ဘင်္ဂလားဒေ့ရှ်နိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဘင်္ဂလားဒေရှ်ပြည်သူ့သမ္မတနိုင်ငံ
গণপ্রজাতন্ত্রী বাংলাদেশ
ဂိုနိုပြိုဇာတုန်တြီ ဘန်ဂ္လာဒေရှ်
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်သီချင်း: အမား ရှိုနာ ဘန်ဂလာ
(တို့ရွှေဘင်္ဂလီ)
မြို့တော်
နှင့် အကြီးဆုံးမြို့
ဒါကာမြို့
ရုံးသုံးဘာသာများ ဘင်္ဂါလီဘာသာ
လူမျိုးများ ဘင်္ဂလီ (၉၈%)
ကိုးကွယ်ယုံကြည်မှု အစ္စလာမ် (၉၀%), ဟိန္ဒူ (၉.၂%), ဗုဒ္ဓ (၀.၇%), ခရစ်ယာန် (၀.၃%)
အစိုးရ ဂုဏ်ထူးဆောင် သမ္မတနှင့် ပါလီမန်ဒီမိုကရေစီ စနစ်
 •  သမ္မတ Iajuddin Ahmed
 •  ဝန်ကြီးချုပ် လပ်
 •  Chief Adviser Fakhruddin Ahmed
ထူထောင်ရေး
 •  from Pakistan (declared) ၂၆ မတ် ၁၉၇၁ 
 •  အောင်ပွဲနေ့ ၁၆ ဒီဇင်ဘာ ၁၉၇၁ 
ဧရိယာ
 •  စုစုပေါင်း ၁၄၇,၅၇၀ km² (၅၅,၅၉၉ sq mi) (အဆင့်: ၉၄)
 •  ရေဖုံးလွှမ်းမှု (%) ၇.၀
လူဦးရေ
 •  ခန့်မှန်း ၁၅၀,၄၄၈,၃၄၀ (အဆင့် - )
 •  လူဦးရေသိပ်သည်းမှု ၁၀၄၅/km² (၂,၇၀၆/sq mi)/km2 (အဆင့် - ၁၁)
ဂျီဒီပီ  (ပီပီပီ)) ခန့်မှန်း
 •  စုစုပေါင်း $၂၂၂.၄ billion (အဆင့် - ၄၈)
 •  Per capita $၁,၃၇၄ (အဆင့် - ၁၄၈)
HDI ၀.၅၄၇ (အလယ်)
(အဆင့် - ၁၄၀)
ငွေ Taka (BDT "৳", "৲")
Calling code +၈၈၀
Internet TLD .bd


အမည်ရင်းမြစ်[ပြင်ဆင်ရန်]

သမိုင်း[ပြင်ဆင်ရန်]

နိုင်ငံရေးနှင့် အစိုးရ[ပြင်ဆင်ရန်]

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ[ပြင်ဆင်ရန်]

Main articles: Foreign relations of Bangladesh and Bangladesh Armed Forces

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့် အထူးသဖြင့် ကုလသမဂ္ဂ၌ ကောင်းမွန်သောနိုင်ငံခြားရေးမူဝါဒကို ကြိုးပမ်းသည်။ ၁၉၇၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Commonwealth of Nations နှင့်ကုလသမဂ္ဂ တို့၌ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး နှစ်ကြိမ်တိုင် ၁၉၇၈-၁၉၇၉ နှင့် ၂၀၀၀-၂၀၀၁ ခုနှစ်များတွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ၁၉၈၀ ခုနှစ်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တောင်အာရှနိုင်ငံများ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော South Asian Association for Regional Cooperation (SAARC) တွင်အဓိကတည်ထောင်ဦးဆောင်သော နိုင်ငံဖြစ်ခဲ့သည်။ ပြီးခဲ့သော ခုနှစ်ပိုင်းများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးမှုဝါဒသည် တောင်အာရှတွင်း ဒေသများနှင့်သာမက အခြားအိမ်နီးချင်းနိုင်ငံများနှင့်ပါစီးပွားရေး ပူးပေါင်းမှု လုပ်ကိုင်ရန် မျှော်မှန်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အရေးကြီးဆုံးနှင့် ရှုပ်ထွေးသောသံတမန်အဆက်အဆံရှိသူမှာ အိန္ဒိယနိုင်ငံ၊ India ဖြစ်သည်။ သမိုင်းများအရသော်လည်းကောင်း ယဉ်ကျေးမှုအရသော်လည်းကောင်း အဆက်အဆံ ရှိခဲ့ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပါကစ္စတန်မှလွတ်မြောက်အောင် အိန္ဒိယ၏ ပါဝင်ခဲ့မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့သည်။ ပြည်တွင်းနိုင်ငံရေးဆွေးနွေးမှု များတွင်လည်းအရေးပါလာစေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံကြားဆက်ဆံရေးသည် (relationship with India) လွတ်လက်ရေးတိုက်ပွဲ (Independence War) နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံ၏ ကူညီမှုများကြောင့်အကောင်းမြင်မှုများဖြင့် စတင်ခဲ့သည်။ နှစ်ကာလအတန်ကြာသောအခါ နှစ်နိုင်ငံဆက်ဆက်ရေးသည် ကိစ္စအမျိုးမျိုးကြောင့် မတည်ငြိမ်ခဲ့ပေ။ အဓိကနှစ်နိုင်ငံ တင်းမာမှုဖြစ်သည်မှာ ဖရဖ်ခ ဆည် Farakka Dam ကြောင့်ဖြစ်သည်။ ၁၉၇၅ တွင် အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နမိတ်နှင့် ၁၀.၃ မိုင်(၁၆.၆ ကီလိုမီတာ)အကွာ ဂန်းဂျီဇ် မြစ် Ganges River ပေါ်တွင် ဆည် ဆောက်လုပ်ခဲ့သည်။ဆည်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လိုအပ်သောရေပမာဏ တို့ကို လမ်းလွဲသွားစေပြီး နိုင်ငံမှခံစားနေရသောသဘာ၀ဘေးအန္တရယ်ကိုသာမက လူလုပ် ဘေးအန္တရယ်ကိုတိုးလာစေသည်ဟုဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပြခဲ့သည်။

သို့ဖြစ်ပင်စေကာမူ၊ နှစ်နိုင်ငံဒေသတွင်း လုံခြုံရေး၊ ၊ တောင်အာရှစီးပွားရေး ပှုပေါင်းလုပ်ကိုင်မှုများ အတွက် ကောင်းမွန်သောဆက်ဆံရေး ဖြစ်ပေါ်ရန် အရေးကြီးကြောင်း ရိပ်စားမိကြသည်။ ၂၀၀၉ တွင်၊ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့များသည် နိုင်ငံနယ်နမိတ် ဒေသများတွင် ပုန်းအောင်းနေသော အိန္ဒိယနိုင်ငံသား သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ပြီး ခေါင်းဆောင်များကို ဖမ်းဆီးကာနိုင်ငံမှနှင်လွှတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ သည် နီပေါ ၊ ဘူတန် တို့နှင့်အတူ ဒေသတွင်းအဆက်အဆံရှိရေးနှင့် စီးပွားရေးပူပေါင်းလုပ်ဆောင်မှုများ ဖွံဖြိုးလာရန် သဘောတူထားခဲ့ကြသည်။အိန္ဒိယအေ့ရှပိုင်း ပြည်နယ်များ သာမက နီပေါ (Nepal) နှင့် ဘူတန် (Bhutan) တို့ကလည်းပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ချီတဂုံ Chittagong နှင့် မွန်ဂ်လ Mongla ဆိပ်ကမ်းတို့ကို ဝင်ရောက် လိုကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People's Republic of China) နှင့် အလွန်နွေးထွေးသောဆက်ဆံရေးကို နှစ်သက်ခဲ့သည်။ အထူးသဖြင့် လွန်ခဲ့ပြီးသော ဆယ်စုနှစ်များတွင် စီးပွားရေးပူပေါင်းဆောင်ရွက်မှုများ နှစ်နိင်ငံကြား တိုးမြင့်ခဲ့သည်။၂၀၀၆-၂၀၀၇ ခုနှစ်များတွင် နှစ်နိင်ငံကြားကုန်သွယ်မှုသည် ၂၈.၅ % ထိတိုးတက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့၏ အမျိုးမျိုးသော ကုန်ပစ္စည်းတို့သည် တရုတ်ဈေးကွက်တွင်အခွန်ကင်းလွတ်ခွင့် သဘောတူညီမှု ရရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်စစ်တပ် (Military of Bangladesh) နှင့် လွတ်မြောက်ရေး တပ်မတော် (People's Liberation Army) ပူးပေါင်းမှုမှာ စစ်တပ်ပှုးပေါင်းမှု သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းနှင့် အတူ မြင့်တက်ခဲ့သည်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံမှ လက်နက်ငယ်သာမက တရုတ်နိုင်ငံလုပ် သေးငယ် မြန်ဆန်သော ဒုံးပစ်ရေယဉ် Type 053H1 ကဲ့သို့ ကြီးမားသော တိုက်ရေယဉ်များအထိ ဝယ်ယူခဲ့သည်။

Foreign Minister of Bangladesh Dipu Moni and US Secretary of State Hillary Clinton at the State Department in 2011.

အမေရိကန်နိုင်ငံ(United States) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဖွဲ့ဖြိုးတိုးတက်မှု အဓိက မိတ်ဖက်နိုင်ငံဖြစ်ပြီး ၁၉၇၂ ခုနှစ်ကတည်းက ယနေ့အထိ သန်း ၆၀၀၀ ကျော်ညီမျှသော ထောက်ပံ့မှုများ ပေးခဲ့သည်။ အမေရိကန်ကုမ္မဏီ များသည် ရှပ်ဖ်ဖရွမ် Chevron နှင့် ကိုနိုကိုဖီးလစ် ConocoPhilips တို့၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘာ၀ဓာတ်ငွေ့လုပ်ငန်းများတွင် အဓိက ရင်းနှီးမြုပ်နှံမှုများနှင့်အတူ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ ဖြစ်ကြသည်။ အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထွက်ကုန်များအတွက်လည်း အကြီးမားဆုံး ဈေးကွက်တစ်ခု ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အမေရိကန် ဦးဆောင်သော (US-led coalition) ၁၉၉၁ အတောအတွင်း ကူဝိတ် (Kuwait) လွတ်မြောက်ရေး တိုက်ပွဲ၊ ဂန္တာရ မုန်တိုင်း စစ်ဆင်ရေး 1991 Gulf War တွင်ပါဝင်ပူးပေါင်းခဲ့ပြီး အမေရိကန် ဦးဆောင်သော အာဖန်နစ်စတန် (Afghanistan) ၏ ပြန်လည်ထူထောင်ရေးတွင်ထောင်ပံ့ပေးခဲ့သည်။ အမေရိကန် စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၁၉၉၁ ဘင်္ဂလားဒေ့ရှ် ဆိုင်ဂလုံး 1991 Bangladesh cyclone နှင့် ဆိုင်ဂလုံး ဆီဒါ Cyclone Sidr ဝင်ရောက်မှုတို့အပါအဝင် လွန်စွာဆိုးရွားခဲ့သော အမျိုးမျိူးသော ရေလွှမ်းမှုများ နှင့် ဆိုင်းဂလုန်း ဝင်ရောက်ခဲ့မှုများ အတွက် ဘေးအန္တရာယ် ထိန်းချုပ်မှု နှင့် ဆေးဝါး နှင့် အစားသောက် ထောက်ပံ့မှုများတွင်လည်း ပါဝင်ခဲ့ကြသည်။

၂၀၁၂ နှစ်တွင်၊ စစ်တပ်တောင့်တင်းမှုမှာ ကျည်းတပ် ၃၀၀,၀၀၀ နီးပါး၊ လေတပ် ၂၂,၀၀၀ နှင့် ရေတပ် ၁၉,၀၀၀ ရှိသည်။ ထို့အပြင် စစ်တပ်သည် ဖြစ်ရိုးဖြစ်စဉ် ကာကွယ်မှုအပိုင်းများအရ မြို့ပြအုပ်ချုပ်သူများကို ဘေးအန္တရာယ်မှကင်းလွတ်ရေး၊ နိုင်ငံ ဆူပူအုံကြွမှုတွင် ပြည်ထဲရေး လုံခြုံရေး အတွက် တာဝန်ယူပေးရသည်။ ယခုအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်နွဲနေသော စစ်ပွဲမရှိပေ။သို့သော် ၁၉၉၁ခုနှစ် ဂန္တာရ မုန်တိုင်း စစ်ဆင်ရေး Operation Desert Storm တွင် စစ်သား ၂,၃၀၀ ပါဝင်ပူးပေါင်းခဲ့ပြီး ကုလသမ္မဂ ငြိမ်းချမ်းရေးမှု ထိမ်းသိမ်းရေး အင်အားစု UN peacekeeping forces တွင် စစ်သား ၁၀,၇၃၆ ပါဝင် ထောက်ပံ့ခဲ့ပြီး ကမ္ဘာ့ပေါ်တွင် အရေအတွက် အများဆုံးပူးပေါင်းပါဝင်သူ ဖြစ်သည်။ မေလ၊ ၂၀၀၇ ခုနှစ်တွင် အဓိက စစ်တပ် ရွေ့ပြောင်းမှုများသည် ကွန်ဂို(Democratic Republic of Congo) ၊ လိုင်ဘီးရီးယား ၊ စူတန် (Sudan) ၊ တီမော-လပ်စ်တီ (Timor-Leste) နှင့် ကုတ်တဘွား (Côte d'Ivoire) တို့တွင်ရှိခဲ့သည်။

ပြည်နယ်များ[ပြင်ဆင်ရန်]

ပထဝီနှင့် ရာသီဥတု[ပြင်ဆင်ရန်]

စီးပွားရေး[ပြင်ဆင်ရန်]

လူဦးရေပျံနှင့် နေထိုင်မှု[ပြင်ဆင်ရန်]

ဘင်ဂါလီလူမျိုးများအများစု​နေထိုင် ကျသည်။

အယူဘာသာများ[ပြင်ဆင်ရန်]

အစ္စလာမ်ဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

အားကစား[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ရည်ညှန်းချက်များ[ပြင်ဆင်ရန်]

ပြည်ပဆက်သွယ်ရေး[ပြင်ဆင်ရန်]