိုက်အတန့် အားဖြင့် မြန်မာနိုင်ငံတွင် ဆက်လက် နေကြသော်လည်း ကြာရှည် ခံနိုင်ရည် မရှိသောကြောင့် မြန်မာတို့က ပြင်သစ် အကူအညီကို လွန်စွာ လိုလားနေသည့် အချိန်၌ပင် မြန်မာနိုင်ငံမှ ထွက်ခွာ သွားရ လေတော့သည်။

အင်္ဂလိပ်တို့ ဆက်ဆံမှု တင်းမာလာခြင်း[ပြင်​ဆင်​ရန်​]

တင်းမာချင်သော ဆန္ဒရှိသည့် ဗြိတိသျှ တို့သည် ၁၈၇၆ ခုနှစ်၌ မန္တလေး ကိုယ်စားလှယ် ရှော ကွယ်လွန်သော အခါ ပိုမို၍ ခက်ထန်လာသည်။ ရှော၏ နေရာတွင် ကိုယ်စားလှယ်သစ် ခန့်အပ်ခြင်း မပြုတော့ချေ။ မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ်ကို မြန်မာတို့က လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်ကြသည် ဟူသော သတင်းကို ဗြိတိသျှပိုင် အောက်မြန်မာ နိုင်ငံ၌ ပျံ့နှံ့အောင် လွှင့်ကြလေသည်။ စင်စစ်မှာ မြန်မာတို့သည် မိမိ လည်ပင်းကို မိမိ ကြိုးတပ်သည့် အမှားမျိုးကို ကျူးလွန်ရန် အိမ်မက်မျှပင် မက်ရဲကြမည် မဟုတ်ချေ။ ထိုအချိန်၌ မန္တလေးသို့ ဗြိတိသျှ ကုန်သည်များ ရောက်လာကြသော အခါ မြန်မာမင်း ကိုယ်တိုင်ပင် ကြည်ဖြူ လေးစားစွာ လက်ခံကြသည်ကို ထောက်ထားခြင်း အားဖြင့် သိနိုင်သည်။ သို့ရာတွင် ဗြိတိသျှတို့သည် မြန်မာတို့နှင့် ဆက်ဆံရန် မဖြစ်တော့ ဟူသော ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သဖြင့် မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ် သံရုံး အရာရှိ အားလုံးကို ရွှေ့ပြောင်းရန် အမိန့် ထုတ်လိုက်လေသည်။ အောက်တိုဘာလ ရ ရက်နေ့တွင် သံရုံး အရာရှိ အားလုံးတို့သည် မန္တလေးမှ ထွက်ခွာ ကြလေသည်။ ထိုအခါမှ စ၍ ဗြိတိသျှ မြန်မာ နှစ်ဦး နှစ်ဖက် ပြေလည်စွာ ဆက်ဆံရေး အတွက် စည်းကမ်း နည်းလမ်း အတိုင်း ဆောင်ရွက်ရန်မှာ မဖြစ်နိုင်တော့ချေ။

မြန်မာ့ တရားရေးရာ မင်းမှုထမ်းများ

ဥရောပသို့ မစ်ရှင် အဖွဲ့စေလွှတ်ခြင်း[ပြင်​ဆင်​ရန်​]

မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည် ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌ လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္တလေး အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္တလေး အစိုးရသည် ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့် မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည်။ ထိုသို့ ပြည်တွင်းရေး မငြိမ်မသက် ဖြစ်နေခြင်းသည် ဗြိတိသျှတို့၏ ခြေလှမ်းကို ရှေ့သို့ တလှမ်း တိုးစေရန် ဖန်တီးပေး သကဲ့သို့ ဖြစ်လေသည်။ အခြေအနေ တနေ့တခြား ဆိုးဝါးလာသည့် အတွက် မန္တလေး နန်းတော်သည် အကာအကွယ် အလို့ငှါ ကမ္ဘာ့ နိုင်ငံကြီးများ၏ အသိအမှတ် ပြုခြင်းကို ရယူရန် ကြိုးစား လာကြ ရလေသည်။ ၁၈၈၃ ခုနှစ်တွင် ဥရောပတိုက်သို့ တကြိမ် ထပ်မံ၍ ချစ်ကြည်ရေး မစ်ရှင် အဖွဲ့ စေလွှတ်ပြန်သည်။ [၁] [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://www.irrawaddymedia.com/article.php?art_id=1967
  2. http://uk.reuters.com/article/idUKBKK8341620080310