ဒီမိုကရက်တစ်ပါတီ (မြန်မာ)
| ဒီမိုကရက်တစ်ပါတီ (မြန်မာ) | |
|---|---|
| အင်္ဂလိပ် အမည် | Democratic Party (Myanmar) |
| နာယက | ဒေါ် သန်းသန်းနု [၁] |
| ဒုဥက္ကဋ္ဌ | ဦးရဲထွန်း |
| အတွင်းရေးမှူး | ဒေါ်ချိုချိုကျော်ငြိမ်း |
| တည်ထောင်ခြင်း | ၁၉၈၈ |
| ဖျက်သိမ်းခြင်း | ၂၉ မတ် ၂၀၂၃ |
| ဆက်ခံ | ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ |
| ဌာနချုပ် | ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ |
| နိုင်ငံရေး သဘောတရား | လစ်ဘရယ်ဒီမိုကရေစီ |
| မန္တလေးတိုင်းဒေသကြီး လွှတ်တော် အမတ်နေရာ | ၁ / ၇၆
|
| ဝက်ဘ်ဆိုဒ် | |
| democraticmyanmar.com | |
| မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ | |
ဒီမိုကရက်တစ်ပါတီ (မြန်မာ) (Democratic Party (Myanmar)) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေး သဘောတရားမှာ လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။[၂]ဦး သုဝေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ယခင် ဝန်ကြီးချုပ်ဟောင်းများ၏သမီးများ ဖြစ်ကြသော ဒေါ် သန်းသန်းနု (ဦးနု၏သမီး)၊ ဒေါ်ချိုချိုကျော်ငြိမ်း (ဦးကျော်ငြိမ်း၏ သမီး)၊ ဒေါ်နေရီဗဆွေ(ဦးဗဆွေ၏ သမီး) တို့အပါအဝင် စုစုပေါင်း (၂၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေ ၂၀၂၂ခုနှစ် မေလ ၁၈ရက်တွင် ကွယ်လွန်ပြီးနောက် ပါတီ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါ်သန်းသန်းနု သည် ဒီမိုကရက်တစ်ပါတီ( မြန်မာ) ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
အဆိုပါ ပါတီကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် (၃၀.၃.၂၀၁၀)နေ့တွင် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ (၂၉.၄.၂၀၁၀) နေ့တွင် ပါတီ တည်ထောင်ခွင့် ခွင့်ပြုမိန့် ရရှိခဲ့သည်။ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၆)၊ (၇) ရပ်ကွက်၊ ကွက်သစ်လမ်း တွင် ဒီမိုကရက်တစ်ပါတီဌာနချုပ် တည်ရှိသည်။
ရွေးကောက်ပွဲကော်မရှင်မှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို (၂၀-၅-၂၀၁၀) နေ့မှစပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကို တရားဝင်အတည်ပြုပေးခဲ့သည်။ ပါတီမှတ်ပုံတင်အမှတ်မှာ (၆) ဖြစ်သည်။ [၃]
ပယ်ဖျက်ခြင်း
[ပြင်ဆင်ရန်]ဤပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[၄]
ပါတီနာမည်ပြောင်းလဲခြင်း
[ပြင်ဆင်ရန်]ယခင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)အစား ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဟု အမည်ပြောင်းလဲ၍ မှတ်ပုံတင်ခဲ့ကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီးဒေါ်သန်းသန်းနု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌဖြစ်လာ။ 10 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 August 2022 တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးချုပ်ဟောင်းဦးနု၏ သမီးဒေါ်သန်းသန်းနု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌဖြစ်လာ။ 10 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 August 2022 တွင် ပြန်စစ်ပြီး။
- ↑ ဝင်းတင့်ထွန်း၊ ဗမာပြည်နိုင်ငံရေးပါတီအဖွဲ့အစည်းအသင်းအပင်းများအညွှန်း၊ စာမျက်နှာ (၃၄၇)
- ↑ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ 2025-6-11 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-11 တွင် ပြန်စစ်ပြီး။
- ↑ USDP နှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင် ပြန်တင်။ CNI Myanmar။ 2025-7-25 တွင် ပြန်စစ်ပြီး။