မာတိကာသို့ ခုန်သွားရန်

မြန်မာ-အစ္စရေး ဆက်ဆံရေး

ဝီကီပီးဒီးယား မှ
(မြန်မာ–အစ္စရေး ဆက်ဆံရေး မှ ပြန်ညွှန်းထားသည်)
Israel–Myanmar ဆက်ဆံရေး
Israel နှင့် Myanmar
 တို့၏ တည်နေရာများပြ မြေပုံ

အစ္စရေး

မြန်မာ
မြန်မာနိုင်ငံ၏ပထမဦးဆုံးဝန်ကြီးချုပ်ဦးနု အစ္စရေးနိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်စဉ်(၁၉၅၅)
အစ္စရေးနိုင်ငံ၏ပထမဦးဆုံးဝန်ကြီးချုပ်ဒေးဗစ်ဘင်ဂူရီယန် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်စဉ်(၁၉၆၁)

မြန်မာ-အစ္စရေး ဆက်ဆံရေး သည် မြန်မာနိုင်ငံ နှင့် အစ္စရေးနိုင်ငံ တို့အကြား နှစ်နိုင်ငံဆက်ဆံရေး ဖြစ်သည်။ နှစ်နိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံမှုအား ၁၉၅၃ ခုနှစ် ဇူလိုင်လ ၁၃ရက် နေ့တွင် ထူထောင်ခဲ့ကြသည်။[] အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ တွင် မြန်မာသံရုံး[] ရှိပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အစ္စရေးသံရုံး[] ရှိသည်။နှစ်နိုင်ငံစလုံးက သံအမတ်ကြီးအဆင့်ဖြင့် သံတမန်ပြုကြသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ နှင့် အစ္စရေးနိုင်ငံ တို့သည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ကြရာ လွတ်လပ်သောနိုင်ငံဖြစ်သည့် နှစ်ချင်းတူကြသည်။ ထိုကာလမှာပင် မြန်မာနိုင်ငံက အစ္စရေးနိုင်ငံ ၏ လွတ်လပ်သောနိုင်ငံဖြစ်မှု အပေါ် အသိအမှတ်ပြုသည့် အရှေ့တောင်အာရှ ၏ ပထမဦးဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထူထောင်ကြသည်။သံအဆက်အသွယ်ပြုပြီး ၂နှစ်အကြာ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ၏ ဝန်ကြီးချုပ် ဦးနုသည် လွတ်လပ်သော အစ္စရေးနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်သည့် ပထမဆုံးနိုင်ငံခြားဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ ထို့အပြင် အစ္စရေးနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဖြစ်သည့် ဒေးဗစ်ဘင်ဂူရီယန် သည်လည်း ၁၉၆၁ ခုနှစ်တွင် အစ္စရေးဝန်ကြီးချုပ်သမိုင်းတစ်လျှောက် အရှည်ကြာဆုံးနိုင်ငံရပ်ခြားသို့ တရားဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ နှစ်ပတ်ကြာ လည်ပတ်ခဲ့သူ အဖြစ် သမိုင်းဝင်ခဲ့သည်။

ချစ်ကြည်ရင်းနှီးမှု

[ပြင်ဆင်ရန်]

အစ္စရေး နှင့် မြန်မာတို့သည် စိုက်ပျိုးရေး၊ ကျန်းမာရေး၊စစ်ရေး၊ ပညာရေးနှင့် စီးပွားရေးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများစွာကို ဆောင်ရွက်ခဲ့ကြသည်။[] ၁၉၉၄ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံမှ ကျောင်းသားထောင်ပေါင်းများစွာသည် အစ္စရေးနိုင်ငံ၌ သင်ကြားရေးနှင့် ပညာသင်ဆုများ ကိုလည်း ရရှိခဲ့ကြသည်။

သံတမန်ဆက်သွယ်မှု

[ပြင်ဆင်ရန်]

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ပြီးချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် ၂၀ ဦး ကျော် နှင့် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ၂၀ ဦး အထိ ရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. List of Countries having Diplomatic Relations with the Republic of the Union of Myanmar Ministry of Foreign Affairs,Myanmar 21 May 2024 တွင် ပြန်စစ်ပြီး။
  2. The Embassy of The Republic of The Union of Myanmar, Tel Aviv EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, TEL AVIV 21 May 2024 တွင် ပြန်စစ်ပြီး။
  3. THE EMBASSY Embassay of Israel,Yangon 21 May 2024 တွင် ပြန်စစ်ပြီး။
  4. အစ္စရေး သို့မဟုတ် ဒီနေ့ခေတ် မြန်မာစစ်တပ်ဖြစ်လာဖို့ အဓိက ဗိသုကာ BBC Burmese (၁၀ အောက်တိုဘာ ၂၀၂၂)။ ၂၁ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။