ရန်ကုန်မြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
"ရန်ကုန်" ကို ဤနေရာသို့ ညွှန်းသည်။ အခြား အသုံးအနှုန်းများ အတွက် ရန်ကုန် (သံတူကြောင်းကွဲ) တွင်ရှုပါ။
ရန်ကုန်မြို့
Skyline of ရန်ကုန်မြို့
ရန်ကုန်မြို့၏ အလံတော်
အလံတော်
ရန်ကုန်မြို့၏ တံဆိပ်တုံး
စည်းတံဆိပ်
ရန်ကုန်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရန်ကုန်မြို့
ရန်ကုန်မြို့
ရန်ကုန်မြို့တည်နေရာ
ကိုဩဒိနိတ်: 16°51′N 96°11′E / 16.850°N 96.183°E / 16.850; 96.183ကိုဩဒိနိတ်: 16°51′N 96°11′E / 16.850°N 96.183°E / 16.850; 96.183
နိုင်ငံ  မြန်မာ
ဒေသ အောက်မြန်မာပြည်
တိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး
တည်ထောင် ၆ ရာစု
အစိုးရ
 • အမျိုးအစား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
 • မြို့တော်ဝန် ဦး​မောင်​မောင်စိုး
ဧရိယာ
 • မြို့ပြ ၅၉၈.၇၅ စတုရန်းကီလိုမီတာ (၂၃၁.၁၈ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄ သန်းခေါင်စာရင်း)
 • မြို့ ၇,၃၆၀,၇၀၃[၁]
 • မြို့ပေါ် ၅,၁၆၀,၅၁၂
 • ကျေးလက် ၂,၂၀၀,၁၉၁
 • လူမျိုးများ ဗမာ၊ ကရင်၊ ရခိုင်၊ မွန်၊တိုင်းရင်းသားပေါင်းစုံ
 • ကိုးကွယ်
   ယုံကြည်မှု
ဗုဒ္ဓဘာသာ
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)
ဧရိယာကုဒ်(များ) 01
ဝက်ဘ်ဆိုဒ် ycdc.gov.mm

ရန်ကုန်မြို့ သည် မြန်မာနိုင်ငံ၏ ယခင်က မြို့တော်ဖြစ်ပြီး ရန်ကုန်တိုင်း၏ မြို့တော်လည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်၊ မတ်လမှ စတင်၍ စစ်အစိုးရသည် နေပြည်တော်ကို မြို့တော်ဟု တရားဝင် နေရာပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း၊[၂] လူဦးရေ ၇ သန်းကျော်ရှိသော ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့တော်နှင့် အရေးအကြီးဆုံးသော ကူးသန်းရောင်းဝယ်ရေး အချက်အချာအဖြစ် ဆက်လက် တည်ရှိနေသည်။

ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံသည် အရှေ့တောင်အာရှရှိ အခြားသော အရေးပါသည့် မြို့တော်များနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမရှိပါ။ ယနေ့ခေတ်တွင် ရန်ကုန်မြို့သည် အရှေ့တောင်အာရှတွင် ကိုလိုနီခေတ်မှ အဆောက်အအုံ အများဆုံး ကျန်ရှိသည့်မြို့ ဖြစ်သည်။[၃] လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုလောက်က မြို့လယ်ခေါင်နှင့် ရန်ကုန်မြို့ကြီးအတွင်း မြင့်မားသည့် နေအိမ်တိုက်တာများနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများကို အများအပြား တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း၊ မြို့ကို ပတ်လည်ဝန်းရံနေသည့် တိုးချဲ့မြို့သစ်များတွင်မူ လူနေမှု အဆင့်အတန်း နိမ့်ကျနေဆဲဖြစ်သည်။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

ရန်ကုန်၏ မူလအမည်မှာ ဒဂုံ ဖြစ်သည်။ ရန်တွေကုန်စင်သော အဓိပ္ပါယ်နှင့် အလောင်းမင်းတရားကြီးက ရန်ကုန်ဟု အမည်ပြောင်းလိုက်သည်။ မူလအမည်က ဒဂုံသည် မွန် ဝေါဟာရ ဒဂုင်၊ လွုင် တို့က ဆင်းသက်ပြီး ဒဂုံဖြစ်လာသည်။ ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီးကို ပေးသော ဘွဲ့မည်ဖြစ်သည်။ မွန်ဘုရင်မကြီး ရှင်စောပုက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ က်ျာဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့ ပညာရှင်များက တောင်သုံးလုံးမြို့ဟု အဓိပ္ပါယ်ရသော တိကုမ္ဘနဂရဆိုသည့် ပါဠိဝေါဟာရက ဆင်းသက်ကြောင်း၊ တိကုမ္ဘက တိကုမ်၊ တကုမ်၊ ဒဂုံဟု ပြောင်းလဲလာကြောင်း ဆိုကြသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု အဓိပ္ပါယ်ရသည်။ [၄]

တည်နေရာ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၆ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁ဝ မိနစ် ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်းပဲခူးမြစ်တို့ ဆုံရာအရပ်တွင် တည်ရှိ၍ ပင်လယ်ကူးသင်္ဘောကြီးများသည် ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းသို့အရောက် ဝင်ထွက်သွားလာနိုင်သည်။ ရန်ကုန်မြို့သည် ပြည်တွင်းကျောထောက်နောက်ခံ နယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်လျက် ရှိလေသည်။ တံခါးမကြီးသဖွယ်ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာဌာနလည်း ဖြစ်လေသည်။

သမိုင်း[ပြင်ဆင်ရန်]

ရန်ကုန်မြို့သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈)) လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ဝ အထက်ကစ၍ မြတ်စွာဘုရားသခင်၏ ဆံတော်ဓာတ်မြတ်များနှင့် စပ်လျဉ်းပြီးလျှင် သမိုင်းနှင့် ပေါ်ပေါက်လာခဲ့သော်လည်း ဘုရားဖူးစခန်းအဖြစ်သာ တည်ရှိခဲ့သည်။[၅]

Yangon.1.jpg

အေဒီ ၆ မှ ၁၈ ရာစု[ပြင်ဆင်ရန်]

ရန်ကုန်မြို့ကို အေဒီ ၆ ရာစုနှစ်က အောက်မြန်မာပြည်ကို အုပ်ချုပ်စိုးမိုးခဲ့သော မွန်လူမျိုးများက ဒဂုံအဖြစ် စတင်တည်ထောင်ခဲ့သည်။ မွန်တို့၏ ဟံသာဝတီခေတ် မဂဒူးမင်းဆက် ခေါ် (ဝါရီရူးမင်းဆက်)တွင် (၁၅) ဆက်မြောက်မင်းဖြစ်သော ဘုရင်မကြီး ရှင်စောပု သည် ခရစ်နှစ် ၁၄၆၀ခုနှစ်တွင် ဒဂုံ၌ နန်းတော်တည် စိုးစံတော်မူခဲ့သည်။[၆]

အေဒီ ၁၈ မှ ၁၉ ရာစု[ပြင်ဆင်ရန်]

၁၇၅၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် ထူထောင်သော အလောင်းမင်းတရား သည် ဒဂုံမြို့ကို အောင်နိုင်ပြီး “ရန်ကုန်”ဟု အမည်သတ်မှတ်ခဲ့ပြီး ဒဂုံမြို့ပတ်လည်တွင် တိုးမြင့်၍ အခြေချနေထိုင်မှုများ ပြုလုပ်ခဲ့သည်။

ဗြိတိသျှပိုင်အရှေ့အိန္ဒိယ ကုမ္ပဏီ သည် ၁၇၉၀ ခုနှစ်များတွင် စက်ရုံ တည်ဆောက်ခဲ့သည်။[၇] ၁၈၂၃ ခုနှစ်တွင် လူဦးရေ ၃၀၀၀၀ နေထိုင်ခဲ့သည်။[၈]

ကုန်းဘောင်မင်းဆက် (၁၁) ဆက်မြောက်မင်းဖြစ်သော ဘကြီးတော်ဘုရား လက်ထက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ - ၂၆) တွင် ဗြိတိသျှတို့သည် ရန်ကုန်မြို့ကို အောင်မြင်စွာ သိမ်းပိုက်ခဲ့သော်လည်း၊ စစ်ပြီးသည့်နောက် ရန္တပိုစာချုပ် အရ ရန်ကုန်မြို့ကို မြန်မာတို့လက်ထဲ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ မြန်မာဘုရင် သာယာဝတီမင်း လက်ထက် ၁၈၄၁ ခုနှစ်တွင် ရန်ကုန်မြို့ သည် မီးသင့်ပြီး ပျက်စီးခဲ့သည်။

ကိုလိုနီခေတ် ရန်ကုန် (၁၈၅၂ မှ ၁၉၄၈)[ပြင်ဆင်ရန်]

ဗြိတိသျှတို့ သည် ရန်ကုန်နှင့် အောက်မြန်မာပြည် အားလုံးကို ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်မြန်မာစစ် တွင် သိမ်းယူချုပ်ကိုင်နိုင်ခဲ့သည်။ ထိုအချိန်တွင် ရန်ကုန်မြို့သည် ရွှေတိဂုံဘုရားကို ဗဟိုပြုထားပြီး သေးငယ်သော ငါးဖမ်းရွာလေး တစ်ရွာသာ ဖြစ်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့ကို ဗြိတိသျှဘားမား၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာကျသော မြို့တစ်မြို့အဖြစ် ပြုပြင်ပြောင်းလဲခဲ့သည်။ စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းပုံစံကို အခြေပြု၍ ဗြိတိသျှများသည် ဂရစ်စီမံချက်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသတွင် အရှေ့ဘက်၌ ပုစွန်တောင်ချောင်းငယ်၊ အနောက်ဘက်တွင် ရန်ကုန်မြစ်ကို နယ်နိမိတ်သတ်မှတ်ပြီး မြို့တော်သစ်တစ်ခု တည်ဆောက်ခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှတို့သည် ရန်ကုန် ကောလိပ် (ယခု ရန်ကုန် တက္ကသိုလ်)ကို ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတား တက္ကသိုလ် လက်အောက်ခံ အဖြစ် စတင် တည်ထောင် ခဲ့သည်။

၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် - မြန်မာစစ် တွင် ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို သိမ်းယူခဲ့ပြီးနောက် ရန်ကုန်မြို့သည် အားလုံးသော ဗြိတိသျှဘားမားတို့၏ မြို့တော်အဖြစ် တည်ရှိလာခဲ့သည်။ ၁၈၉၀ ခုနှစ်များတွင် ရန်ကုန်မြို့၏ တိုးပွါးလာသည့် လူဦးရေများနှင့် ကုန်သွယ်မှုတို့သည် တော်ဝင်ကန်(ယခု ကန်တော်ကြီး)နှင့် အင်းယားကန် တို့၏ မြောက်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များတွင် ချမ်းသာကြွယ်ဝသည့် လူနေအိမ်ခြေများကို မွေးဖွားပေးခဲ့သည်။ ဗြိတိသျှတို့သည် ရန်ကုန်အထွေထွေရောဂါကုဆေးရုံ အပါအဝင် ဆေးရုံများနှင့် ကောလိပ်များကိုလည်း တည်ဆောက်ပေးခဲ့သည်။ ကိုလိုနီခေတ်ရန်ကုန်ကို ၎င်း၏ကျယ်ပြန့်သောပန်းခြံများ၊ ရေကန်များ၊ ရောပြွမ်းနေသည့် ခေတ်မီအဆောက်အအုံများနှင့် ရှေးရိုးအတိုင်း သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် ဗိသုကာလက်ရာများတို့ဖြင့် “အရှေ့တိုင်း၏ ဥယျာဉ်မြို့တော်” အဖြစ် သိရှိလာခဲ့ကြသည်။ ၂၀ ရာစုနှစ် အစောပိုင်းတွင် ရန်ကုန်မြို့၌ လန်ဒန်မြို့နှင့် တန်းတူ ပြည်သူလူထု ဝန်ဆောင်မှု လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတို့ ရှိလာခဲ့သည်။

ဒုတိယ ကမ္ဘာစစ် မတိုင်မီက၊ ရန်ကုန်မြို့ရှိ လူဦးရေ ၅၀၀၀၀၀ ၏ ၅၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယ သို့မဟုတ် တောင်အာရှသားများဖြစ်၍ သုံးပုံတစ်ပုံခန့်သည် ဗမာ(ဗမာလူမျိုး)၊ ကရင်၊ တရုတ်၊ အင်္ဂလို ဗမာနှင့် အခြားလူမျိုးများ ဖြစ်ကြသည်။ ပထမ ကမ္ဘာစစ်ပြီးနောက်၊ ရန်ကုန်သည် လက်ဝဲစွန်းရောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး လှုပ်ရှားမှုများ၏ ဗဟိုအချက်အခြာနေရာ ဖြစ်လာခဲ့သည်။ ၁၉၂၀၊ ၁၉၃၆ နှင့် ၁၉၃၈ ခုနှစ်တို့တွင် ဗြိတိသျှအစိုးရအား သုံးကြိမ်တိုင် နိုင်ငံနှင့်အဝှမ်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်သည် (၁၉၄၂ - ၄၅) တွင် ဂျပန်လက်အောက်သို့ ကျရောက်ခဲ့ကာ ဒုတိယကမ္ဘာစစ် အတွင်း ကြီးမားသော ပျက်စီးယိုယွင်းမှုများ ရှိခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ တွင် ဗြိတိသျှအင်ပါယာထံမှ နိုင်ငံ၏လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်နှင့် ရန်ကုန်မြို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့သည်။

လက်ရှိ ရန်ကုန် (၁၉၄၈ မှ ယခု)[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် ဗမာ့လွတ်လပ်ရေးကို ရရှိပြီးလျှင်ပြီးခြင်း၊ ကိုလိုနီအမည်များဖြင့် ခေါ်ဝေါ်ခဲ့သည့်လမ်းများ၊ ပန်းခြံများတို့သည် အမျိုးသားရေးအသွင် ပိုမိုဆောင်သည့် ဗမာအမည်များသို့ ပြောင်းလဲလာခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် လက်ရှိ အာဏာသိမ်း စစ်အစိုးရသည် မြို့တော်၏ အင်္ဂလိပ်အမည်ကို “Yangon” ဟု ပြောင်းလဲခေါ်ဝေါ်စေခြင်းနှင့်အတူ အခြားသော အင်္ဂလိပ်အခေါ်အဝေါ်များကိုလည်း ဗမာအမည်များသို့ ပြောင်းလဲခဲ့သည်။ (စစ်အာဏာရှင် အစိုးရအနေဖြင့် ဤသို့ပြုလုပ်ရန်မသင့်ဟူ၍ ယူဆသူ မြန်မာအများစုက ယင်းသို့ပြောင်းလဲမှုများကို လက်မခံနိုင်ခဲ့ကြသကဲ့သို့၊ များစွာသော ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းများ၊ ဘီဘီစီ အပါအဝင် သတင်းထုတ်ပြန်သူများနှင့် ယူကေ (ဗြိတိန်) နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံခြား တိုင်းပြည်များကလည်း လက်မခံခဲ့ကြပါ။)

မြို့လယ်ခေါင်ရှိ မဟာဗန္ဓုလတံတား

လွတ်လပ်ရေးရသည့် အချိန်မှစတင်၍ ရန်ကုန်မြို့ကို ပြင်ပသို့ချဲ့ထွင်ခဲ့သည်။ အဆက်ဆက်သော အစိုးရများသည် ၁၉၅၀ ခုနှစ်များ၌ သာကေတ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို လည်းကောင်း၊ ၁၉၈၀ ခုနှစ်များ၌လှိုင်သာယာ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို့နယ်တို့ကို လည်းကောင်း တိုးချဲ့ မြို့နယ်သစ်များကို တည်ဆောက်ခဲ့ကြသည်။ ယနေ့ ရန်ကုန်မြို့ကြီးသည် ဧရိယာ စတုရန်းကီလိုမီတာ ၆၀၀ ခန့် ကျယ်ဝန်းသည်။

ဗိုလ်ချုပ်နေဝင်း၏ အခြားနိုင်ငံများတို့၏အရေး၌ မစွက်ဖက်ရေးဝါဒဖြင့် အုပ်ချုပ်မှု (၁၉၆၂ - ၁၉၈၈) အတွင်း၊ ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံ သည် ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း၊ တိုးပွားလာသည့် လူဦးရေနှင့်အညီ မြှင့်တင်နိုင်မှုမရှိခြင်းတို့ကြောင့် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များတွင် လက်ရှိစစ်အစိုးရ၏ ပိုမိုတံခါးဖွင့်လာသည့်ဈေးကွက် မူဝါဒများသည် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မှု ရှိလာခဲ့ပြီး၊ မြို့တော်၏ အခြေခံအဆောက်အအုံကိုလည်း ခေတ်မှီသစ်လွင်မှု၏ မျှတသည့်ပမာဏသို့ ဆောင်ယူလာနိုင်ခဲ့သည်။ မြို့တော်၏ အတွင်းပိုင်းတွင် နေထိုင်သူများကိုလည်း တိုးချဲ့မြို့များသို့ အတင်းအကြပ် လွှဲပြောင်းနေရာ ချထားပေးခဲ့သည်။ များပြားသော ကိုလိုနီခေတ် အဆောက်အအုံများကိုလည်း ဖျက်ဆီးစေ၍၊ မြင့်မားသော ဟိုတယ်များ၊ ရုံးအဆောက်အအုံများ၊ ဈေးရောင်းဆိုင်ခန်းများအတွက် နေရာပေးစေခြင်းဖြင့် မြို့တော်အုပ်ချုပ်သူများသည် ကျော်ကြားထင်ရှားသော ကိုလိုနီခေတ် အဆောက်အအုံ ၂၀၀ ခန့်ကိုလည်း ရန်ကုန်မြို့တော်၏ အမွေအနှစ် စာရင်းသို့ ထည့်သွင်းစေခဲ့သည်။ အဓိက ဆောက်လုပ်မှု အစီအစဉ်များသည် မြို့တော်နှင့် စက်မှုမြစ်ကမ်းပါးဒေသများကို ဆက်သွယ်ပေးသည့် တံတားအသစ်ခြောက်စင်းနှင့် လမ်းမကြီး အသစ် ငါးခုကို ဖြစ်ပေါ်စေခဲ့သည်။ သို့တိုင်အောင် ရန်ကုန်၏ များစွာသော နေရာတို့တွင် အခြေခံ စည်ပင်သာယာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုဖြစ်သည့် ၂၄ နာရီ လျှပ်စစ်ဓာတ်အားနှင့် ပုံမှန်အမှိုက်သိမ်းယူမှုတို့ မရှိသေးပဲ ရှိနေခဲ့သည်။

ရန်ကုန်သည် လွတ်လပ်ရေးရပြီးသည်မှ မျိုးနွယ်စုပြုမှုအရ တိုင်းရင်းသားဒေသခံ ဗမာများ ပိုမိုရှိလာခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် များစွာသော တောင်အာရှသားများနှင့် အင်္ဂလို-ဗမာများ ထွက်ခွါသွားခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များအတွင်း ဗိုလ်ချုပ်နေဝင်း၏ နိုင်ငံခြားသားများကို ကြောက်ရွံ့သောအစိုးရမှဖိအားပေး၍ ပိုမိုများပြားသော တောင်အာရှသားများကို ထွက်ခွာသွားစေခဲ့သည်။ သို့သော်လည်း အတော်အတန်ကြီးမားများပြားသော တောင်အာရှသားများနှင့် တရုတ်လူမျိုးစုများသည် ရန်ကုန်၌ ဆက်လက်နေထိုင်လျက် ရှိနေသည်။ နိုင်ငံမှ ထွက်ခွါသွားခြင်း သို့တည်းမဟုတ် အခြားသော ဗမာအုပ်စုတို့ဖြင့် မျိုးမတူသူများလက်ထပ်မှုပြုခြင်း တို့ကြောင့် အင်္ဂလို-ဗမာများသည် သိသာစွာပျောက်ကွယ်သွားခဲ့ကြသည်။

ရန်ကုန်မြို့သည် ၁၉၇၄၊ ၁၉၈၈နှင့် ၂၀၀၇ ခုနှစ်များတွင် အစိုးရဆန့်ကျင်မှု၊ ကန့်ကွက်ဆန္ဒပြမှုများ၏ ဗဟိုအချက်အခြာဖြစ်ခဲ့သည်။ ဆန္ဒပြသူများအား အစိုးရမှ ပစ်ခတ်မှုပြုတိုင်း သွေးမြေကျမှုများကို မြို့တော်၏ လမ်းများပေါ်တွင် မြင်တွေ့ခဲ့ရသည်။ မေလ ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းနာဂစ်သည် ရန်ကုန်မြို့ သို့ ကျရောက်ခဲ့သည်။ မြို့တော်၌ လူအသေအပျောက် အနည်းငယ်ရှိခဲ့ပြီး လေးပုံသုံးပုံသော ရန်ကုန်မြို့၏ စက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတို့ ဖျက်ဆီးခံရ၍၊ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရသည် ရန်ကုန်မြောက်ဘက် မိုင် ၂၀၀ (၃၂၂ ကီလိုမီတာ) အကွာရှိ နေပြည်တော် ကို အုပ်ချုပ်မှုမြို့တော်အသစ်အဖြစ် သတ်မှတ်၍၊ တစ်ပြိုင်နက်တည်းမှာပင် များစွာသော အစိုးရဌာနများကို အသစ်တည်ဆောက်ပြီးသည့် မြို့တော်သို့ ပြောင်းရွှေ့စေခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ရန်ကုန်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့တော်နှင့် အရေးကြီးဆုံးစီးပွားရေးဗဟိုအချက်အခြာ အဖြစ် ဆက်လက်တည်ရှိနေသည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

ရန်ကုန်မြို့ပြဧရိယာ

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ အောက်ပိုင်းတွင် တည်ရှိပြီး ရန်ကုန်မြစ်နှင့် ပဲခူးမြစ်တို့ စီးဝင်ရာ မုတ္တမပင်လယ်ကွေ့မှ ၃၀ ကီလိုမီတာ or ၁၉ မိုင်ကွာဝေးသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ရန်ကုန်မြို့ဟာ ကိုပင်၏ ဥတုရာသီ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းစနစ်အရ အပူပိုင်းမုတ်သုံရာသီဥတုအတွင်း တည်ရှိသည်။[၉] မြို့တော်တွင် မိုးရာသီကာလသည် ရှည်ကြာလေ့ရှိပြီး မေလမှ အောက်တိုဘာလအထိရှိတက်ကာ မိုးရေအများအပြား ရရှိသည်။ နိုဝင်ဘာလမှ ဧပြီလတိုင်အောင် ခြောက်သွေ့သောရာသီပင် မိုးဖွဲ့များ ကျတက်သေးသည်။ များသောအားဖြင့် ရန်ကုန်၌ မိုးများ သည်းထန်စွာရွာသွန်းခြင်းကို မုတ်သုံရာသီကာလအတွင်း တွေ့ရသည်။ တစ်နှစ်ပြီးတစ်နှစ် ကူးပြောင်းလာသည်နှင့် ရန်ကုန်မြို့၏ အပူချိန်သည် အနည်းငယ်ခြားနားလာတက်ကာ ပျမ်းမျှအမြင့်ဆုံးအပူချိန်သည် ၂၉ to ၃၆ ဒီဂရီ စင်တီဂရိတ် (၈၄ to ၉၇ ဒီဂရီ ဖာရင်ဟိုက်) ထိ ရှိတက်ပြီး ပျမ်းမျှအနိမ့်ဆုံးအပူချိန်သည် ၁၈ to ၂၅ ဒီဂရီ စင်တီဂရိတ် (၆၄ to ၇၇ ဒီဂရီ ဖာရင်ဟိုက်) ထိ ရှိတက်သည်။

ရန်ကုန်မြို့ (၁၉၆၁—၁၉၉၀) အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
စံချိန်တင် အမြင့်ဆုံး °C (°F) 37.8
(100)
38.3
(100.9)
39.4
(102.9)
41.1
(106)
40.6
(105.1)
36.7
(98.1)
33.9
(93)
33.9
(93)
34.4
(93.9)
35.0
(95)
35.0
(95)
35.6
(96.1)
41.1
(106)
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 32.2
(90)
34.5
(94.1)
36.0
(96.8)
37.0
(98.6)
33.4
(92.1)
30.2
(86.4)
29.7
(85.5)
29.6
(85.3)
30.4
(86.7)
31.5
(88.7)
32.0
(89.6)
31.5
(88.7)
32.3
(90.1)
နေ့စဉ် ပျမ်းမျှ °C (°F) 25.1
(77.2)
26.9
(80.4)
28.8
(83.8)
30.7
(87.3)
29.2
(84.6)
27.4
(81.3)
26.9
(80.4)
26.9
(80.4)
27.3
(81.1)
27.9
(82.2)
27.2
(81)
25.3
(77.5)
27.5
(81.5)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 17.9
(64.2)
19.3
(66.7)
21.6
(70.9)
24.3
(75.7)
25.0
(77)
24.5
(76.1)
24.1
(75.4)
24.1
(75.4)
24.2
(75.6)
24.2
(75.6)
22.4
(72.3)
19.0
(66.2)
22.6
(72.7)
စံချိန်တင် အနိမ့်ဆုံး °C (°F) 12.8
(55)
13.3
(55.9)
16.1
(61)
20.0
(68)
20.6
(69.1)
21.7
(71.1)
21.1
(70)
20.0
(68)
22.2
(72)
21.7
(71.1)
16.1
(61)
12.8
(55)
12.8
(55)
ပျှမ်းမျှ မိုးရေချိန် mm (inches) 5
(0.2)
2
(0.08)
7
(0.28)
15
(0.59)
303
(11.93)
547
(21.54)
559
(22.01)
602
(23.7)
368
(14.49)
206
(8.11)
60
(2.36)
7
(0.28)
၂၆၈၁
(၁၀၅.၅၅)
ပျမ်းမျှ မိုးရွာသွန်းရက်များ 0.2 0.2 0.4 1.6 12.6 25.3 26.2 26.1 19.5 12.2 4.8 0.2 129.3
Average relative humidity (%) 62 66 69 66 73 85 86 87 85 78 71 65 74
Mean monthly sunshine hours 300 272 290 292 181 80 77 92 97 203 280 288 ၂၄၅၂
Source #1: World Meteorological Organization,[၁၀] Sistema de Clasificación Bioclimática Mundial (extremes)[၁၁]
Source #2: Danish Meteorological Institute (sun and relative humidity)[၁၂]

မြို့တော်မြင်ကွင်း[ပြင်ဆင်ရန်]

ရန်ကုန်မြို့တိုးတက်လာခြင်း ၁၉၆၃ - ၂၀၀၃

၁၉၉၀ ခုနှစ် အလယ်နှစ်များတိုင်အောင် ရန်ကုန်သည် ပဲခူး၊ ရန်ကုန်နှင့် လှိုင်မြစ်တို့အကြား ရှေးရိုးကျွန်းဆွယ် နှင့်တူသော အသွင်သဏ္ဌာန်ဖြင့် ပင်ကိုယ်အတိုင်း တည်ရှိနေခဲ့သည်။ လူအများအပြား ပြောင်းရွှေ့ဝင်ရောက်လာ ကြသော်လည်း မြို့တော်မှာ အပြင်ဘက်သို့ အနည်းငယ်မျှသာ ပြောင်းရွှေ့မှုရှိသည်။ ၁၉၄၄ ခုနှစ်၏ မြေပုံအနေအထားအရ အင်းယားကန်၏ မြောက်ဘက်တွင် အနည်းငယ်မျှသော ဖွံ့ဖြိုးတိုးတက်မှုသာရှိခဲ့ပြီး၊ ယခုဘိလပ်မြေဖြင့် ဖုံးလွှမ်းထားသော ဧရိယာများ၊ ပြည့်သိပ်နေသော နေအိမ်များသည် ယခင်က ခြုံနွယ် ပိတ်ပေါင်းတို့ဖြင့် ရှိနေခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းနှစ်များမှ စတင်၍ မြို့တော်သည် မြောက်ဘက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိနေသည့် နေရာအထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။ သို့ရာတွင် ထွက်ပေါ်လာသည့် အဖြေမှာ မြို့တော်ကို နောက်ပိုင်းသို့ ဖြန့်ချခြင်းဖြစ်၍၊ မြို့လယ်ခေါင် ဧရိယာကို ပထဝီဝင်အရ ဗဟိုနေရာမှ ရွှေ့ပြောင်းယူခြင်း ဖြစ်သည်။ မြို့တော်၏ ဧရိယာအကျယ်အဝန်းသည် ၁၉၀၁ ခုနှစ်တွင် ရ၂.၅၂ စတုရန်းကီလိုမီတာမှ ၁၉၄၀ ခုနှစ်တွင် ၈၆.၂ စတုရန်းကီလိုမီတာ၊ ၁၉၇၄ ခုနှစ်တွင် ၂၀၈.၅၁ စတုရန်းကီလိုမီတာ၊ ၁၉၈၅ ခုနှစ်တွင် ၃၄၆.၁၃ စတုရန်းကီလိုမီတာနှင့် ၂၀၀၈ ခုနှစ်တွင် ၅၉၈.၇၅ စတုရန်းကီလိုမီတာသို့ တစ်ဖြည်းဖြည်း တိုးမြှင့်လာသည်။

နှစ်အလိုက်ပြောင်းလဲလာသည့် ရန်ကုန်မြို့ပြဧရိယာ အနေအထား
ခုနှစ် ခေတ် ဧရိယာ(စတုရန်းမိုင်)
၁၇၅၅ ရန်ကုန်မြို့စတင်တည်ထောင်စဉ်(အလောင်းမင်းတရားလက်ထက်) နှစ်မိုင်ခန့်(စတုရန်းမိုင်၏ ရှစ်ပုံတစ်ပုံ)
၁၈၅၃ အင်္ဂလိပ်လက်အောက်ကျရောက်စဉ် ၀.၈
၁၉၅၃ ဖဆပလအစိုးရ ၄၇.၅၇
၁၉၇၃ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၈၀.၅၅
၂၀၀၇ ၃၅၂
လက်ရှိ ၃၅၀ ကျော်

ရန်ကုန်မြို့ပြလူဦးရေ[ပြင်ဆင်ရန်]

ခုနှစ် ခေတ် လူဦးရေ
၁၇၅၅ ရန်ကုန်မြို့ကိုစတင်တည်ထောင်စဉ်(အလောင်းမင်းတရားလက်ထက်) ၁၀၀၀၀
၁၈၅၃ အင်္ဂလိပ်လက်အောက်ကျရောက်စဉ် ၄၀၀၀၀
၁၉၅၃ ဖဆပလအစိုးရ ၈၂၅၀၀၀
၁၉၇၃-၁၉၈၈ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၂၀၁၅၂၃၀
၁၉၈၈-၂၀၁၁ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၆၆၀၀၀၀၀
၂၀၁၁-၂၀၁၆ သမ္မတ ဦးသိန်းစိန် အစိုးရ ၇၀၀၀၀၀၀
၂၀၁၆-၂၀၁၈ သမ္မတ ဦးထင်ကျော် အစိုးရ
လက်ရှိ သမ္မတ ဦးဝင်းမြင့် အစိုးရ -

[၁၃]

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

ရန်ကုန်မြို့တော်ခန်းမ

ရန်ကုန်မြို့တော် စီမံခန့်ခွဲခြင်းကိစ္စရပ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Yangon City Development Committee) (YCDC) မှ တာဝန်ယူဆောင်ရွက်သည်။ ရန်ကုန်မြို့တော်၏ မြို့ပြစီမံကိန်းများကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထိန်းကြောင်းဆောင်ရွက်သည်။[၁၄] ရန်ကုန်မြို့တော်ကို ခရိုင်လေးခုအဖြစ် ခွဲခြားထားသည်။ ထိုခရိုင်လေးခုတွင် မြို့နယ်ပေါင်း ၃၃ ခု ပါဝင်သည်။ လက်ရှိ ရန်ကုန်မြို့တော်ဝန်မှာ ဦးမောင်မောင်စိုးဖြစ်သည်။ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများလည်းရှိပြီး မြို့နယ်သာယာလှပရေးနှင့် အခြေခံအဆောက်အအုံလိုအပ်ချက်များကို ကြည့်ရှုဆောင်ရွက်ရသည်။ အောက်ဖော်ပြပါစာရင်းမှာ ရန်ကုန်မြို့တော်တွင် ပါဝင်သောမြို့နယ်များဖြစ်ပြီး တရားစီရင်ပိုင်ခွင့်မရှိသော မြို့သစ်များ မပါဝင်ပေ။

ပညာရေး[ပြင်ဆင်ရန်]

အခြေခံပညာ[ပြင်ဆင်ရန်]

ရန်ကုန်မြို့တော်(မြို့သစ်များ မပါ)တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၃၀ခန့် (ခန့်မှန်း) တည်ရှိသည်။

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရန်ကုန်ရှိ တက္ကသိုလ်များ

ရန်ကုန်တက္ကသိုလ်ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)၊ အဝေးသင်တက္ကသိုလ်(ရန်ကုန်)၊ သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)၊ ဒဂုံတက္ကသိုလ် အစရှိသော အစိုးရပိုင်တက္ကသိုလ်များစွာ တည်ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

အစိုးရဆေးရုံများ[ပြင်ဆင်ရန်]

အစိုးရ အထွေထွေရောဂါကု ဆေးရုံများ[ပြင်ဆင်ရန်]

အစိုးရ အထူးကု ဆေးရုံများ[ပြင်ဆင်ရန်]

အားကစား[ပြင်ဆင်ရန်]

နိုင်ငံတွင်းနှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးနှင့် အခြားအားကစား ပြိုင်ပွဲများ ကျင်းပလေ့ရှိသော သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း၊ အောင်ဆန်းအားကစားကွင်း၊ ပဒုမ္မာ အားကစားကွင်း၊ စလင်း အားကစားကွင်း တည်ရှိသည်။ ၁၉၆၁ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် နှင့် ၁၉၆၉ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် ကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း တွင် ကျင်းပခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်စတင် တည်ထောင်ခဲ့စဉ်ကတည်းက ပါဝင်ခဲ့သော ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း ရန်ကုန်မြို့၏ မြို့ခံအသင်းတစ်သင်း ဖြစ်သည်။

ညီအစ်မမြို့တော်[ပြင်ဆင်ရန်]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. (May 2015) Census Report, The 2014 Myanmar Population and Housing Census 2. Naypyitaw: Ministry of Immigration and Population, 31။ 
  2. "Burma's new capital stages parade"၊ BBC News၊ 27 March 2006။ 3 August 2006 တွင် ပြန်စစ်ပြီး 
  3. Martin၊ Steven။ "Burma maintains bygone buildings"၊ BBC News၊ 30 March 2004။ 22 May 2006 တွင် ပြန်စစ်ပြီး 
  4. မောင်ခင်မင် (ဓနုဖြူ)
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  6. Imperial gazetteer of India
  7. "Rangoon City", Imperial Gazetteer of India, Oxford: Clarendon Press, 1908
  8. Jedidiah Morse; Richard C. Morse (1823), "Rangoon", A New Universal Gazetteer (4th ed.), New Haven: S. Converse
  9. Peel, M. C. and Finlayson, B. L. and McMahon, T. A. (2007). "Updated world map of the Köppen–Geiger climate classification". Hydrol. Earth Syst. Sci. 11: 1633–1644. doi:10.5194/hess-11-1633-2007. ISSN 1027-5606. 
  10. World Weather Information Service – Yangon။ World Meteorological Organization။ 8 May 2012 တွင် ပြန်စစ်ပြီး။
  11. Burma (Myanmar) - Rangun (in Spanish)။ Centro de Investigaciones Fitosociológicas။ February 23, 2013 တွင် ပြန်စစ်ပြီး။
  12. Myanmar - Rangoon (in Danish)။ Climate Data for Selected Stations (1931-1960)။ Danish Meteorological Institute။ Archived from the original on April 27, 2013။ February 23, 2013 တွင် ပြန်စစ်ပြီး။
  13. http://www.news-eleven.com
  14. Yangon။ Asian Network of Major Cities 21။ Archived from the original on 20 June 2006။ 13 August 2006 တွင် ပြန်စစ်ပြီး။
  15. http://7daydaily.com/story/116216
  16. ဒေါ်ခင်ကြည်ဆေးရုံ၌ ကလေးမွေးဖွားမှုနှင့် ပတ်သက်သော ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်ပေးမည်ဖြစ်ပြီး အတွင်းလူနာ ၄၀ အထိ လက်ခံကုသမည် – Eleven Media Group

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]